Friday, December 27, 2013

ကမ္ဘာ့ဒုတိယ အကြီးဆုံး ငါး - Basking Fish

 
Basking Fish - နေပူဆာလုံ ငါးလို့ ခေါ် ပါတယ်။ ရေပြင် အထက်ကို တက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။
ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါ တယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။

ထူးခြားချက်ကတော့ ပါးစပ်အင်မတန်ကြီးမားပြီး အရိးအဆင်းကြောင်းများ သိသိသာသာပေါ်နေမှုဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို Bone Fish ( အရိုးငါး) လို့လည်း ခေါ်ပါတယ်။ နေပူဆာလုံတယ်ဆိုပေမယ့် သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၂၉၉၀ မှာ အသက်ရှင် နေထိုင်သွား လာ တတ်တဲ့ ငါးများ ဖြစ်ပါတယ်။
ဆင်ဝေလငါးမန်းလို့လည်းခေါ်ဆိုပြီး သူ့အသား၊ တောင်ပံ၊ အမြီး အစရှိသဖြင့် တို့ကို ဆေးဖတ်ဝင် တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်း ကာကွယ်ပေး ရမယ့် ငါးမျိုးစိတ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ --

အောင်ခမ်း ( ရိုးရာလေး )

http://layuethonthon.blogspot.com

No comments:

Post a Comment