အင်းလျားလမ်း၊ လွှတ်တော်အဆောက်အအုံတွင် ပြည်သူ့လွှတ်တော်မှ ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်များ၊ လွှတ်တော်ကော်မတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr.Derek Mitchell၊ အမေရိကန်နိုင်ငံရှိ USAID အဖွဲ့အစည်းတို့နှင့် မေ ၆ ရက်က တွေ့ဆုံသည့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရဲ့ အခြေခံ အကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ အဆင်ပြေသလားကြည့်လိုက်ရင် အဆင်မပြေကြဘူး . . . . . |
အလားတူပင် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲညှိနှိုင်းရေး အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။
"မြန်မာနိုင်ငံရဲ့ အခြေခံ အကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ အဆင်ပြေသလားကြည့်လိုက်ရင် အဆင်မပြေကြဘူး။ သာမန်ကြည့်ရင် သူတို့အဆင်မပြေတာ ဆိုပေမယ့် နိုင်ငံနဲ့ဆိုင်တဲ့ ပြဿနာပါ။ သူတို့ဆင်းရဲနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းတဲ့နိုင်ငံ ဖြစ်မလာနိုင်ပါဘူး" ဟု သူရဦးရွှေမန်းက သုံးသပ်သည်။
မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပွားနေသည့် လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားအများစုမှာ ဘ၀ရပ်တည်ရေး ခက်ခဲမှု ရှိနေသည့်အပြင် ထိုက်သင့်သည့် ကာလပေါက်ဈေး လျော်ကြေးငွေ မရရှိမှု၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကြောင့် ဘ၀ရပ်တည်ရန် ခက်ခဲမှု စသည့်ဖြစ်စဉ်များအပြင် စိုက်ပျိုးစရိတ်ချေး ငွေမလုံလောက်မှုကြောင့် ပြင်ပမှ အတိုးနှုန်း မြင့်မားစွာ ရှာဖွေစိုက်ပျိုးနေရမှုများ ရှိနေကာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ယနေ့တောင်သူ အများစုသည် အကြွေးပတ်လည်ဝိုင်းသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
Post a Comment