မကွေးခရိုင် အားကစားဝန်းအတွင်း ပွဲကြည့်စင်မြင့်ထက်တွင်
မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ ပါဝင်သည့် ဌာနဆိုင်ရာ အကြီးအကဲများ
တက်ရောက်၍ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးမည့် တန်ဖိုးနည်း ဆင်းကတ်များကို
မဲနှိုက်ဆုံးဖြတ်ပေးခဲ့ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
ရပ်ကွက်ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများမှ တစ်ဦးလျှင် (၅) ကြိမ်နှုန်း
အလှည့်ကျ မဲနှိုက်ဆုံးဖြတ်ခြင်း ဖြစ်သည်။ “ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ
ဘလက်ဘုတ်နဲ့ ကြေညာထားလို့
လာခဲ့တာ၊ အခု ပြန်လွှတ်နေတယ်၊ကိုယ်ကလျှောက်ထားတော့
မဲပေါက်မပေါက် သိရအောင် လာလိုက်တာပါ” ဟု အောင်စေတနာရပ်ကွက်မှ ဆင်းကတ်
လျှောက်ထားသူ အမျိုးသမီးမှ ကိုယ်တိုင်ကိုယ်ကျ မဲနှိုက်ရမည်အထင်ဖြင့်
လာရောက်ခြင်းကို ပြောပြခဲ့သည်။
ထိုသို့ မဲနှိုက်ရွေးချယ်ရာတွင် “ခွဲတမ်းက အလုံးရေ (၁၈၂၀)၊ GSM က အလုံး
(၅၂၀)၊ CDMA800 က အလုံး (၁၃၀၀)၊ GSM တိုင်ရှိတဲ့ ကျေးရွာ (၂၄) ရွာကို
အလုံးရေ (၃၂၀) ခွဲတမ်းပေးထားပါတယ်” ဟု အောင်ချမ်းသာရပ်ကွက် ရာအိမ်မှူးမှ
ရှင်းပြခဲ့သည်။ တောရောမြို့ပါ လျှောက်ထားသူ ဦးရေ (၆၀၀၀၀) ရှိခဲ့ပြီး
ထိုအထဲမှ စီစစ်၍ (၃၂၀၀၀) ကို မဲဖောက်၍ ချထားပေးခြင်း ဖြစ်သည်။
ရရှိသူများကို အသံချဲ့စက်ဖြင့် ရပ်ကွက်၊ ကျေးရွာအလိုက် မှတ်ပုံတင်
နံပါတ်များနှင့်တကွ ကြေညာပေးခဲ့သည်။ မလာရောက်နိုင်သူများအား
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံးများတွင် ကြေညာပေးထားမည်ဟု သတင်းရရှိပါသည်။
ထူးခြားချက်တစ်ခုမှာ ယခင်တန်ဖိုးနည်း ဆင်းကတ် CDMA800 များ ချထားပေးစဉ်က
ပြင်ပပေါက်ဈေး (၈၀၀၀၀) ၀န်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီ်း၊
ယခုတစ်ကြိမ် ချထားပေးမှုတွင် ယခုလက်ရှိ သတင်းရေးသားနေချိန်ထိ GSM ဆင်းကတ်သည်
(၁၃၀၀၀၀) ဈေးနှုန်းပေါက်ကြောင်း သိရသည်။
Ref & Credit: Yatanarpon Web Portal
Home
»
မြန်မာ့သတင်း
» ပွင့်လင်းမြင်သာမှုပိုရှိစေရန် ၁၅၀၀ တန် SIM Card များကို အားကစားကွင်းထဲမှာ မဲနှိုက်ဆုံးဖြတ်ခဲ့
Subscribe to:
Post Comments (Atom)

Post a Comment