KBZ ဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းနှင့်ဦးတေဇ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ရုရှားနိုင်ငံခရီးစဉ်တွင်လိုက်ပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရက်သတ္တ တပတ်ကြာ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း KBZ ဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်း၊ ဦးမိုးဆန်းအောင်၊ ဦးဇော်ဝင်းအောင် ဂျိုနသန်မျိုးကျော်သောင်းနှင့် မြန်မာစီးပွား ရေးလုပ်ငန်းရှင်ကြီး ဦးတေဇတို့ လိုက်ပါခဲ့ကြောင်း KBZ ဘဏ် အသိုင်းအ၀န်းမှ သိရှိရပါသည်။
ထိုသို့ ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားခရီးစဉ်တွင် ဦးအောင်ကိုဝင်း ဦးတေဇ ဦးမိုးဆန်းအောင်၊ ဦးဇော်ဝင်းအောင် ဂျိုနသန်မျိုးကျော်သောင်း တို့ ပါဝင်ခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူတကွသွားရောက်ခြင်းမဟုတ်ဘဲ ရုရှားနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ရုရှားခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေး ၀န်ကြီး General of the Army Sergey K.SHOIGU နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံရေး တိုးမြှင့်ရန်၊ မြန်မာတပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရန် နှင့် ရုရှားနိုင်ငံရောက် တပ်မတော်သား ပညာသင်များအရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင့်း ထို့ပြင် MiG တိုက်လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို သွားရောက်ကာ အဆင့်မြှင့် ထားသော MiG 29 M လေယာဉ်ကို အတူလိုက်ပါသွားသသည့် တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် လွင်ဦး ကိုယ်တိုင် စမ်းသပ်မောင်းနှင်ခဲ့ကြောင်း အစိုးရ သတင်းစာများတွင်ဖော်ပြထားသည်။
တင်ဦး(ရန်ကုန်)
Post a Comment