0
ဂျာမနီမှ ထုတ်လုပ်ထားတာပါ။ Lernstift လို့အမည်ပေးထား တဲ့ ဘောလ် ပင် ဖြစ်ပါတယ်။

သာမန်ဘောလ်ပင်တစ်ချောင်းလိုပါပဲ။ မင်ဖြည့်ပြီး သုံးရမှာ ဖြစ်ပါတယ်။ ထူးခြား ချက်ကတော့ Linux bases OS ပါရှိခြင်းပါ။ အပြည့်မဟုတ်ပါဘူး။ Spelling error ပြင်ပေးဖို့အတွက် လုံလောက်တဲ့ Chip နဲ့ Memory ပါရှိခြင်း ဖြစ်ပါတယ်။ ဒီတော့ Smart Pen လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။


ဂျာမန်ဘာသာစကားနဲ့၊ အင်္ဂလိပ်ဘာသာစကားအတွက်ပဲ ပရိုဂရမ်ထည့်သွင်း ထားပါသေးတယ်။ ဒါကြောင့် ယင်းဘာသာစကားများနဲ့ ရေးသားတဲ့အခါမှ စာလုံးပေါင်း အမှားတွေကို ပြင်ပေးမှာ ဖြစ်ပါတယ်။ Word အနေနဲ့ရော၊ Sentence အနေနဲ့ရော ပြင်ဆင်ပေးမှုကို Customize လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ရေးသားတဲ့ လမ်းကြောင်းကို မှတ်သားပြီး ဘောလ်ပင်က သူ့ Memory ထဲမှာ အလိုအလျောက်စာလုံးပေါင်းတာပါ။ ပြီးတော့မှ မှတ်သားထားတဲ့ မှတ်ဥာဏ်ထဲမှာ မပါရင် မှားတယ်လို့ ယူဆပြီး တုန်ခါမှုနဲ့ အချက်ပေးပါတယ်။ အခြားဘာသာစကားများနဲ့လည်း ထွက်ရှိနိုင်အောင် ဆက်လက်တီထွင်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

Post a Comment

 
Top