”ခုဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ
သမ္မတကြီးဆီက ထုတ်ပြန်ခဲ့တဲ့ အမိန့် တွေ၊ ပုဒ်မ ၁၄၄ လို အမိန့်တွေ တို့လို
ဟာတွေကို လွှတ်တော်ကနေ အတည် ပြုပေးဖို့ ခေါ်ယူတဲ့ အစည်းအဝေး ဖြစ် မှာပါ။
အဲဒီအပိုင်းတွေက လွှတ်တော်မှာ အသိပေး အတည်ပြုထားဖို့ လိုပါတယ်။
ကျန်တဲ့အပိုင်းတွေက ဇွန်လမှာ ခေါ်ယူမယ့် အစည်းအဝေးကျမှပဲ ဆက်လက်လုပ်
သွားမယ့် သဘောပါ။ ခုအရေးပေါ် အစည်းအဝေးက သုံးရက်လောက်ပဲ ကြာမယ်ထင်ပါတယ်” ဟု
၎င်းက ပြော သည်။
ယင်းအရေးပေါ် အစည်းအဝေးကို
ယခုလ ၂ဝ ရက် (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ပြီး ပုံမှန် အစည်းအဝေး ကို
ဇွန်လ နောက်ဆုံး ပတ်တွင်ခေါ်ယူ သွားမည်ဖြစ်သည်။နိုင်ငံတော်သမ္မတသည် အရေး ပေါ်
အစည်းအဝေးခေါ်ယူခြင်းနှင့် ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၃
(က)တွင် နိုင်ငံတော် ကျူးကျော် တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံ အခြေ
ခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး
ကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို
ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
ထို့အပြင်
၂၁၃ (ခ)အရ သမ္မတ ၏ ဆောင်ရွက်ချက်သည် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး
ကျင်းပနေချိန် မဟုတ်ပါက ပြည်ထောင်စုလွှတ် တော်အစည်းအဝေးကို အရေးပေါ် ခေါ်ယူ၍
တင်ပြအတည်ပြုချက် ရယူရ မည်ဟု ပြဋ္ဌာန်းထားသည်။
အောင်ထက် (NYK)
Post a Comment