မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှနောက်ဆုံးရောင်းချပေးထားသည့်တန်ဖိုးနည်း
၁၅၀၀တန် GSM ဖုန်းလိုင်းကတ်များတွင်အဆင်ပြေစွာအသုံးပြုနိုင်သည့်
စင်္ကာပူနိုင်ငံထုတ် Singtech
အမှတ်တံဆိပ်ဟန်းဆက်များပြည်တွင်းဈေးကွက်တွင်းရောင်းချပေးလျက်ရှိကြောင်းသိရသည်။
စင်္ကာပူနိုင်ငံ၏ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Singtech
အမှတ်တံဆိပ်ဟန်းဆက်များထဲမှ Feature Phone ဟုခေါ်သည့် Key Pad
ဖုန်းအသစ်များဈေးနှုန်းချိုသာစွာဖြင့်ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
CyberCity ကုမ္ပဏီ၏ Marketing Manager ဒေါ်စန္ဒာဝင်းအေးက
“ကျွန်မတို့ကတန်ဖိုးနည်းကတ်၁၅၀၀တန်ကတ်တွေမှာအသုံးပြုနိုင်ဖို့အတွက်ဈေးနှုန်းအရရောလိုင်းဆွဲအားတွေအရပါအသင့်တော်ဆုံးဖြစ်တဲ့စင်္ကာပူနိုင်ငံကထုတ်တဲ့
Singtech အမှတ်တံဆိပ်ဖုန်းတွေကိုပြည်တွင်းမှာရောင်းချပေးသွားမှာပါ။
အခုအသစ်ဝင်လာတာကတော့ Feature
ဖုန်းလို့ခေါ်တဲ့ခလုတ်နှိပ်ရတဲ့ဖုန်းတွေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ Feature
ဖုန်းသစ်လေးမျိုးကိုပြည်တွင်းမှာဖြန့်ချိရောင်းချပါတယ်။ Feature ဖုန်းအပြင်
Singtech ရဲ့အရည်အသွေးမြင့် Android OS
အသုံးပြုထားတဲ့ဟန်းဆက်တွေကိုလည်းဖြန့်ချိရောင်းချပါတယ်” ဟု Smart Pro
သို့ပြောသည်။
Singtech အမှတ်တံဆိပ် Feature Phone များကိုပြည်တွင်းတွင်အသုံးပြုနိုင်ရန်
Cyber City ကုမ္ပဏီက အမျိုးအစား၎မျိုးတင်သွင်းရောင်းချလျက်ရှိကြောင်းသိရသည်။
Singtech Feature Phone အမျိုးအစား၎မျိုးမှာ OnyxM90, OnyxM50, OnyxM60
နှင့် OnyxC21 တို့ဖြစ်ကြောင်းသိရသည်။ ဒေါ်စန္ဒာဝင်းအေးကဆက်လက်၍
“ကျွန်မတို့ရဲ့ Singtech
ဖုန်းတွေကလိုင်းဆွဲအားကောင်းမွန်ပြီးဒီဇိုင်းလှပသေသပ်မှုရှိပါတယ်။
ပြည်တွင်းမှာအသုံးပြုသူတွေအတွက် Feature
ဖုန်းတွေကိုအာမခံ၁နှစ်သက်တမ်းပေးထားပါတယ်။ အဲဒါကလည်း ဘယ် Feature
ဖုန်းတွေမှာမှဒီလိုအာမခံပေးထားတာမတွေ့ရပါဘူး။ OnyxM90 နဲ့ OnyxM50 တွေက TV
Tuner ပါတဲ့ Feature ဖုန်းတွေဖြစ်ပါတယ်။ ” ဟု Smart Pro ဂျာနယ်သို့ပြောသည်။
ပြည်တွင်းတွင်အသစ်ဝင်ရောက်လာသည့် Singtech Feature ဖုန်းများထဲတွင် Onyx
M90 နှင့် Onyx M50
နှစ်မျိုးသည်ပြည်တွင်းရုပ်သံလိုင်းများကိုဖုန်းတွင်ဖမ်းယူကြည့်ရှုနိုင်ပြီး
M90 သည်အင်တာနက်အသုံးပြုနိုင်ရန်အထောက်အကူပြုထားကြောင်းသိရသည်။ Singtech
Onyx M90
တွင်ဖုန်းကိုကာကွယ်မှုပေးနိုင်စေရန်ရောင်စုံကာဗာ၃ခုကိုအပိုထပ်ဆောင်းအသုံးပြုစေနိုင်ရန်ထည့်သွင်းပေးထားကြောင်းသိရသည်။
Singtech အမှတ်တံဆိပ် Feature Phone များဖြစ်သည့် Onyx M90 ကို
သုံးသောင်းလေးထောင်ကျပ်၊ Onyx M50 ကို လေးသောင်းကျပ်၊ Onyx M60 ကို
သုံးသောင်းကိုးထောင်ကျပ်နှင့် Onyx C21
တစ်သောင်းကိုးထောင်ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက Singtech Servie Center ဖုန်း- 01-202 588၊ 200 906
တို့တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။
Ref & Credit: အေးချမ်း ၊ SmartPro Journal
Home
»
မြန်မာ့သတင်း
» ၁၅၀၀ တန် GSM လိုင်းကတ်များတွင်အသင့်တော်ဆုံး အသုံးပြုနိုင်သည့် ဟန်းဆက်များ Cybercity ကုမ္ပဏီဖြန်ချိရောင်းချမည်
Subscribe to:
Post Comments (Atom)

Post a Comment