0

 Youm လို့အမည်ပေးထားတဲ့ ကွေးညွန့်လို့ရတဲ့ LED မျက်နှာပြင်ကို Samsung တို့ CES မှ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။


AMOLED အမျိုးအစား ဖြစ်ပြီး ကွေးညွန့်လို့ရအောင် ဘယ်လို သတ္တုတွေ သုံးတယ်ဆိုတာကတော့ Samsung တို့ မပြောပါဘူး။ လက်တွေ့ပြသတဲ့ ဗီဒီယိုမှာတော့ ယင်း ကွေးညွန့်မျက်နှာပြင်နဲ့ စမတ်ဖုန်းများကို ပြသခဲ့ ပါတယ်။ Nokia နဲ့ LG တို့မှလည်း ကွေးညွန့်မျက်နှာပြင်နဲ့ ဖုန်း၊ Tablet တို့ကို ပြသပြီ ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် ထုတ်လုပ်နိုင်မှု အဆင့်ကိုတော့ ဘယ်သူမှ မသွားနိုင်သေးပါဘူး။


ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အရောင်လည်းတောက်ရမယ်။ အကြမ်းလည်းခံရတယ်။ Superthin လည်း ဖြစ်ပါတယ်။ OLED display technology ကိုလည်း သုံးတယ်ဆိုတော့ လွယ်လွယ်ကူကူနဲ့ ရရှိတဲ့ မျက်နှာပြင်တော့မဟုတ်ပါဘူး။

လာမယ့်နှစ်များ Samsung ထုတ် ဖုန်းတွေမှာ ယင်းနည်းပညာ ပါဝင်အသုံးပြုမယ်လို့ မျော်လင့်ထားကြမယ်။ လက်တွေ့ ပြသမှုကို အမေရိကန်နိုင်ငံ၊ လပ်စ်ဗီးကပ်မြို့ က CES မှ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

 
Top