0
တောင်ကိုရီးယားနာမည်ကျော် LG ကုမ္မဏီရဲ့  LG Optimus စမတ်ဖုန်းတွေကို လူကြိုက်များပါတယ်။ အခုတော့ အဆင့်မြင့်ထားတဲ့  LG Optimus G Pro ဖုန်းတွေကို ထုတ်လုပ်ဖြန့်ချိတာ့မယ်လို့ ကြေညာသွားပါတယ်။ 
 LG ရဲ့ ပထမဦးဆုံး HD စမတ်ဖုန်း ဖြစ်တဲ့အပြင် 5.5 inch 1080p display ရှိပြီး တခြားဖုန်းတွေထက်  ဖုန်းမျက်နှာပြင် အနည်းငယ် ပိုကြီးတာကို တွေ့ ရပါတယ်။

ဒါ့အပြင်  1.7GHz quad-core Snapdragon 600 processor ရှိတာကြောင့် အလုပ်လုပ်နိုင်အား  မြန်ဆန်သလို ၊  13-megapixel ရှိတဲ့ ကင်မရာကိုအသုံးပြုထားတဲ့အတွက်  ဓာတ်ပုံရိုက်ရတာနှစ်ခြိုက်သူများ အကြိုက်တွေ့ပါလိမ့်မယ်။

မှတ်ဥာဏ်အားအနေနဲ့ 2GB of DDR RAM ရှိပြီး  သိုလှောင်နိုင်မှု စွမ်းအားက 32GB storage memory ရှိတာကြောင့် ဂိမ်းတွေ၊ ဓာတ်ပုံတွေ အများကြီး သွင်းချင်တဲ့သူတွေ အဆင်ပြေမှာပါ။
ဒါ့အပြင် micro SD card ကိုလည်း ထည့်သွင်းနိုင်ပါသေးတယ်။

ဒီဖုန်းဟာAndriod 4.1.2  Jelly Beam ကို အသုံးပြုထားပြီး ဘက်ထရီအား ကောင်းမွန်မှုအတွက်လည်း အထူး ပြုလုပ်ထားပါတယ် တဲ့။
LG ရဲ့ ဒီစမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၅-၂၈ ရက်နေ့ တွေမှာ ကျင်းပမယ့် ကမ္ဘာ့မိုဘိုင်းပြပွဲရောက်ရင် ပရိတ်သတ်တွေအနေနဲ့ စမ်းသပ်ဖို့အခွင့်အရေး ရရှိမှာပါ။
ဈေးနှုန်းကိုတော့ အခုထိ မကြေညာသေးပါဘူး။

မူရင်းလင့် http://blog.irrawaddy.org

Post a Comment

 
Top