0
ယခုနှစ်(2013) မှာ Smart phone Company များကနေ ထိပ်တန်း အရည်အသွေးရှိ ဖုန်းတွေ အပြိုင်အဆိုင် ထုတ်နေကြတာလည်း တွေ့မြင်ပြီးသားဖြစ်မှာပါ…. Samsung Galaxy S4 ,HTC One, Motorola Moto X စသဖြင့် ထွက်ပေါ်ခဲ့ပြီး အခု ရက် ပိုင်း အတွင်းကပဲ LG ရဲ့ အရည်အသွေးမြင့် ထိပ်တန်း Smart phone တစ်လုံးဖြစ်တဲ့  LG G2 ဖုန်းအသစ်ကို မိတ်ဆက်ပြသခဲ့တာ တွေ့ရပါတယ် .. ကောင်းမွန်သော စွမ်းဆောင်ရည်ပိုင်းနဲ့ ထုတ်လုပ်လာတဲ့ LG G2
ဖုန်းက Android ဖုန်း ပရိသတ်တွေ တော့ စွဲမက်ချင်စရာ ဖုန်းတစ်လုံးဖြစ်မှာ သေချာပါတယ် ..အခု လို အပြိုင်အဆိုင် ထုတ်လုပ် နေတဲ့  Smart phone တွေ မှာ ဘယ်ဖုန်းကဖြင့် မိမိနဲ့ သင့်တော် မလဲ  ဘယ်အမျိုးအစားကဖြင့် မိမိနဲ့ အဆင်ပြေမလဲ ဆိုတာကို တော့ရွေးချယ်တတ်ဖို့လိုပါတယ် …အရွေးမှားခဲ့ရင် ပေးထားရတဲ့ ဖုန်းရဲ့ တန်ဖိုးက မနည်းလှ သလို  ကိုယ်ကိုယ် တိုင် တယုတယ ကိုင်တွယ်ရမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည် ပိုင်းအတွက်လည်း စိတ် ကသိကအောက် ဖြစ်ရမှာပါ ..အဲဒါကြောင့် ဘယ်ဖုန်းကဖြင့် မိမိနဲ့ အဆင်ပြေနိုင်မလဲ……..? ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမယ့်  Android ကမ္ဘာထဲမှာ  Myanmar Mobile App Store ရဲ့ ပရိတ်သတ် တွေ အရွေး မမှား အတွေးမမှား အောင် နောက်ဆုံးပေါ်  ထိပ်တန်းအရည် အသွေး ရှိ  Smart phone များရဲ့ အကြောင်းအရာ၊ အချက်အလက်တွေ ကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်


Post a Comment

 
Top