ကန်ဒေါ်လာ အဟောင်းအနွမ်း များ လဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း
လုပ်ကိုင်ခွင့်ရ ဘဏ်များက ငြင်းဆန် ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့်
သွားရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟိုဘဏ်ငွေကြေး စီမံ
ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။
ဗဟိုဘဏ်က
ကန်ဒေါ်လာ အဟောင်းအနွမ်းအား လဲလှယ်ပေးကြ ရန် အမိန့်ကြေညာစာကို ၂ဝ၁၂ ခုနှစ်
ကတည်းက ထုတ်ပြန်ထားခဲ့ရာ အချို့မှာ ယခုအချိန် အထိလိုက်နာမှု မပြုကြဘဲ
ဟောင်းနွမ်းတွန့်ကြေမှုကို လဲလှယ်ပေးရန် ငြင်းဆန်နေဆဲအပေါ် ၎င်းက
ထိုသို့ပြောခြင်းဖြစ်သည်။
''ဗဟိုဘဏ်ရဲ့ အမိန့်ညွှန်ကြားမှု တွေကို
အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေ မလိုက်နာလို့ မရပါဘူး။ လိုက်ကို
လိုက်နာရပါတယ်'' ဟု ၎င်းက ပြောသည်။ ဘဏ်ကောင်တာများက မလဲပေး ပါက ဘဏ်တာဝန်ရှိသူ
မန်နေဂျာနှင့် တွေ့လိုကြောင်းခွင့်တောင်း၍ ဗဟို ဘဏ်က ကြေညာထားခြင်းကြောင့်
လဲလှယ်ပေးရန်တောင်းဆိုရမည်ဟု
၎င်းက ဆက်ပြောသည်။
''ဘဏ်ကောင်တာနဲ့တော့ ဘယ် ပြီးမလဲ။ သူ့ ထက်တာဝန်ရှိတဲ့သူနဲ့တွေ့ မှ ရမှာပေါ့''ဟု ဦးကျော်ဝင်းတင်က ဆက်ပြောသည်။
မေပထမပတ်အတွင်း
ရန်ကုန် မြို့လယ်ခေါင်ရှိ ပုဂ္ဂလိကဘဏ်တစ်ခု တွင်ကန်ဒေါ်လာကို
မြန်မာငွေနှင့်သွားလဲရာ ဘဏ်ကောင်တာမှ အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာတွင်
အမည်းရာ
ရှိနေ၍ မလဲပေးနိုင်ဟု ငြင်းဆန်ခဲ့သည့် အပြင် မန္တလေးတွင်လည်း
ရေနံလုပ် သားတို့သွားလဲရာတွင် တွန့်နေ၍ မလဲပေးခဲ့ဟု
ကိုယ်တွေ့ကြုံခဲ့ကြသူတို့က ပြောသည်။
''ပြောတာပဲ။ မရဘူး။ မလဲပေးနိုင်
ဘူးပဲ ပြောတယ်''ဟု အထက်ပါကိစ္စကို ကြုံတွေ့ခဲ့သူ ကိုဇော်မျိုးက
ဆိုသည်။မြန်မာဘဏ်များ၏ ကန်ဒေါ်လာ အဟောင်းအနွမ်း အတွန့်အကြေကိစ္စကို CNN
သတင်းဌာနကပင် ထည့်သွင်း ၍ ပြည်ပခရီးသွားများ မြန်မာသို့ လာပါက
သိထားရမည့်အချက်ထဲတွင်
။အဆိုပါဖြစ်စဉ်များ အမှန်တကယ် ရှိနေခြင်းအပေါ်
ပေါ်ပြူလာနယူးစ်က ဗဟိုဘဏ်သို့မေးရာ အဖွဲ့များဖြင့် စစ် ဆေးမည်ဖြစ်ကြောင်း
တရားဝင်ပြောခဲ့ သော်လည်း လက်တွေ့ရှိနေခြင်းကို အရေးယူဖော်ထုတ်မှု
မပြုနိုင်သေး ကြောင်း သိရှိရသည်။
Popular Myanmar News Journal
Subscribe to:
Post Comments (Atom)

Post a Comment