၎င်းတို့အနက် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးမှာ မေ လ ၇ ရက်က အီရန်တောင်ပိုင်း ကက်စ်ဘင်မြို့၌ အစိုးရအား အကြည်အညိုပျက်အောင် ပြုမူ ပြောဆိုသဖြင့် ကြိမ်းဒဏ်အချက် ၁၁၀ကိုလည်းကောင်း၊အခြားတစ်ဦး အား အဘိုက်မြို့တွင် အလားတူ ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် ကြိမ် ဒဏ်အချက် ၇၀ကိုလည်းကောင်း သက်ဆိုင်ရာမြို့များရှိ မြို့လယ် လူ စည်ကားရာ ရင်ပြင်များတွင် စီရင် ခဲ့ကြောင်း ဇူလိုင်လ ၄ရက် အီရန် သတင်းများအရ သိရသည်။
အီရန်တွင်ယင်းသို့ကြိမ်ဒဏ် ပေးခြင်းမှာ နိုင်ငံတော်လုံခြုံရေး ကောင်စီ၏ တရားဝင်ကျင့်သုံးနေ သည့် ဥပဒေဖြစ်ကြောင်းနှင့် လူ ထုရှေ့ ယင်းသို့ ပြစ်ဒဏ်ပေးခြင်း မှာ ပြစ်ဒဏ်ကျခံရသူများကို လူ ညွန့်တုံးစေပြီး၊ အရှက်တကွဲ အကျိုးနည်းစေသည့် လူမဆန် သော လုပ်ရပ်ဖြစ်သည် ဟု အီရန်ပြည်သူများ ဝေဖန်ပြော ကြားမှုများ ရှိသည်။
ကျော်စိန်
The hot News
Post a Comment