သူမတူအောင် ဆန်းကြယ်ပြီး အမြဲလိုပင် ဝတ်စုံ အဆန်းအပြားများကို တီထွင်
ဝတ်ဆင်လေ့ ရှိသည့် နိုင်ငံကျော် အဆိုတော် လေဒီဂါဂါ သည် Jingle Bell Ball
ဖျော်ဖြေ ပွဲ သို့ ခရစ္စမတ်သစ် ပင်ပုံ ဦးထုပ်ကို ဝတ်ဆင်လျက် တက်
ရောက်ဖျော်ဖြေခဲ့သည်။
လန်ဒန်ရှိ O2 အားကစား ကွင်း၌ ကျင်းပခဲ့သည့် အဆိုပါ ဖျော်ဖြေပွဲသို့
ထင်းရှူးပင်များနှင့် ဆင်ယင် ထားသည့် ခရစ္စမတ် ဦးထုပ်ကို ဆောင်းကာ တက်
ရောက်လာခဲ့ သည့် လေဒီ ဂါဂါသည် အစိမ်းရောင် ဆံပင်တုနှင့် အနီရဲရဲ ဝတ်စုံ
ကိုလည်း ဆင်မြန်းထား ခဲ့သည်။
ထို့အပြင် သူမ၏ နာမည်ကျော် သီချင်း တစ်ပုဒ်ဖြစ်သည့် ‘Poker Face’ ဖြင့်
ဖျော်ဖြေပြီးနောက် ”ဒီသီချင်းဟာ တကယ့် အမှန်တရားလား ဆိုတာ ဘယ် သူသိသလဲ”ဟု
ပရိသတ်ကြီး ထံသို့ လှမ်း ၍မေးခဲ့ ပါသေးသည်။ ၄င်းကပင် ဤပွဲ သို့ လာရောက်
ဖျော်ဖြေရသည့် အတွက် အလွန်ပင် စိတ်လှုပ်ရှားကြောင်း ထပ်မံ ပြောကြား ခဲ့သည်။
Ref=Popular News Journal
http://layuethonthon.blogspot.com
No comments:
Post a Comment