ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးစတဲ့ လယ်ယာ စိုက်ပျိုးရေး သွင်းအားစုတွေ တင်သွင်း
ထုတ်လုပ်ရောင်းချခြင်းအပေါ် သက်ဆိုင်ရာက အခွန်ကင်းလွတ်ခွင့် ပြုနေပေမယ့်
အဲ့ဒီသွင်းအား စုတွေရဲ့ ဈေးနှုန်း သိသိသာသာ ကျဆင်းခြင်း မရှိတာဟာ လယ်သမားတွေ
ဓာတ်မြေဩဇာ မသုံးစွဲနိုင်တာကြောင့် ဖြစ်တယ်လို့ သမ္မတရဲ့ လူမှုစီးပွား
အကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးက ပြောပါတယ်။ တောင်သူလယ်သမားတွေ
သီးနှံဈေးကောင်းရဖို့ ဖန်တီးပေးနိုင်မှ ဓာတ်မြေဩဇာလို သွင်းအားစုတွေ
သုံးလာနိုင်ကြမယ်လို့ ဆိုပါတယ်။ ဒီခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးတင်ထွဋ်ဦးကို
ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ
Subscribe to:
Post Comments (Atom)

Post a Comment