အဆင်ကတော့ ပြေနေတာပဲ။ ကျောက်သင်ပုန်း၊ ပိတ်ကား၊ White Board ပေါ်က စာတွေကို ဒီခေတ်လူတွေ တော်ရုံ မကူကြတော့ ပါဘူး။
စာဖတ်သူတို့ထဲမှာကော အဲ့လိုလုပ်တယ်မလား။ ကျနော်တို့လည်း လုပ်ဖြစ်ပါတယ်။ အကြံတော့ ပေးချင် တယ်။ အဲ့ပုံတွေ၊ စာတွေ အိမ်ရောက်ရင် ပြန်ဆွဲ တာမျိုး၊ ပြန်ကူး တာမျိုးတို့ လုပ်ဖို့ လိုအပ် ပါတယ်။ တော်ကြာ Trash ထဲ ထည့်မိနေမယ်။ အရေးမကြီးရင်တော့ တစ်မျိုးပေါ့။ နောက်ပိုင်း ကျတော့ ပုံရိုက်လိုက်၊ မှတ်လိုက်နဲ့ဆို မထူးဘူး။
ရေးဖို့၊ဆွဲဖို့ အချိန်ပေးနိုင်ရင်တော့ စာသင်ခန်းထဲမှာပဲ ပြီးအောင် တစ်ခါတည်းလုပ်တာ အကောင်းဆုံးပါ။ အမှန်အတိုင်းပြောရရင် အဲ့ပုံတွေကို ၁၀ ယောက်မှာ ၄ ယောက်လောက်ကပဲ အိမ်ရောက်တော့ ပြန်ကြည့်ဖြစ်ပါတယ်။ လေးယောက်ထဲမှာ စာဖတ်သူတို့ ပါပါစေ။
စမတ်ဖုန်းကို ယနေ့ခေတ် သင်ကြားမှု စနစ်မှာ အကျိုးရှိရှိ အသုံးချ နိုင်ရန် လိုအပ်ပါတယ်။
--
Aung Kham (TSJ team)
--
Post a Comment