0
လူကြီးတန်းစာရေးဆရာများဖြစ်သော ဆရာကြည်မင်း၊ ဆရာမင်းသစ်၊ ဆရာမရွှေကူမေနှင်း တို့ ဦးဆောင်မှု
ဖြင့် စာရေးဆရာအလတ်တန်းနှင့် အငယ်တန်းမျိုးဆက်သစ်များအနေနှင့် အင်္ဂလိပ်စာပေ လေ့လာနိုင်ရန်၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိသည်။ 

ဆွေးနွေးပွဲများကို တနင်္ဂနွေနေ့တိုင်း ၁း၀၀ နာရီမှ ၅း၀၀ နာရီအထိ၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် ၂၂၈၊ (ပထပ်၊ လက်ယာ) ရှိ ဆရာမောင်ဝံသ၏ သတင်းစာ သင်တန်းခန်းမတွင် ပြုလုပ်ခြင်းဖြစ်သည်။ 


၁၄-၇-၂၀၁၃ တနင်္ဂနွေမှစ၍ ၅ပတ်မျှ ပြုလုပ်ရန် လျာထားကြောင်း၊ ဤဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ 
မြန်မာ မီဒီယာလောက သားများ၊ အင်္ဂလိပ်စာပေနှင့် ရင်းနှီးလာစေရန်နှင့်  ပြည်ပ စာရေးဆရာများ နှင့် ပြောဆိုဆက်ဆံနိုင်ရန် တို့ဖြစ်ကြောင်း၊ အစီအစဉ်မှူး စာရေးဆရာရဲသျှမ်းကပြောဆိုပါသည်။

 “ကျွန်မတို့က ‘ပေး’ ရမယ့်အရွယ်ရောက်နေပြီ။ ကလေးတွေကို ကျွန်မတို့မသေခင် တတ်နိုင်တာလေးတွေ လုပ်ပေးတာပါ။ ကလေးတွေက ၆၄ ကစပြီး အင်္ဂလိပ်စာသင်ခွင့် နည်းပါးခဲ့လို့ ခါးဆက် ပြတ်ခဲ့ရတာပါ။ အခုပြန်စပြီး ကြိုးစားနေကြတာမို့ ကိုယ်က ပါဝင်ကူညီရတာပါ” ဟု ဆရာမ ရွှေကူမေနှင်း ကဆိုသည်။ 

တက်ရောက်လိုသူများသည် “အင်္ဂလိပ်စာပေလေ့လာရေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစီအစဉ်မှူး ဆရာရဲသျှမ်း (ဖုန်း- ၀၉ ၅၄၁၂၀၇၃) ” သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

သုန္ဒရီစံ ~

Post a Comment

 
Top