ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူလူထုမှ မိမိတို့ ၏
အကျိုးဆောင်ရွက်မည့်ပုဂိ္ဂုလ် များ၊ ပါတီများအားလုံး ယုံကြည် စွာဖြင့်
ဆန်္ဒပေးရွေးချယ်တင် မြောက်ခြင်းဖြစ်သဖြင့် ပါတီများ အနေဖြင့် ၂၀၁၅ အထွေထွေ
ရွေးကောက်ပွဲကြီးတွင် နေရာရရှိ ရေးထက် ပြည်သူလူထုအကျိုးကို သာ စေတနာရှိစွာ
ရှေ့တန်းထား လုပ်ဆောင်ရန်သာ အဓိကလို အပ်ကြောင်းနှင့် လူထုအပေါ်
အကျိုးပြုနိုင်ဆုံးနှင့် စေတနာ အထားနိုင်ဆုံးသောသူများသာ လူထု၏
အသိအမှတ်ပြုခြင်းခံရ မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ
ဦးဌေးဦးက ဆို သည်။
““၂၀၁၅ ပါတီစုံရွေးကောက် ပွဲကြီးမှာ နေရာရရေးဆိုတာထက် ပါတီတွေအားလုံးဟာ
ပြည်သူလူ ထုအကျိုးကို ထိရောက်စွာ လုပ် ကြဖို့လိုမယ်။ လုပ်လည်းလုပ်ကြရ
လိမ့်မယ်။ ပါတီတိုင်းဟာ ပြည်သူ လူထုအကျိုးအတွက် အလုပ်လုပ် ဖို့တာဝန်ရှိတယ်။
အဲသလိုလုပ်တဲ့ အခါမှာလည်း ၂၀၁၅ ဆိုတာ ထား၊ စေတနာရှိရှိ၊ နည်းမှန်လမ်း
မှန်နဲ့ ထိထိရောက်ရောက် ပြည် သူတွေအတွက် လုပ်ပေးကြရလိမ့် မယ်။ ဒါမှ
ပြည်သူလူထုက ယုံ ကြည်မယ်။ အားကိုးချင်လာမယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာက
ဘယ်သူက ပြည်သူ့အတွက် ပို လုပ်ပေးသလဲဆိုတာကို လူထုက ရွေးချယ်ပြီး
တာဝန်ပေးမယ့်ပွဲ၊ ဒါကြောင့် နေရာကိုဘေးထား၊ လူထုအတွက် စေတနာရှိရှိလုပ်ဖို့
လိုတယ်။ ပါတီတွေဟာ သူတို့ရဲ့ ပြည်သူလူထုအကျိုး ဆောင်ရွက် ချက်တွေကို
ပြည်သူလူထုကိုတင် ပြီး အဲဒီလူထုရဲ့ ရွေးချယ်မှုနဲ့
လာမယ့်ရွေးကောက်ပွဲကြီးကနေ တစ်ဖန်တာဝန်ပြန်ယူရမယ်။ မြန်မာပြည်သူတွေကလည်း
ရင့် ကျက်လာပါပြီ။ သူ့အပေါ် ဘယ် သူကကောင်းသလဲ၊ ဘယ်သူက ဘာလုပ်ပေးသလဲဆိုတာ
ကြည့် တက်လာပါပြီ”” ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News
သို့ပြောသည်။
ဦးဌေးဦး၏ ဆက်လက်ပြော ကြားချက်အရ ယခုကာလသည် ပါတီများအတွက် ပြည်သူလူထု ၏
စမ်းသပ်ခံကာလတစ်ခုဖြစ်ပြီး ယင်းကာလ၌ လူထု၏အပေါ် စေတနာသန့်သန့်ဖြင့် ကူညီသူ၊
ရပ်တည်သူများသာ ၂၀၁၅ ပါတီ စုံအထွေထွေရွေးကောက်ပွဲကြီး၌ ပြည်သူလူထု၏
စိတ်ချယုံကြည် စွာ တာဝန်ပေးအပ်ခြင်းခံရမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ခန့်ခန့်(ဒဿနိက)
Home
»
မြန်မာ့သတင်း
» ပါတီများအားလုံး ၂၀၁၅ နေရာရရေးထက် လူထုအကျိုးစေတနာရှိစွာ လုပ်ရန်လိုကြောင်း ဦးဌေးဦးဆို
Subscribe to:
Post Comments (Atom)

Post a Comment