Tuesday, July 30, 2013

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်

 နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း ဟုတ်ကဲ့ ….။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် လူမှုကွန်ယက် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ကို အတော်များများ အသုံးပြုလာကြပါပြီ။ ကျနော်တို့ဆီက အင်တာနက် ကွန်နက်ရှင်ကတော့ သိတဲ့အတိုင်း ဖွတ်ချပ်ချပ်ရယ် …။ ဒီကွန်နက်ရှင်မျိုးနဲ့ Facebook သုံးရတာ တစ်ခါတစ်လေ ကျတော့ အတော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကွန်နက်ရှင်က လူသုံးများတဲ့ အချိန်ဆို ပိုပြီး နှေးနေတတ်ပါတယ်။


အခု ကျနော် ပြောမယ့် နည်းလမ်းကတော့ ဒီလို အင်တာနက် ကွန်နက်ရှင် နှေးကွေးနေတဲ့ အချိန်မျိုးမှာ Facebook ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဘယ်လို သုံးရမှာလဲဆိုတော့ Facebook ရဲ့ Mobile Version နဲ့ သုံးမှာပါ။ အဲ့ဒီထဲမှာတော့ Chat မပါဘူး။ အသွင်အပြင်ကလည်း သိပ်တော့ မလှဘူး။
ဒါပေမယ့် … သူငယ်ချင်းတွေ တင်လိုက်တဲ့ status တွေကို မြင်ရတယ်။ ကိုယ်ကလည်း တင်လို့ရတယ်။ ရိုးရိုးထက် ပိုပြီး မြန်ဆန်ပါတယ်။

ဒါကို သုံးဖို့အတွက် ပထမဆုံး အနေနဲ့က ကိုယ်က Facebook ကို Login ဝင်ထားတယ်ဆိုရင် အရင်ဆုံး SignOut နဲ့ ထွက်လိုက်ပါ။
ပြီးသွားရင် … http://m.facebook.com/ ကို သွာလိုက်ပါ။ အဲ့ဒီမှာ Login ဝင်ပြီးသာ သုံးလိုက်ပါ။ ဒါလေးပါပဲ။ lite.facebook.com ဆိုပြီး ရှိပါသေးတယ်။ ဒါပေမယ့်လို့လည်း အဲ့ဒီဆိုက်က အခု ကျနော် စမ်းကြည့်တာတော့ အလုပ်လုပ်တာ မတွေ့ရပါဘူး။ ဒါကြောင့် m.facebook.com ကိုပဲ ညွှန်းလိုက်တာပါ။

ကွန်နက်ရှင် နှေးနေတဲ့ အချိန်မှာ ဒါလေးနဲ့ သုံးတာက ပိုပြီး ကောင်းပါတယ်။ (http://m.facebook.com/) ။ ပြီးတော့ ဒီမိုဘိုင်း ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ အသစ် တင်လိုက်တဲ့ စာတွေ၊ ပုံတွေက အော်တို ပေါ်လာမှာ မဟုတ်တဲ့အတွက် Refresh လေး လုပ်ပြီး သုံးရပါတယ်။ Webpage ကို Refresh လုပ်ဖို့ အတွက်ဆိုရင် Keyboard ထဲက F5 ကီးလေးကိုသာ နှိပ်လိုက်ပါ။


By – မဟာရာဇာ အံစာတုံး

Credit : (http://anzartone.wordpress.com/)




အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

https://m.facebok.com

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com

 https://touch.facebook.com

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။

https://upload.facebook.com

ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။

 ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)

No comments:

Post a Comment