ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကိုက ဘဏ်အပ်ငွေအပေါ် ဘဏ်တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ၊ နိုင်ငံတော်ချေးငွေ ရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မေးမြန်းရာတွင် ဗီယက်နမ် အပါအ၀င် အခြားအာဆီယံ နိုင်ငံများတွင် အပ်ငွေနှင့် ချေးငွေအပေါ် အတိုးနှုန်း ခြားနားချက်မှာ ရာခိုင်နှုန်း နည်းပါးကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားသောကြောင့် စင်ကာပူ၊ ထိုင်း စသည်တို့မှ လုပ်ငန်းရှင်များသည် ၎င်းတို့နိုင်ငံ ဘဏ်များမှ ငွေများချေးယူ၍ မြန်မာနိုင်ငံ ဘဏ်များတွင် အပ်နှံကာ ဘဏ်တိုးနှုန်းမှ အမြတ်အစွန်းရယူ ဈေးကစားနေကြောင်း ပြောကြားသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာ ဘဏ်အတိုးနှုန်းများနှင့် နှိုင်းယှဉ်၍
မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းအား သင့်တော်သည့် အချိန်တွင် သင့်တော်သည့်
အတိုးနှုန်းသို့ စောင့်ကြည့်ဆောင်ရွက်လျက် ရှိသည် . . . . .
ထိုသို့ ဘဏ်အပ်ငွေ အတိုးနှုန်းအပေါ် အမြတ်ထုတ်ခြင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံရာတွင်လည်း မြန်မာလုပ်ငန်းရှင်များ မရနိုင်သည့် ကာလရှည် အခွန်ကင်းလွတ်ခွင့် ရရှိခြင်း၊ ၎င်းတို့ထုတ်ကုန်များမှာ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်း အပါအ၀င် အခြားသော အားသာချက်များကြောင့် မြန်မာနိုင်ငံသားပိုင် စက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည်တွင် ပြိုလဲသွားနိုင်ကြောင်း၊ ထို့အတွက် ဘဏ်အပ်ငွေ အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းသို့ လျှော့ချရန် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့မေးမြန်းမှုအပေါ် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြန်လည်ဖြေကြားရာတွင် ဘဏ်တိုးနှုန်းအား ထိုသို့ ငွေပမာဏ အုပ်စုအမျိုးမျိုးအတွက် အတိုးနှုန်း အမျိုးမျိုး တွက်ချက်ရန် ခက်ခဲကြောင်း၊ အပ်ငွေကျပ်သိန်း ၁,၀၀၀ အထက်အား အတိုးလေးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထိ အပ်ငွေအား အတိုးခြောက်ရာခိုင်နှုန်းအထိ ပေးလိုက်မည်ဆိုပါက အတိုးနှုန်း အမြင့်ဆုံးဖြစ်သည့် ရှစ်ရာခိုင်နှုန်း ရရှိရန် ပြည်သူလူထုမှ ကျပ် သိန်း ၅၀၀ အဖြစ်သာ ခွဲ၍ စာရင်းဖွင့်လှစ် အပ်နှံလာနိုင်ရာ ဘဏ်များတွင် စာရင်းများသာ ဖောင်းပွလာမည်ဖြစ်ရာ ထူးခြားမှု မရှိနိုင်ကြောင်း၊ ထို့အတွက် မတူညီသည့် အတိုးနှုန်းများ ပေးရန်မသင့်ဘဲ တစ်ပြေးညီ အတိုးနှုန်းကိုသာ ပေးသင့်ကြောင်း ပြောကြားသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာ ဘဏ်အတိုးနှုန်းများနှင့် နှိုင်းယှဉ်၍ မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းအား သင့်တော်သည့် အချိန်တွင် သင့်တော်သည့် အတိုးနှုန်းသို့ စောင့်ကြည့်ဆောင်ရွက်လျက် ရှိသည်ဟုသာ ဖြေကြားသွားသည်။
First Eleven Media Group
Post a Comment