မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။
ရှက်တာဒိုးနက်ကို တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင်
အနိုင်ဂိုးရစေမည့် ထောင့်ကန်ဘော ကန်တင်ရာမှာတစ်ဆင့် ဗန်ပါစီ
ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့်
မန်ယူအသင်း၏ပွဲစဉ်(၇)ပွဲအထိ အနားယူရဖွယ်ရှိနေသည်။ ထို့အပြင် မန်ယူနည်းပြ
မိုရက်စ်ကလည်း ရွန်နီနှင့်တွဲဖက်၍ ခြေစွမ်းပြနေသည့် ဗန်ပါစီ
အနားယူရခြင်းမှာ မိမိတို့အသင်းအတွက် ကံဆိုးမှုတစ်ရပ်ဖြစ်ကြောင်း
ဖွင့်ဟသွားသည်။
“ရှက်တာဒိုးနက်နဲ့ပွဲမှာ အနိုင်ဂိုးရစေမယ့် ထောင့်ကန်ဘော
ကန်တင်ရာကတစ်ဆင့် ဗန်ပါစီ ပေါင်ကြွက်သား ဒဏ်ရာရခဲ့ပြီး အဲဒီအတွက် တစ်လကြာ
အနားယူရပါတော့မယ်။ ရွန်နီနဲ့ ဗန်ပါစီနှစ်ဦးပေါင်း
စွမ်းဆောင်မှုကောင်းနေချိန်မှာ ဗန်ပါစီ ဒဏ်ရာရသွားတာ ကျွန်တော်တို့
အသင်းအတွက် ကံဆိုးမှုတစ်ရပ်ပါပဲ”
ဟု မိုရက်စ်က ပြောသည်။ မန်ယူမှာ
အဲဗာတန်၊ နယူးကာဆယ်တို့နှင့် ပွဲစဉ်များတွင် အိမ်ကွင်း(၂)ပွဲဆက်
ရှုံးနိမ့်ခဲ့ပြီး လာမည့် တနင်္ဂနွေနေ့တွင် ဗီလာနှင့် အဝေးကွင်းပွဲစဉ်
ကစားရန်ရှိနေသည်။
zaw zaw tun
ရိုးရာလေး
No comments:
Post a Comment