အားလုံးပဲမင်္ဂလာပါခင်ဗျား.....
Symbian သုံးဖုန်းဖြစ်တဲ့ Nokia ဖုန်းတွေမှာ
ဇော်ဂျီကီးဘုတ်အသစ် ရပါပြီ။ ကျနော်လည်းခေါင်းစားနေခဲ့တာကြာပါပြီး စကားစပ်မိလိုပါခင်ဗျား မနေ့ညပိုင်းလောက်မှသူငယ်ချင်းတစ်ယောက်က nokia window 8 ဖုန်းနဲ့ရောက်ချလာတာ ဘာလုပ်လို့ လုပ်ရမှန်းမသိ (၀င်းမ္ဘာကျော် နည်းပညာမှတ်တမ်း) ထဲလည်းသွားအော်လိုက်သေး (ဘာလော့ခရီးသည်)ထဲလည်းအပူသွားပေးလိုက်သေး အဟ===အခုတော့ ကျနော်တွေ့ပါပြီခင်ဗျား (၀င်းကမ္ဘာကျော်)ကပဲဒီနေ့တင်လိုက်ပါပြီ =ဒီမှာဆက်ဖတ်လိုက်ပါ=
အစောပိုင်းကတော့ Opera Mini မှာ
မြန်မာလို မြင်ရအောင် လုပ်ထားကြတော့ Web Text Editor လေးနဲ့
Opera Mini ထဲမှာပဲ ဇော်ဂျီကို ရိုက်လို့ရအောင်
လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် Responsive အနေနဲ့
မရေးခဲ့တော့ ဖုန်းအနေအထားပေါ်မူတည်ပြီး အဆင်မပြေဖြစ်တာ
များပါတယ်။
ဟိုး အရင်ကလည်း Nokia ဖုန်းတွေအတွက် ကီးဘုတ်တစ်မျိုး
ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ် ထည့်ဖို့ရာ
သိပ်အဆင်မပြေပါဘူး။ ဖုန်းကို Hack ထားမှ ထည့်လို့ရပါတယ်။
Hack ထားရင်တောင်မှ မူလရှိပြီးသား ကီးဘုတ်နေရာမှာ
အစားထိုးခွင့် မပေးတာမျိုးလည်း ရှိပါတယ်။
ယခုနည်းကတော့ ကျွန်တော် တရုတ်ဆော့ဖ်ဝဲလ် Baidu Input ရဲ့
Skin ကိုသာ ဆွဲထားတာ ဖြစ်တဲ့အတွက် ဖုန်းကို Hack ထားဖို့လည်း
မလိုပါဘူး။ Baidu Input ဆော့ဖ်ဝဲလ်ကိုသွင်းပြီး
ကိုယ်ဆွဲထားတဲ့ ဇော်ဂျီကီးဘုတ် Skin ကို ၎င်း Baidu Input မှာ
ရွေးပေးလိုက်ရုံပါပဲ။
လိုအပ်တဲ့ Software နှင့် Install ပြုလုပ်နည်း အပြည့်စုံကို ဒီ Link ကတဆင့် လေ့လာ ဒေါင်းယူနိုင်ကြပါတယ်...
အားလုံးအဆင်ပြေကြပါစေ.....
Post a Comment