၂၀၁၄-၂၀၁၅
ပညာသင်နှစ်တွင် ကျောင်းမနေနိုင်သော ကလေးငယ်များအတွက် မြို့နယ် ၁၃၄ ခု၌
ပညာရေးဝန်ကြီးဌာန၊ ယူနီဆက်နှင့် ပြင်ပအလှူရှင်များပူးပေါင်း၍
ကျောင်းပြင်ပပညာရေးတိုးချဲ့ ဆောင်ရွက်မည်ဖြစ်သည်။
ယခင်နှစ်ကမြို့နယ် ၈၀
တွင် ကျောင်းပြင်ပ ပညာရေးဆောင်ရွက်ခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် မြို့နယ်
၅၄ ခု၌ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနမှ သိရသည်။
"ပညာရေးဝန်ကြီးဌာနက
၂၇ မြို့နယ်နဲ့ ယူနီဆက်ဖ်က ၂၇ မြို့နယ်ထောက်ပံ့ပါမယ်။ အလှူရှင်တွေ လည်း
ထပ်တိုးလှူဒါန်းဖို့ရှိတယ်။ မြို့နယ်တစ်ခုကို ကလေးဦးရေ ၂၀၀
ထိသင်ကြားသွားဖို့ ရည်မှန်း ထားပါတယ်" ဟု ယင်းဌာနမှ တာဝန်ရှိသူက ပြောသည်။
ထူးခြားမှုအနေဖြင့်
ယခုနှစ်တွင်သက်ဆိုင်ရာမြို့နယ်၏ တာဝန်ယူတင်ပြမှုအပေါ် စိစစ်ရွေးချယ်ဆောင်
ရွက်မည့် အစီအစဉ်ဖြစ်ပြီး မတ်လ ၆ ရက်နောက်ဆုံးထား၍ မြို့နယ်ပညာရေးမှူးက
တင်ပြလျှောက် ထားရမည်ဖြစ်သည်။
"ကျောင်းပြင်ပ
မူလတန်းပညာရေးအစီအစဉ်ကို ဆောင်ရွက်ရာမှာ အခက်ခဲဆုံးလုပ်ငန်းကတော့
သင်တန်းသားကလေး တွေရရှိအောင်စုဆောင်းခြင်း၊ ရရှိတဲ့ကလေးတွေကို
ပညာသင်နှစ်ကုန်ဆုံး အောင်ထိန်းထားနိုင်ခြင်းပဲ ဖြစ်ပါတယ်" ဟု
ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ဆောင်ရွက်နေ သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင်
နှစ်စဉ်အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှုန်း မြင့်မားနေသော်လည်း
မူလတန်းအဆင့်မှာပင် ကျောင်းနုတ်ထွက်မှုမြင့်မားနေခြင်းကြောင့်
ကျောင်းပြင်ပပညာရေးဦးစီးဌာနကို သီးခြားဖွဲ့စည်း၍
ကျောင်းပြင်ပအလယ်တန်းပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေးသင်တန်းများ
ပို့ချပေးနိုင်ရန်လိုအပ်နေကြောင်း ပညာရှင်မျာအားအကြံပြုထားသည်။
7Day News Journal
Vol.12, No.51, Feb.26, 2014
Post a Comment