Wednesday, July 31, 2013

မလေးရှားမှ တင်သွင်းသော Nissan ကား အရောင်းပြခန်း ရန်ကုန်တွင် ဖွင့်လှစ်

မြန်မာ့စီးပွားရေး တိုးတက်လာမှုတွေကြောင့် ဈေးကွက်သစ်တစ်ခုအဖြစ်အရေးပါတဲ့ Nissan မော်တော်ကားတွေကို မြန်မာနိုင်ငံကိုတင်သွင်းရောင်းချရတာဖြစ်တယ်လို့ ဇူလိုင် ၃၁ရက်နေ့ ကားပြခန်းဖွင့်ပွဲမှာNissan ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။

 Posted by

မြန်မာ့ကျန်းမာရေး အလားအလာကောင်း

 
HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် ရောဂါ ၃ မျိုး ရန်ပုံငွေအဖွဲ့ကြီးက  အခုအခါမှာ ထောင်စုနှစ် ကျန်းမာရေး ပန်းတိုင် အသွင်ပြောင်းပြီး  ကူညီထောက်ပံ့မှုတွေ ပေးလာတာမို့  အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍဟာ တိုးတက်မှုတွေ ရှိလာနိုင်တော့မယ်လို့  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။

ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခ အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့ထက် ဈေးကြီး

 
ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခ ဈေးနှုန်းမှာ အမေရိကန်နိုင်ငံ၊ မန်ဟက်တန်မြို့ထက် ဈေးကြီးမြင့်နေကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လေကြောင်းပို့ဆောင်ရေး မူဝါဒတစ်ခု လိုအပ်နေကြောင်း နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ ပြောကြား

 

 ပြည်တွင်းတွင် ပြေးဆွဲနေသော လေယာဉ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA)က မြန်မာနိုင်ငံတွင် အမျိုးသား လေကြောင်းပို့ဆောင်ရေးဆိုင်ရာ မူဝါဒတစ်ခု လိုအပ်နေကြောင်း ပြောဆိုခဲ့သည်ဟု Channel News Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
Channel News Asia သတင်းဌာန၏ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းချက်ကို အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့က ဖြေကြားရာတွင် လေကြောင်းပို့ဆောင်ရေး မူဝါဒ ရေးဆွဲရာတွင် ခန့်မှန်းလေကြောင်း ဖွံ့ဖြိုးမှု၊ လေ့ကျင့်သင်ကြားပေးမှုများနှင့် အစိုးရ လုပ်ထုံးလုပ်နည်းများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်သည်ဟု ဆိုသည်။

ပန်းတနော်မှာ ရွာသား ၂၇ ဦး ဖမ်းဆီးခံရ


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ခနွဲကဗိုရွာမှာ ဖိုးလမင်းကုမ္ပဏီက လုပ်ကိုင်နေတဲ့အင်းတွေမှာ ဒေသခံရွာသားတွေ ဝင်ရောက်လုပ်ကိုင်တဲ့အပေါ် အဲဒီကုမ္ပဏီက တရားစွဲဆိုတာကြောင့် ဒီကနေ့ရွာသားတွေက ပန်းတနော်မြို့နယ်ရဲစခန်းမှာ သွားရောက်ဖြေရှင်းရာကနေ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
အခုလို အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး သွားရောက် ဖြေရှင်းရာမှာ လိုက်ပါသွားတဲ့ ဒေသခံ ဒေါ်စန်းစန်းအေးက အခုလိုပြောပါတယ်။

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် ဒဏ်ကြေးငွေကို မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ရန် လျာထား

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသော ကိုသီဟမောင်မောင်က The Daily Eleven သို့ ပြောကြားသည်။
"သူတို့ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့ကျွန်တော် ပူထရာဂျာရာသွားတော့ ရင်းဂစ် ၄၀၀ နဲ့ လုပ်ပေးဖို့ လျာထားဆောင်ရွက် နေတယ်လို့ ပြောပါတယ်" ဟု ကိုသီဟမောင်မောင်က ပြောကြားသည်။

Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ

 
 Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ
---------------------------------------------------------

ဒီ Post ကိုမေးထားတဲ့သူအတွက်တင်ပေးလိုက်တာပါ ၊ တော်တော်များများအတွက်လဲအသုံးဝင်လိမ့်မယ်လို့လဲထင်ပါတယ်။ ပြီးတော့ဒီ Post ဟာ Beginner
များအတွက်ရည်ရွယ်ထားတဲ့ အခြေံနားလည်စေရန်ရှင်းပြထားရုံသက်သက်
သာဖြစ်ပါတယ်။

မြန်မာ့ကြွေး ဒေါ်လာသန်း ၅၅၀ လျှော်ဖို့ ပြင်သစ်သဘောတူ

(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

မြန်မာနိုင်ငံက ပြင်သစ်နိုင်ငံကို ပေးဆပ်ဖို့ ကျန်ရှိသေးတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို အတိုးနှုန်း ၂ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်အတွင်း အရစ်ကျ ပြန်ပေးဆပ်သွားဖို့ သဘောတူလိုက်ကြပါတယ်။ ပြင်သစ် ပြည်ပ ကုန်သွယ်ရေးဝန်ကြီးရဲ့ မြန်မာ နိုင်ငံခရီးစဉ်အတွင်း အင်္ဂါနေ့က အဲဒီလို သဘောတူလက်မှတ် ရေးထိုးခဲ့ကြတဲ့ထဲမှာ စုစုပေါင်းကြွေးမြီရဲ့ ၅၀ ရာခိုင်နှုန်း သန်း ၅၅၀ ကို လျှော်ပစ်ပေးထားခဲ့တာနဲ့ ပတ်သက်တဲ့ တရားဝင် သဘောတူညီ ချက်လည်းပါဝင်ပါတယ်။  ဒီအခြေအနေတွေ အပါအ၀င် ပြင်သစ်- မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကလေးများအတွက် ဖုန်း 1st phone

ဗြိတိန်အခြေဆိုက် Ownfone အမည်ရ ကုမ္မဏီမှ တီထွင် ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။ ကလေးများအတွက်သာ ရည်ရွယ် ထားခြင်း ဖြစ် ပါတယ်။

စင်ကာပူနှင့် ချိတ်ဆက်သင်ကြားမည့်ကောလိပ် ရန်ကုန်တွင်ဖွင့်ပြီ

စင်ကာပူနိုင်ငံ SDH Institute ကျောင်းနှင့်ချိတ်ဆက်သင်ကြားမည့် ပုဂ္ဂလိက နိုင်ငံတကာကောလိပ် သစ်တစ်ခုကို ရန်ကုန်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကောလိပ်မှာ Temasek International Collage ဖြစ်ပြီး ယင်းကောလိပ်သို့ စက်တင်ဘာ ၂ ရက်တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုအတွက် ကျောင်းသားဦးရေ ၂၅ ဦးခန့်သာ လက်ခံသွားမည်ဖြစ်ကြောင်း ယင်းကောလိပ်၏ စင်တာဒါရိုက်တာဖြစ်သူ Ms.Carine Leport ကပြော သည်။

ပြည်သူများသို့ အသိပေးခြင်း (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း)


 

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

Huawei U8825-1 ကို root လုပ်နည်း

Huawei မှ ထုတ်လုပ်သော စင်္ကာပူ ဘက်က ပတ်ဝင်လာတဲ့ U8825-1 ကို ဈေးကွက်မှာ ဈေးတန်း ၂ မျိုးဖြင့် တွေ့ရပါတယ်။ root လုပ်လို့ရသည့် အမျိုးအစားနှင့် root လုပ်မရသည့် အမျိုးအစား ဟူ၍ ဈေးကွာခြားချက်ရှိပါသည်။ အခု ကျွန်တော် ပြောပြပေးမည့် နည်းကတော့ U8825-1 root လုပ်၍ မရသည့် ဖုန်းများ ကို root လုပ်နည်းဖြစ်ပါတယ်။

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်

လက်ဝဲအတွေးအခေါ် ကမ္ဘာမှာပြိုလဲကျနေတဲ့အချိန်နဲ့ အံကိုက် မြန်မာပြည်သူတွေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ
့ ထီးနန်းကို အုံနဲ့ကျင်းနဲ့ ရိုက်ချိုးလိုက်တဲ့ ဖြစ်စဉ်ကြီးရဲ့ အစဟာ ကျောင်းသားနဲ့ အရပ်သားကြား စတင်ခဲ့တဲ့ သာမန်ရန်ပွဲလေးတစ်ခုကပဲ ဖြစ်ပါတယ်။

Posted by

အင်တာနက် Speed ကို 1200% ထိ မြှင့်တင်ပေးမဲ့ .NETSpeedBoost ( Speed Up to 1200% Faster)


 

အင်တာနက် Speed ကို 1200% ထိ မြှင့်တင်ပေးနိုင်တယ်လို့  အတိအလင်း ဆိုထားပါတယ်.... ဘာပဲဖြစ်ဖြစ် ဖိုင်လ်ဆိုက်ဒ်လေးကလည်း 1MB တောင်မပြည့်တာမို့ ဒေါင်းယူစမ်းသပ်ကြည့်လိုက်တာ မမှားပါဘူးဗျာ.....

English-Myanmar Dictionary v1.0.0.4 Free Version

အတော်လေးကို ပြည့်စုံကောင်းမွန်တဲ့ English to Myanmar Dictionary လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ အခု Dictionary လေးမှာတော့ စကားလုံးစုစုပေါင်း 29618 လုံးတိတိထည့်သွင်းထားတဲ့အတွက် တော်တော် စုံလင်တယ်လို့ပြောလို့ရပါတယ်ဗျာ။ English စကားလုံးတစ်ခုရဲ့ ဘာသာပြန်တင်မကဘဲ အသံကိုပါထွက်ဆို နိုင်ပါတယ်ဗျာ။ အခု Dictionary ကိုတော့ မြန်မာ Programmer ဖြစ်တဲ့ Nyein Chan ကရေးသားထားတယ်လို့ သိရပါတယ်။

ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်း စစ်တွေအနောက်ဘက်ကို ဗဟိုပြုနေ

ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အားကောင်း လာရာက မုန်တိုင်းငယ်အဖြစ်ရောက်ရှိသွားပြီး မြန်မာနိုင်ငံ စစ်တွေမြို့ရဲ့ အနောက်ဘက် မိုင်း ၃၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ဒီကနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်ကို ထုတ်ပြန်ထားပါတယ်။ 

 တနေ့က ရေနစ်မြုပ်နေသည်ကို တွေ့ရှိရသည့် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့ (ဓာတ်ပုံ – ပြည်တော်မြင့် / ဧရာဝတီ)

လက်ရှိ နိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းအားလုံးနီးပါး မိုးကြီးမှုဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် သတိထား စရာ အချက်တခုက မိုး/ဇလရဲ့ ဒီနေ့ မနက်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ နောက်ထပ် ၂ ရက် အထိ မုတ်သုံလေ အားကောင်းမယ်လို့ ဖော်ပြထားပါတယ်။

အင်တာနက် အသုံးပြုခြင်းကစိတ်ကျခြင်းကို သက်သာစေနိုင်

စိတ်ကျခြင်းကို ကုစားတဲ့နေရာ မှာ အင်တာနက် အသုံးပြုခြင်း ဟာလည်း နည်းလမ်းတစ်ရပ် ဖြစ် လာနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက သုံးသပ်ခဲ့ပါတယ်။ စိတ်ကျနေသူအများစုဟာ အင်တာ နက်နဲ့ လူမှုကွန်ယက်တွေ အသုံး ပြုပြီး ပျော်ရွှင်မှုတွေ ရရှိလာနိုင် တယ်လို့ သိရပါတယ်။ လေ့လာမှုကို နယူးဇီလန် စိတ်ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

Call Center မှ ၀န်ဆောင်မှု အသစ် တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service


 
 Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်
Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်

အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်
==================================
ဖျာပုံ ဇူလိုင် ၃ဝ

မြန်မာနိုင်ငံအတွင်း အင်တာနက် လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက် သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက် အင်ဂျင်နီ ယာအဖွဲ့တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီမှ စတင်ကာ အင်တာ နက်လိုင်းများ ပြန်လည်ကောင်းမွန်ခဲ့ ပြီ ဖြစ်သည်။

Tuesday, July 30, 2013

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့် ထူးချွန်ကျောင်းသားများ၏ အနိမ့်ဆုံး ၀င်ခွင့်သတ်မှတ်ချက် အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ယခင်နှစ် အမှတ်များထက် မြင့်မား

 

၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ)

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင်တက်ရောက်ခွင့်ပြုမည့်ထူးချွန်ကျောင်းသားများ၏ ကျောင်းဝင်ခွင့် လျှောက်ထားရန်
 အနိမ့်ဆုံးဝင်ခွင့် သတ်မှတ်အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များထက် မြင့်မားကြောင်း သိရသည်။

အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ထောက်ပံ့ရန် Global Fund မှ သဘောတူ

ပခုက္ကူမြို့နယ်ရှိ နှင်းဆီရင်ခွင် ကျန်းမာရေးကွန်ရက် အဆောက်အအုံအတွင်း အေအာတီဆေးဝါးယူရန် စောင့်ဆိုင်းနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (Global Fund) မှ ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၆၀ ခန့်အထိ တိုးမြှင့်ထောက်ပံ့ပေးရန် သဘောတူထားပြီးဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၆၂၆၆၅ ထုတ်လုပ်သွားမည်

ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များပြ မြေပုံ (စွမ်းအင်ဝန်ကြီးဌာန)

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၆၂၆၆၅ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ကို ပြည်တွင်းသုံးစွဲမှု ဖူလုံရေး၊ ပြည်ပသို့ တိုးတက်တင်ပို့နိုင်မှုအတွက် တိုးချဲ့ရှာဖွေ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ယခင်ဘဏ္ဍာရေးနှစ်ထက် ၂၅ ရာခိုင်နှုန်းကျော် တိုးတက်ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ရေရှည်တွင် မန္တလေးမြို့မှာ ရန်ကုန်ကို ကျော်လွန်၍ ပိုမိုဖွံ့ဖြိုးတိုးတက်သွားနိုင်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများ ခန့်မှန်းပြောကြား

အနာဂတ်အလားအလာတွင် မန္တလေးမြို့မှာ မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်ကို ကျော်လွန်၍ ပိုမိုဖွံ့ဖြိုးတိုး တက်သွားနိုင်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းပြော ကြားခဲ့သည်။

အဓိကအားဖြင့် မန္တလေးမြို့ တည်ရှိသော နေရာအနေအထား အချက်အချာကျမှုကြောင့်ဖြစ်ပြီး လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ အချိုးအစားပေါ် မူတည်၍လည်း တွက်ချက်ပြောကြားခြင်းဖြစ်ကြောင်း ‘မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန’မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာမိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ခွင့် အင်ဒိုနီးရှား အခြေစိုက် PT Telkom ရရှိ

အင်ဒိုနီးရှားနိုင်ငံရှိ Telkom ရုံးတစ်ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ - projectingindonesia.com)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူရာတွင် အင်ဒိုနီးရှား အခြေစိုက် PT Telkom (Telco) ဆက်သွယ်ရေး ကုမ္ပဏီက ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် နော်ဝေအခြေစိုက် Telenor နှင့် ကာတာအခြေစိုက် Ooredoo တို့ကို ဇွန်လကုန်ပိုင်းက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အစိုးရယန္တရားကို အမိန့်ပေးလို့ရမလားမေးချင်တယ်

အရည်အချင်းနှင့်ပြည်သူများ ၏ထောက်ခံချက်အရဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်သင့် သော်လည်း ၎င်းအနေဖြင့် ဗျူရို ကရေစီ အစိုးရယန္တရားကို ထိန်း ချုပ်ကွက်ကဲရန်မလွယ်ကူနိုင် ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ပြော သည်။

MPC ဟာ အစိုးရအဖွဲ့အစည်းဖြစ်တာကြောင့် ဘက်လိုက်မှုတွေရှိနိုင်ဟု လူငယ်ငြိမ်းချမ်းရေးဖိုရမ်စီစဉ်သူ ပြော

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဟာ အစိုးရအဖွဲ့အစည်းဖြစ်နေတာကြောင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ဘက်လိုက်မှုတွေအများကြီးရှိနိုင်တယ်လို့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်စီစဉ်သူက ဇူလိုင်၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by

Feature အသစ်ပေါင်းများစွာနဲ့ အရမ်းလန်းလာတဲ့ Viber v3.1.0.1103 For Android Latest Version (30.7.2013)

 

ဒီနေ့မှအသစ်ထွက်လာတဲ့ Viber Application လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ Android User တွေကများ လို့ Android သမားတွေအတွက်ဘဲတင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့အသစ်ထွက်တာလည်း Android တစ်မျိုး တည်းထွက်တာပါ။ Viber ဆိုတာကိုတော့ လူတိုင်းသိပြီးသားဖြစ်နေတဲ့အတွက် ထွေထွေထူးထူးပြောပြဖို့ မလိုလောက်ဘူးလို့ထင်ပါတယ်နော်။ အခု Version အသစ်မှာတော အဟောင်းထက်စာရင် နည်းနည်း

ရခိုင်စာ သင်ရိုးစာအုပ်များကို နိုင်ငံအနှံ့ ကျောင်းများသို့ သြဂုတ် ၁၅ တွင် ပို့မည်

  ။ ၂၀၁၃/၂၀၁၄ ပညာသင်နှစ်အတွင်း သင်ကြားရန် မူလတန်းအဆင့် ရခိုင်စာသင်ရိုး စာအုပ်များ
ကို လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် တနိုင်ငံလုံးရှိ အစိုးရကျောင်းများသို့ စတင်ပေးပို့တော့မည်ဖြစ်ကြောင်း ရခိုင်စာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

Android ဖုန်းတွေကိုဘက်ထရီကုန်သက်သာအောင် LUX AUTO BRITGHNESS သုံးမယ်


 

မိမိတို့  android ဖုန်းတွေမှာကိုယ်လိုသလိုအလင်းအမှောင်ချိန်ခြင်းဖြင့် 
ဘက်ထရီကုန်ခြင်းမှသက်သာစေတဲ့ 
lux auto brightness 1.51 apk နောက်ဆုံးထွက်အသစ်စက်စက်လေးဗျာ။မသုံးဘူးတဲ့ သူငယ်ချင်းတွေစမ်းသုံးကြည့် စေချင်ပါတယ်။
google play store မှာဆိုရင် 156 bhat တောင်ပေးရပါတယ်။အသုံးဝင် တဲ့ ကောင်လေးမို့ လက်မနှေးစေချင်ဘူးဗျာ။

Facebook နဲ့ပတ်သက်လို့ ...

၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post, Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလိုရွေးလို့ရပါတယ်။

စီးပွားရေးသမားများက တကယ်မလုပ်ဘဲယူထားသည့် မြေများကို ပြန်လွှဲပေးရန် အထက်လွှတ်တော်ဆုံးဖြတ်

တနင်္သာရီတိုင်းတစ်ခုတည်း၌ပင် တကယ်မလုပ်သည့်မြေဧက ခုနစ်သိန်းနီးပါးရှိနေ

စစ်အစိုးရ လက်ထက်က စီးပွား ရေးသမားများက စီမံကိန်းများကို အမှန်တကယ် အကောင်အထည် မ ဖော်ဘဲ ယူထားသည့် မြေများကို တ ကယ်လုပ်မည့်သူများထံ ပြန်လွှဲပေး ရန် အထက်လွှတ်တော်က ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ဆုံးဖြတ် လိုက်သည်။

Google မှထုတ်လုပ်တော့မဲ့ Google Glass

 
Google မှထုတ်လုပ်တော့မယ် Google Glass
****************************

ကျနော်တို့နည်းပညာလူသားများအနေနဲ့ Google ရဲ့ Products တွေကို မသုံးတဲ့လူမရှိဘူးလို့တောင် ဆိုရလောက်တဲ့အထိ Google Products တွေဟာလွှမ်းမိုးမူရှိပါတယ်။ အဲဒီလို Products တွေအများကြီးထဲကမှ အခု သူတို့ထပ်ထုတ်မယ့် New Product တစ်ခုအကြောင်းတင်ဆက်ပါ့မယ်ခင်ဗျာ။ အဲဒါကတော့ Google Glass လို့ခေါ်တဲ့ ပစ္စည်းလေးပါ။

ဈေးသက်သာ iPhone ဖြစ်လာမလား

iPhone 5C လို့အမည်ပေးထားပါတယ်။ ထွက်ရှိလာမယ့် ဈေးသက်သာ iPhone လို့ ဆိုပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ပြင်သစ် အခြေဆိုက် Nowhereelse.fr အမည်ရ Gadget မှ စဖွတဲ့ သတင်း ဖြစ်ပါတယ်။

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်

 နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း ဟုတ်ကဲ့ ….။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် လူမှုကွန်ယက် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ကို အတော်များများ အသုံးပြုလာကြပါပြီ။ ကျနော်တို့ဆီက အင်တာနက် ကွန်နက်ရှင်ကတော့ သိတဲ့အတိုင်း ဖွတ်ချပ်ချပ်ရယ် …။ ဒီကွန်နက်ရှင်မျိုးနဲ့ Facebook သုံးရတာ တစ်ခါတစ်လေ ကျတော့ အတော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကွန်နက်ရှင်က လူသုံးများတဲ့ အချိန်ဆို ပိုပြီး နှေးနေတတ်ပါတယ်။

Monday, July 29, 2013

ငြိမ်းချမ်းရေးပွဲတော် နောက်ဆုံးနေ့ အိုင်စီအဖွဲ့ ဖျော်ဖြေ၊ ပရိသတ်ထောင်ချီ အားပေး

ငြိမ်းချမ်းရေးပွဲတော်ရဲ့ ဒုတိယနေ့မှာတော့ မြန်မာနိုင်ငံရဲ့ရော့ခ်ဂီတအဖွဲ့ Iron Cross ရဲ့ ဖျော်ဖြေပွဲကို သုဝဏ္ဏအားကစားကွင်းမှာဇူလိုင် ၂၈ရက်နေ့ညမှာ ပြုလုပ်ခဲ့ပြီး လာရောက်ကြည့်ရှုသူတွေများပြားခဲ့ပါတယ်။

Posted by

Social Media Manager တစ်ယောက်၏ တာဝန်

Social Media Manager လို့ခေါ်တဲ့ အလုပ်အကိုင်နဲ့ ရာထူးမျိုးဟာ ကမ္ဘာမှာတင် မကပဲ မြန်မာပြည်မှာပါ ခေတ်စားလာပြီ ဖြစ်ပါတယ်။ အားလုံးက ထင်ထားကြပါတယ်။ Facebook သုံးတတ်တိုင်း Social Media Manager ရဲ့  လုပ်ဆောင်ချက်လောက်ကတော့ အလွယ်တကူ လုပ်နိုင်တယ်လို့ ထင်မြင်နေခြင်း ဖြစ်ပါတယ်။ ဒီတော့ တကယ့် Social Media Manager တစ်ယောက်ရဲ့  အခြေခံ လုပ်ဆောင်ချက် အချို့ ကို ရေးသားမျှဝေ ပေးလိုက် ရပါတယ်။

မြ၀တီတွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူသောင်းချီ ရေဘေးသင့်

မြ၀တီမြို့ အတွင်း ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်

မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ ရေဘေးသင့်နေကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီမြို့ရှိ ရပ်ကွက်အားလုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

မန္တလေးမြို့တွင် အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

မန္တလေးမြို့တွင် ဇူလိုင် ၂၉ ရက် ည ၁၁ နာရီ ၁၄ မိနစ် အချိန်ခန့်က အင်အား အသင့်အတင့်ရှိသော ငလျင်နှစ်ကြိမ်ခန့် လှုပ်ခတ်သွားခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။
''အမှတ်တမဲ့ဆိုတော့ ငလျင်မှန်း သတိမထား မိလိုက်ဘူး။ လူက မိုက်ခနဲ ဖြစ်သွားတာ။ အရမ်းကြီးတော့ မပြင်းဘူးပေါ့။ မနှစ် နိုဝင်ဘာကလှုပ်တဲ့ ငလျင်ကို မမေ့သေးလို့ ကြောက်တော့ ကြောက်တယ်'' ဟု ချမ်းအေးသာစံ မြို့နယ်အတွင်း နေထိုင်သူ ကိုမျိုးက ပြောကြားသည်။ စစ်ကိုင်း ငလျင်ကြောနှင့် နီးကပ်စွာ တည်ရှိနေသည့် မန္တလေးမြို့မှာ ငလျင်ဒဏ်ကို မကြာခဏ ဆိုသလို ခံရလေ့ ရှိသည်။

မြောက်ဦး ရေကြီး နေအိမ် ၃၀၀ ကျော်နစ်မြုပ် (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မိုးများပီး ရေကြီးခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော် ရေနစ်မြုပ်နေပြီး ဘေးလွတ်ရာကို ရွေပြောင်း နေရပါတယ်။ ဖိုးသီဟ သတင်းပေးပို့ ထားပါတယ်။ DVB TV News

 

 

Android Clone Phoneတွေမှာ အသုံးပြုများတဲ့ CPU USB Driver များ


Android Clone Phone တွေမှာ အသုံးပြုများတဲ့ CPU  USB Driver  များကို အလွယ်တစ်ကူဒေါင်းရအဆင်ပြေအောင် တင်ပေးလိုက်တာပါ အသုံးလိုသူများအောက်ကလင့်ကနေဒေါင်းလိုက်ပါ

သီလ၀ါစီမံကိန်းက ကမ္ဘာ့ဘဏ်စည်းမျဉ်းအတိုင်း လယ်မြေများကို နစ်နာကြေးပေးမည်

ရန်ကုန်သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းမှာရှိတဲ့ လယ်မြေတွေကို နစ်နာကြေးပေးတဲ့ နေရာမှာ ကမ္ဘာ့ဘဏ်ရဲ့စည်းမျဉ်းအတိုင်း ပေးဖို့ စီမံကိန်းကော်မတီက လုပ်ဆောင်နေပါတယ်။
ဒီအတွက် လယ်မြေပိုင်ရှင် တောင်သူတွေနဲ့ ကော်မတီက ထိပ်တိုက်တွေ့ဆုံဆွေးနွေးပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဒီဗွီဘီကို ပြောပါတယ်။

IMobile IQ9 ကိုအလွယ်တစ်ကူ Root လုပ်နည်း

Imobile IQ9 ကို Root လုပ်ခြင်တဲ့ ဘော်ဒါများအတွက် အခုနောက်ပိုင်ထွက်လာတဲ့ Imobile တွေ
အရင် IQ မော်ဒယ်တွေလို Root လုပ်ရမခက်ခဲတောပါဘူ အရင်ဆုံးပေးထားတဲ့ Driver ကို ဒေါင်းပြီ ကွန်ပျူတာမှာ သွင်းပေးလိုက်ပါ

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ


ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ
================================

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နည်း


Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နိုင်တဲ့ Root Apk  လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်.. တော်တော်များများ ဒီ Apk လေးကိုသိကြမှာပါ

Sunday, July 28, 2013

ဖက်ဒရယ်ရေး တိုင်းရင်းသားတွေ ဆွေးနွေးမယ်

ဖက်ဒရယ် အရေး ဆွေးနွေးမယ့် တိုင်းရင်းသား ညီလာခံ


UNFC က ဦးဆောင်တဲ့ တိုင်းရင်းသား ညီလာခံ ကို ငြိမ်းချမ်းရေး ယူပြီး တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ မယူရ သေးတဲ့ အဖွဲ့တွေ၊ ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့ အတော် များများ တက်ရောက် ပြီး အခုလ ၂၉ ရက်နေ့ က ၃၁ ရက်နေ့ အထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

Top 10 Resons for Blocking by Facebook - Facebook က ကိုယ့်ကို Block လုပ်ရခြင်း အဓိက အချက် (၁၀) ချက်

မိတ်ဆွေများအတွက် Top 10 Resons for Blocking by Facebook - Facebook က ကိုယ့်ကို Block လုပ်ရခြင်း အဓိက အချက် (၁၀) ချက် ကို မူရင်းအတိုင်း Developer တွေ ဝေဖန်ထားတဲ့အတိုင်း တင်ပေးလိုက်ပါတယ်.. ဘာသာပြန်ရင် နားလည်မှုလွဲနိုင်တဲ့အတွက်ပါ.

စာနယ်ဇင်းကောင်စီ၏ မီဒီယာဥပဒေကြမ်း ပြန်ကြားရေးက ရေမြေဆုံးထိ ကန့်ကွက်မည်ဟု ခြိမ်းခြောက်

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်းထဲက အချက် ၁၇ချက်ကို ပြင်မပေးရင် ပြန်ကြားရေးဝန်ကြီးဌာနက ရေဆုံးမြေဆုံးအထိ ကန့်ကွက်တားဆီးသွားမယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း စာနယ်ဇင်းကောင်စီက ဇူလိုင် ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by  

မြို့ပြနှင့်ကျေးလက် လူနေမှု အဆင့်အတန်း ကွာဟချက် အလွန်ကြီးမားလာသည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

ဇွန် ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေရှိ စက်မှုလယ်ယာ စံပြစိုက်ခင်းသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်လေ့လာစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

မြို့ပြနှင့် ကျေးလက်လူနေမှု အဆင့်အတန်း ကွာဟချက် အလွန်ကြီးမားလာသည်ဟု သမ္မတဦးသိန်းစိန်က ဇူလိုင် ၂၈ ရက်က နေပြည်တော် အလျင်လိုကျေးရွာရှိ ပုလဲသွယ် စပ်မျိုးစပါးဧက (၄၄၀) နွေစပါး ကောက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

Facebook Auto Like လုပ်ပေးသည့် Site Lists များ


 

အခု Internet လိုင်းတွေက အရမ်းကိုနှေးနေပါတယ်...

File တွေ တင်ပြီး  စိတ်ဝင်စားစရာ Tutorial လေးတွေ ပြပေးချင်ပေမယ့်... လိုင်းက အရမ်းစုတ်နေတော့..

ဘယ်လိုမှ မတတ်နိုင်လို့ပါ.... အခု ကျွန်တော့် ဆိုက်ထဲမှာ မှတ်စုအဖြစ်ရေးခဲ့ တဲ့ ပို့စ်လေးပြန်တင်ပေး

လိုက်ပါတယ်... ဒါကတော့ Fake ပေါ့ဗျာ.. ဗဟုသုတ အနေနဲ့ပေါ့....

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ဇူလိုင် ၂၈ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

 

 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်

အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်တီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့ ဇွန် ၂၄ ရက်က နေပြည်တော် လွှတ်တော်တွင် တွေ့ဆုံခဲ့မှုများနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) က ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ရှိ စာနယ်ဇင်းကောင်စီ ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သတင်းမီဒီယာကောင်စီ ဥပဒေမူကြမ်း လွှတ်တော် ၂ ရပ်ကို အဆိုပြုမည်

 
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ တရားဝင် ပြောလိုက်တဲ့ အတွက် လွှတ်တော် ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ ကတဆင့် ဒီ ဥပဒေကြမ်းကို တင်ပြတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် (ယာယီ) နိုင်ငံတော် သမ္မတ တရားဝင်ဖွဲ့စည်းပေးထာတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် အငြင်းပွား စရာတွေ ဖြစ်နေတဲ့ သတင်းမီဒီယာ ဥပဒေကိစ္စကို တွေ့ဆုံပြောကြားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းမီဒီယာကောင်စီက ပြောခွင့်ရှိသူတွေ ကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း၊ ရန်ကုန် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ရေနံချောင်းက ကျောင်းသားတွေ စာရွက်ဖြန့်ဝေလို့ အရေးယူခံရ

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဇူလိုင်၁၉ ရက်နေ့က ယူဆောင်သွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ကျောင်းသားဘဝ ပါဠိလက်ရေးမူစာအုပ်ပြန်ရရှိရေး အတွက် တောင်းဆိုချက်(၅)ချက်ပါစာရွက်များဖြန့်ဝေခဲ့တယ်ဆိုပြီး ရေနံချောင်းမြို့ အထက(၁)က ကျောင်းသား(၄)ဦး ကို မနေ့က မြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်နဲ့ ကျောင်းအုပ်ဆရာမကြီးဒေါ်မူမူထွန်းတို့က ညနေကျောင်းဆင်းချိန်မှာ ခေါ်ယူပြီးစစ်ဆေးမေးမြန်းကာ ည(၈)နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီကျောင်းသားတွေကို အာဏာပိုင်တွေက ကျောင်းတက်ခွင့် ယာယီရပ်နားလိုက်ကြောင်း မြို့ခံဦးမြင့်ဝေ က အာဖက်အေ ကို ပြောပါတယ်။
ကျောင်းသားမိဘများကိုပါခေါ်ယူပြောဆိုပြီး နောက်နောင်မှာ အခုလိုမပြုလုပ်ရန်ဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်းကြောင်းနဲ့ အဲဒီ ကျောင်းသား ၄ ဦးကို သြဂတ်(၉)ရက်နေ့ကျမှ ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။


RFA

Audio Cambridge Advanced Learner's Dictionary Version 5.0.17 ( iPhone, iPad, iPod Touch ) (122 MB)



iDevices တွေအတွက် dictionary ကောင်းလေးတစ်ခုပါ iOs 4.3 နဲ့ အထက်ဆို
အဆင်ပြေပါတယ်
စာအုပ်အကြီးကြီးကို အလေးကြီးသယ်သွားစရာမလိုတော့ဘူးပေါ့
ဖုန်းထဲ မှာပေါ့ပေါ့ပါးပါး အဆင်ပြေတယ် အသံပါ ပါတော့ ပိုကောင်းတာပေါ့




ဒီ Dictionary လေးလဲကောင်းတယ်ဗျ လိုအပ်ရင်ဒေါင်းထားလိုက်ဗျာ

ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများ Ringtune များထည့်သွင်းနိုင်ပြီဖြစ်



ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများ Ringtune များထည့်သွင်းနိုင်ပြီဖြစ်


ယခုလက်ရှိ ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းတွေမှာယခင်မိုဘိုင်းဖုန်းတွေလို Ringtune 

များထည့်သွင်းနိုင်ပြီဖြစ်တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က

Sakura Tower မှာကျင်းပတဲ့ ငွေကျပ်တစ်ထောင့်ငါးရာ တန် မိုဘိုင်းဖုန်းများ Ringtune 

စတင်အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အခမ်းအနားမှ သိရပါတယ်။

Saturday, July 27, 2013

ကာဗွန်ဒိုင်အောက်ဆိုဒ်မှ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ခြင်း

 

လူတွေက တစ်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ကို တန်ချိန်ပေါင်း ဘီလီယံနဲ့ ချိပြီးထုတ်လွှတ်လျက်ရှိပါတယ်။ ထို ကာဗွန်ဒိုင်အောက်ဆိုဒ်အများစုက လေထုအတွင်းမှာပျံနှံ့လျက်ရှိတာကြောင့် ကမ္ဘာကြီးပူနွေးလာမှု အစရှိတဲ့ ဆိုးကျိုးတွေကြုံတွေ့ နေရတာပါ။ မကြာသေးမှီကပဲ နယ်သာလန်မှ စူးစမ်းလေ့လာသူအုပ်စု တစ်စုက လူတွေအသုံးပြုထုတ်လွှတ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အသုံးဝင်တဲ့စွမ်းအင်တစ်ခုအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘောလုံးနဲ့ပက်သက်တဲ့သတင်းတိုင်းကို ဖတ်ရှုနိုင်မယ့် Football Café v1.0 For Android


 


အခု Application လေးကို တင်ပေးချင်နေတာကြာပါပြီ ကျွန်တော်ကိုယ်တိုင်ဖန်တီး ထားတာဖြစ်လို့ Error ကင်းမကင်း စစ်နေလို့ နည်းနည်းလေးကြာသွားတာပါ။ ဘောလုံးဝါသနာရှင်သူငယ်ချင်းများ လုံးဝကို အကြိုက်တွေ့စေရ မယ်လို့ အာမခံပါတယ်ဗျာ။ အခု Application ရေးပြီး ပြန်လည်မျှဝေဖို့ကိုလည်း Football Cafe မှာ ခွင့်ပြုချက်ကျွန်တော်ယူပြီးသွားပါပြီ။ ဘောလုံးသတင်းများကို အချိန်နဲ့

VRoot verison 1.4.3 (ဆရာကြီး VRoot version အသစ်လာပြီ)



ဆရာကြီး vRoot version အသစ်လာပြီနော် vRoot ပေါ်လာတာ
huawei တွေ root ရတာတော်တော်အဆင်ပြေသွားတယ်ဗျ

vRoot နဲ့ root မယ်ဆိုရင် Phone မှာ USB Debbuging ON ထားပြီး
ကွန်ပြူတာနဲ့ချိပ် driver သိတယ်ဆိုရင် ကိုယ့်ဖုန်းနာမည်ပေါ်လာမယ်
ဒါဆို အစိမ်းရောင်ခလုပ်လေးကို နှိပ်လိုက် root သွားလိမ့်မယ်

DOWNLOAD

www.trtech-mm.com