Saturday, December 14, 2013

ရှေ့နေအသင်း ဖွဲ့စည်းပုံသဘောထားခရီးစဉ် ရန်ကုန်တွင် ရှင်းလင်း


မစ်ကြီးနား၊ ဟားခါး၊ မုံရွာ၊ မကွေး၊ စစ်တွေ၊ ပုသိမ်နဲ့ ထားဝယ်မြို့တွေမှာ ဖွဲ့စည်းပုံဆိုင်ရာ အမြင်သဘောထားတွေ ကောက်ယူနေတဲ့ မြန်မာနိုင်ငံ ရှေ့နေအသင်းက သူတို့ရဲ့ ဒုတိယမြောက် ခရီးစဉ်မှာ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့ အချက်တွေကို ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
သမ္မတအရည်အချင်းသတ်မှတ်မှု ဒီမိုကရေစီစံနှုန်းတကျဖြစ်ဖို့၊ တရားစီရင်ရေးမှာ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာတွေကို စီရင်ဆုံးဖြတ်နိုင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ အကြံပြုလွှာတွေ ရရှိခဲ့တယ်လို့ ဦးကျော်မင်းစံက ဆိုပါတယ်။

မြန်မာနိုင်ငံ ရှေ့နေအသင်းအနေနဲ့ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ကော်မတီကို ပထမအကြိမ် အကြံပြုလွှာ ၂၃၃စောင်ပေးခဲ့သလို အခု ဒုတိယအကြိမ်အဖြစ် နောက်ထပ် ၂၄၆စောင်ကို ထပ်ပို့သွားမယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးဟောပြောမှုတွေ လုပ်ရတဲ့အဓိကအကြောင်းရင်းကတော့ ကျေးလက်ဒေသတွေက ပြည်သူတွေ ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်တွေကို နားလည်စေချင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။


Posted by

 http://layuethonthon.blogspot.com

No comments:

Post a Comment