0
မင်္ဂလာဆောင်ပြီး ကတည်းက မတွေ့ တော့သော ညီဖြစ်သူ မင်းမင်း မမျှော်လင့်ပဲ အိမ်သို့ ရောက်လာသည်။ သူ့ ပုံစံကလည်းလူပျို တုံးကလို ဖြတ်ဖြတ် လတ်လတ် မဟုတ် သန့် သန့် ရှင်းရှင်းမဟုတ် အ၀တ်အစား က ဘိုသီဘတ်သီ ဆံပင်က ပွယောင်းယောင်း။ * ညီလေး မင်းမင်း ဘယ်လိုဖြစ်လာတာလဲကွာ *
* ကျွန်တော်အကိုနဲ့ နေမလို့  *
* အေးပါနေပါရပါတယ် ။ ကဲထိုင် အကျိုးအကြောင်းပြောပါဦး ။ဒါနဲ့ နွယ်နွယ်ရော *
** သူလည်း သူ့ အမေအိမ်ကိုဆင်းသွားပြီ **
** ဘာလဲ စကားများကြတာလား **
** ဟုတ်တယ်အကို စိတ်ချ မ်းသာမလားလို့  မိန်းမယူပါတယ် စိတ်ညစ်ရတာပဲအဖတ်တင်တယ်**
** ဘယ်လိုကစပြီး စကားများကြတာလဲ အကို့ ကိုပြောပါဦးကွာ **
** အစုံပဲအကို အကို့ ကိုပြောပြလည်း စိတ်ချမ်းသာစရာတကွက်မှမရှိဘူး မသိချင်ပါနဲ့ တော့**
** အဲ့လိုတော့မဟုတ်သေးဘူးလေကွာ ပြသနာရှိရင် အဖြေဆိုတာလည်းရှိပါတယ်။ အဖြေထုတ်တဲ့နည်းလမ်းမသိရင်သာ စိတ်ညစ်ရတာ ။ နည်းလမ်းသိသွားရင် စိတ်ညစ် တာတွေပျောက်သွားမှာပါ** ကဲသွားရေချိုးအ၀တ်အစားလဲလိုက် ထမင်းစားကြမယ်။ ထမင်းစားပြီးမှ မင်းကိစ္စ ဆက်ဆွေးနွေးကြမယ် ** ထမင်းစားပြီးတော့ ကျွန်တော်တို့ စကားဝိုင်းကိုပြန်စပါသည် ။
**ကျွန်တော်သူနဲ့ မပေါင်းတော့ဘူးအကို တော်တော်စိတ်ညစ်နေပြီ ။တွေးတိုင်းဒေါသ ထွက်တယ် ။ မတွေးပဲလည်းမနေနိုင်ဘူး **
** ဒါဆိုရင် လောလောဆယ်မင်းစိတ်ချမ်းသာချင်တယ်ဆိုပါတော့ **
** ဟုတ်တယ်အကို သူနဲ့ ကွဲသွားရင် ကျွန်တော် စိတ်ချမ်းသာလိမ့်မယ်ထင်တယ် ။ အလုပ်ကလည်းအရင်လိုအဆင်မပြေဘူး ။ သူငယ်ချင်းတွေကလည်း အိမ်ကိုမလာ ကြတော့ဘူး **
** အေးပါ လောလောဆယ် မင်းနွယ်နွယ့်ကို ခဏမေ့ထားလိုက် စိတ်ချမ်းသာချင်တယ် မဟုတ်လား **
** ဟုတ်ကဲ့အကို **
** ကဲ ဒါဆိုရင်အကိုပြောသလိုလုပ် **
**ပြောအကိုဘာလုပ်ရမလဲ စိတ်ညစ်တာတွေပျောက် သွားရင်ပြီးရော ** ဘုရားသောက်တော်ရေ ကပ်ကာ ကျွန်တော်ဘုရားရှစ်ခိုးတော့ မင်းမင်းမင်းလည်း ရှစ်ခိုးပါသည် ။ ပြီးတော့မှ ။ ** ကဲအကို့ လို တင်ပလ္လင်ခွေထိုင် လက်ဝါးလေးနှစ်ခုကို ပက်လက်လေးထပ်ပြီး လက်မထိပ်ချင်းထိထားလိုက် ။ ပြီးရင်လက်မောင်းနှစ်ဖက်ကို ပေါင်ပေါ်ဖွဖွလေး တင်ထားလိုက် ။ ပြီးတော့ မင်းရဲ့ စိတ်ကို လက်မထိပ်နေရာလေးကိုပို့ ထားလိုက်။ ကဲ ဘယ်လိုလည်းအဆင်ပြေရဲ့ လား **
** ဟုတ်ကဲ့ ပြေတယ်အကို **
** ကဲဒါဆိုရင်မင်းစိတ်ထဲက ဘာမှမတွေးပဲ အကိုပြောတာဆက်လုပ် **
**ခါးလေးကိုမတ်မတ်ထားပြီး လေကိုနှာခေါင်းကနေ ဖြေးဖြေးချင်း ရှုသွင်းလိုက်။ ပါးစပ်ကိုပိတ်ထားညီလေး ပြီးရင်ပါးစပ်က ဖြေးဖြေးလေးပြန်မှုတ်ထုတ်လိုက် ။ လေဆုံးသွားရင် (၁) လို့ မင်းစိတ်ထဲကမှတ်ထား ။ လုပ်လို့ ရမလား **
** ဟုတ်ကဲ့ရတယ်အကို **
** အေးရရင် ဖြေးဖြေးချင်း (၁၀) ထိရအောင်လုပ် ကွာ ။ (၁၀) ပြည့်ရင် အကို့ ကိုပြော။ မင်းမင်းလုပ်နေတာကိုကျွန်တော်ဘေးကနေကြည့်နေပါသည် ။ခဏအကြာ ။ ** ပြည့်ပြီအကို **
** အေးပြည့်ရင် အဲ့လို နောက်တစ်ခါထပ်လုပ်လိုက် ညီလေး ** မင်းမင်းထပ်လုပ်ပြန်ပါသည် ။
** ပြည့်ပြီအကို **
** အေး ကောင်းတယ်ဒီတစ်ခါထပ်လုပ်လိုက်ဦး ညီလေး နောက်ဆုံးအကြိမ် ** တတိယအကြိမ် မင်းမင်းလုပ်နေတာကို ကျွန်တော်ထိုင်ကြည့်နေသည်။ သူ့ မျက်နှာ ပေါ်တွင် ရောက်ကာစက ဒေါသစိတ်များပျောက်သွားသည်ကို တွေ့ နေရသည် ။ ** ပြီးပြီအကို **
**ဘယ်လိုလည်း မင်းစိတ်ထဲမှာဘယ်လို ခံစားနေရသလဲ **
** ဟုတ်ကဲ့အကို စိတ်ထဲမှာအေးသွားသလိုပဲ **
** အေးအခုလို စိတ်ထဲမှာ ဘာမှမတွေးပဲ စိတ်ကို အခုလိုပစ္စု ပ္ဖန်တည့်တည့်ထားးနိုင်ရင် စိတ်ချမ်းသာမဲ့လမ်းစ ကိုတွေ့ သလိုပဲကွ **
** ဒါဟာတရားထိုင်တာလားအကို **
** အေးအဲ့လိုပြောရင်တော့ရတယ် ။ ဒါပေမဲ့ အကျ င့်ရလာရင် ဘယ်လိုအနေအထားပဲနေနေ လှဲနေရင်းပဲဖြစ်ဖြစ် ကားစီးရင်းပဲဖြစ်ဖြစ် အခုလို သတိလေးနဲ့မှတ်နေဖို့ ဘဲလိုတယ် ။ အတွေးမရှိတော့ စိတ်လေးကအေးနေတယ်ဆိုပါတော့ကွာ **
** ဟုတ်ကဲ့အကို **
** မင်းစိတ်အေးချမ်းသွားတယ်မဟုတ်လား **
** ဟုတ်ကဲ့ **
** ခဏလေးတောင်ဒီလောက်အေးချမ်းရင် နေ့ စဉ်လုပ်နိုင်မယ်ဆိုရင်တော့ မင်းဘာသာ ပဲတွေးကြည့်ပေတော့ **
** မင်းအခုလိုစိတ်ချ မ်းသာသွားတာ အကိုလုပ်ပေးလို့ လား ။ ဒါမှမဟုတ် မင်းကိုယ်တိုင် ကိုယ်တိုင်စိတ်ချမ်းသာအောင်နေလိုက်လို့ လား **
** အကိုပြောသလို ကျွန်တော်လိုက်လုပ်လို့ ပါ ** ** အေးဟုတ်တယ် လူတော်တော်များများသဘောမပေါက်သေးတဲ့အချက်က အဲ့ဒါပဲ ။ ကိုယ့်စိတ်ချမ်းသာမှုကို တစ်ခြားသူက လုပ်ပေးလို့ ရတယ်လို့ ထင်နေကြတယ် ** ** ဟုတ်တယ်အကို ကျွန်တော်လည်းအဲ့လိုပဲထင်ထားတာ **
** အခုရောဘယ်လိုလည်း အကိုလုပ်ပေးလိုက်လို့ လား **
** မဟုတ်ပါဘူး အကို ကျွန်တော့်ဘာသာ စိတ်ချမ်းသာအောင်နေလိုက်လို့ ပါ **
** သေခြာပြီလား **
** ဟုတ်ကဲ့သေခြာပါတယ်အကို **
** ဒါဆိုရင် အခုနေ မင်းမိန်းမနွယ်နွယ် အကြောင်းပြန်တွေးမိရင် ဘာဖြစ်လာမလဲ **
** ဒေါသပြန်ဖြစ်လာမှာပေါ့အကို **
** အကိုကဖြစ်ခိုင်းတာလား **
** မဟုတ်ဘူးအကို ဒေါသဖြစ်စေတတ်တဲ့အတွေးက ကျွန်တော့်စိတ်ထဲဝင်လာလို့ ပါ**
** အေးအဲ့ဒီ ဒေါသကို မင်းစိတ်ကလက်ခံလိုက်ရင် မင်းဒေါသဖြစ်သွားတာပဲ **
** ဒါဆိုရင် အဲ့ဒီဒေါသစိတ်ကိုတွေးမိပေမဲ့  ကျွန်တော့်စိတ်ကလက်မခံဘူးဆိုရင် ကျွန်တော့်ဒေါသမဖြစ်ဘူးပေါ့ ။ အကိုပြောချင်တာ အဲ့လိုလား **
** အေး မင်းနဲနဲ သဘောပေါက်လာပြီ **
** ဟုတ်တယ်အကို **
**မင်းအခု နွယ်နွယ့်အကြောင်းတွေးလိုက်တယ် ဒါပေမဲ့ အကို့ ဆီလာကာစကလို ဒေါသဖြစ်သေးသလား **
** မဖြစ်ဘူးအကို **
** ဘယ်ဖြစ်မလဲ မင်းစိတ်ကဒေါသကိုလက်မှမခံတာ **
** ဟုတ်တယ်အကို **
** လူတွေတော်တော်များများ စိတ်ဆင်းရဲရတဲ့ အဓိက အကြောင်းရင်းက သဘောထားနဲ့  အသိအမြင်မမှန်ကန်ကြလို့ ပဲ **
** ကျွန်တော်မရှင်းဘူးအကို **
** မင်းကအပေါင်းအသင်းများတယ် အလုပ်ကိုသွားချင်တဲ့အချိန်မှသွားတယ်။ ပြန်လာချင်တဲ့ အချိန်မှပြန်လာတယ် ။နွယ်နွယ်က မင်းကိုအလုပ်ချိန်ကအစ စည်းနဲ့ ကမ်းနဲ့ နေစေချင် တယ် ။ မင်းကိုအဲ့လိုပြောတော့ မင်းစိတ်ထဲဘယ်လိုနေလဲ **
** ကျွန်တော့်ကို ဆရာလုပ်တယ်ထင်တာပေါ့ ။ အဲ့ဒါကြောင့်သူနဲ့ ကျွန်တော်ပြသနာတက် ကြတာ **
** သူကမင်းအတွက်ပြောတာလေ မဟုတ်ဘူးလား ** ** ဟုတ်ပါတယ်အကို **
** သူပြောသလိုမင်းကမလိုက်နာတော့ မင်းတို့ နှစ်ယောက်သဘောထားကွဲကြတာပေါ့**
** ဟုတ်တယ်အကို **
** စည်းကမ်းရှိတာနဲ့  စည်းကမ်းမဲ့တာဘယ်ဟာကောင်းလဲ **
** စည်းကမ်းရှိတာကောင်းတာပေါ့အကို **
** မင်းကတော့အပေါင်းအသင်းတွေနဲ့  ပျော်သလိုနေတယ် မင်းမိန်းမကမင်းအတွက် စိတ်ပူ ပြီးစိတ်ဆင်းရဲနေရင် တရားပါ့မလား ။ ပြီးတော့မင်းပျော်ရွှင်မှုဟာတကယ်စိတ်ချမ်းသာတဲ့ ပျော်ရွှင်မှုဖြစ်ပါ့မလား ** ** ဘယ်ဖြစ်နိုင်လဲအကို **
** တခုခု ဖြစ်ရင်စိတ်ဆင်းရဲမလားစိတ်ချမ်းသာမလားညီလေး **
** စိတ်ဆင်းရဲမှာပေါ့အကို ပြသနာဖြစ်တာပဲ **
** အေးမင်းအသိအမြင်မှန်ကန်ပြီး သဘောထားပြောင်းလာမှ မင်းတို့ နှစ်ယောက်ရဲ့ အိမ် ထောင်ရေးဟာ စိတ်ချမ်းသာစရာကောင်းပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်မယ် ** ** ဟုတ်ကဲ့ပါအကို ကျွန်တော်မှားတာပါ သူ့ ကိုစိတ်ချမ်းသာအောင်ထားပါတော့မယ် **
** အေး နွယ်နွယ်က မင်းကိုချစ်တာအကိုသိပါတယ်ကွာ ။ မင်းရောသူရော စိတ်ချမ်းသာ ဖို့ လိုတယ် **
** ဟုတ်ကဲ့ပါ အကို ** ** စိတ်ချမ်းသာအောင်နေတတ်တဲ့သူဟာ စိတ်ကြည်လင်ချမ်းသာနေလို့  စိတ်ကျ မ္မာတယ်။ စိတ်ကျ မ္မာနေရင် သဘောထားတွေလည်းမှန်ပြီး အသိဥာဏ်လည်းပိုထွက်တယ်** ** ဟုတ်ကဲ့ပါ အကို ပြောတာမှန်ပါတယ် **
** ပြီးတော့ပြောဦးမယ် မကောင်းတဲ့အကျင့်ဆိုးတွေကို မလုပ်မိအောင်ရှောင်ပါ။ အကျ င့် ဆိုးမှန်သမျှ ဟာလွတ်လပ်မှုကိုဖျက်ဆီးတယ် ။ ဂုဏ်သိက္ခာကျ စေတယ် ။ မကောင်းတဲ့ လူချ င်းပေါင်းလို့ ရတယ် ဆိုပေမဲ့ မကောင်းတာကို အတူတူလုပ်ရတာ စစ်မှန်တဲ့ ပျော် ရွှင်မှုကိုမရနိုင်ဘူး **
** ဟုတ်ကဲ့ပါအကို **
** အဲ့ဒါကြောင့် ကောင်းတဲ့မိတ်ဆွေကောင်းကိုရှာပါ ။ ကောင်းတဲ့မိတ်ဆွေကောင်းနဲ့ ကောင်း တာတွေအတူတူလုပ်ခွင့်ရရင် စစ်မှတ်တဲ့စိတ်ချမ်းသာမှုကိုရမယ်။ စိတ်ချမ်းသာမှုနဲ့  ကိုယ် ကျင့်တရားဟာဆက်စပ်မှုရှိတယ် ။စိတ်အချမ်းသာဆုံးလူက ကိုယ်ကျင့်တရားအကောင်းဆုံး လူဖြစ်သလို ။ ကိုယ်ကျ င့်တရားကောင်းတဲ့လူဟာစိတ်ချမ်းသာစရာကောင်းအောင်နေ တတ်တဲ့သူပဲ ဖြစ်တယ် **
** ဟုတ်ကဲ့ပါအကို **
** အိမ်ထောင်ဖက်ရှိပေမဲ့ လည်း မိတ်ဆွေကောင်းရှိဖို့ လိုတယ် ။ ရိုးရိုးသားသားပွင့်ပွင့် လင်းလင်း ရင်းရင်းနှီးနှီး ဆက်ဆံလို့ ရတဲ့ မိတ်ဆွေကောင်းရှိရင် စိတ်ထဲမှာခံစားရတာ ရှိရင်ပြောချင်တာပြောလို့ ရတယ်။ ကိုယ့်အခက်အခဲကို တိုင်ပင်လို့ ရတယ် ။ ၀မ်းသာစရာ ရှိရင်မျှဝေခံစားနိုင်သလို ၀မ်းနည်းစရာရှိရင်လည်းကိုယ်ချင်းစာပေးနိုင်တယ် ။ တချို့ ကိစ္စတွေကမိတ်ဆွေကောင်းနဲ့ ပဲ လုပ်လို့ ရတယ် ။ အိမ်ထောင်ဖက်နဲ့ လုပ်လို့ မရ တာတွေရှိတယ် **
** ဟုတ်ကဲ့မှန်ပါတယ်အကို **
** အဲ့ဒီတော့မင်းကို အကိုနောက်ဆုံးပြောချင်တာကတော့ လူ့  လောကမှာ သူ့ ဟာသူဒုက္ခ တွေပေါ်လာရတဲ့အထဲ ဒုက္ခအသစ်တွေထပ်မရှာပါနဲ့ ကွာ ။ဒုက္ခတော်တော်များများကို ကိုယ့် စိတ်ကပဲဖန်တီးတာပါ ။ ကိုယ့်စိတ်ကိုကိုယ်သိပြီး သတိနဲ့ ဥာဏ်နဲ့ နေတတ်ရင် ဒုက္ခနည်းပြီး ပိုအဆင်ပြေမယ်။ ပိုစိတ်ချမ်းသာမယ် **
** ဟုတ်ကဲ့အကို ကျွန်တော်သိပါပြီ အကိုလေ့ကျင့်ပေးခဲ့တဲ့ နည်းလေးကတကယ်ကောင်း တယ် ။ခဏလေးလုပ်တာတောင်စိတ်ကိုအေးချမ်းသွားစေတယ် ။ နေ့ တိုင်းအကြိမ်များများ လုပ်နိုင်ရင် တော်တော်စိတ်ချမ်းသာမယ်ထင်တယ်နော် ။ ** အေးဟုတ်တယ် အဲ့ဒါ မိမိစိတ်ထဲကိုဝင်လာမဲ့အတွေးတွေကိုရပ်ပြီး ပစ္စု ပ်ပန်တဲ့တဲ့မှာသတိ လေးနဲ့ ကိုယ့်စိတ်ကိုထားတဲ့ သတိပဌာန်နည်းပဲ ။ နေ့ တိုင်းလုပ်နိုင်ရင်တော်တော်အကျိုး များတယ် **
**ဟုတ်ကဲ့ ကျွန်တော်ဆက်ပြီး လုပ်မယ်အကို နွယ်နွယ့်ကိုလည်းပြောပြပြီးလုပ်ခိုင်းမယ် **
** အေးလုပ်ခိုင်းလိုက်ပါ ။ ကိုယ့်ကိုလူတွေလေးစားတာကို လိုချင်ရင် လူတွေကိုလေးလေး စားစားဆက်ဆံပါ ။ စိတ်ချမ်းသာတာကိုလိုချင်ရင်လည်း လူတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့ နည်းနဲ့ ကူညီပါ ။စိတ်ချ မ်းသာနေရင် ကိုယ့်ကိုယ်ကို အကောင်းမြင်တယ်။ ကိုယ်ကိုယ်ကိုတန်ဖိုးထားတယ် ။ ကိုယ်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်မျိုးပေါ်လာမယ် ** ** ဟုတ်ကဲ့မှတ်ထားပါ့မယ်အကို**
** ကိုယ့်အားကိုယ်ကိုးတဲ့အတွက် ကိုယ့်စိတ်ချမ်းသာမှုကိုလိုချင်ရင် ကိုယ့်စိတ်ကပဲလုပ် ယူလို့  ရတယ်ဆိုတာသိသွားတယ်။ တကယ်တော့တခြားသူက ကိုယ့်စိတ်ချမ်းသာမှု ရအောင်လုပ်ပေးလို့ မရပါဘူး ** ** ဟုတ်ပါတယ်အကို **
** အဲ့ဒါကြောင့် စိတ်ချမ်းသာအောင်လုပ်တဲ့နည်းတွေထဲမှာ ကိုယ့်စိတ်ကိုသိပြီးတော့ စိတ် ချမ်းသာနေတာကိုသတိလေးနဲ့ ပြန်အာရုံပြုနေတဲ့နည်းဟာ အရိုးသားဆုံးနဲ့ အကောင်းဆုံး နည်းပဲ ** တခြားအပျော်အပါးတွေလုပ်ပြီး စိတ်ချမ်းသာမှုရှာတာက ငွေကုန်တယ် ။ အချိန်ကုန်တယ် ။ခဏပဲ ပျော်ရွှင်မှု စိတ်ချမ်းသာမှုရမယ် ။တကယ့်စိတ်ချမ်းသာမှုအစစ် မဟုတ်ဘူး **
** ဟုတ်ကဲ့ပါ အကိုပြောခဲ့တာတွေဟာကျွန်တော့်စိတ်ကျွန်တော့်အတွေးတွေတင်မကပါဘူး ကျွန်တော့်ဘ၀ပါပြောင်းလဲသွားစေမဲ့ အတွေးအခေါ်နည်းစနစ်တွေပါ ။ ကျွန်တော် တစ် သက်လုံးလိုက်နာကျင့်ကြံသွားပါ့မယ်အကို။ ကျေးဇူးလည်းတင်ပါတယ် **
** အေးမင်းစကားကြားရတာဝမ်းသာပါတယ်ကွာ ။အမြဲတမ်းစိတ်ချမ်းသာအောင်နေတတ်တဲ့ သူဖြစ်ပါစေလို့ အကိုဆုတောင်းပေးလိုက်ပါတယ်ကွာ **
စိတ်ချမ်း သာအောင်နေတတ်တဲ့ သူတွေဖြစ်ကြပါစေ

ကိုမောင်မောင်( ရွှေမြို့ တော်)

Post a Comment

 
Top