Samsung Galaxy S4 မကောင်းဟုဆိုသော HTC
ထိုင်ဝမ်အခြေဆိုက် HTC စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီ မှ အရာရှိ တစ်ဦးက ပေါ်တင်ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။
Samsung Galaxy S4 ရဲ့  ပလက်စတစ်ကိုယ်ထည်က စွဲဆောင်မှု မရှိကြောင်း၊ ကြံ့ ခိုင်မှု မရှိကြောင့် HTC One ရဲ့  အလူမီနီယံ ကိုယ်ထည် နဲ့ နှိုင်းယှဉ်လို့ ဝေဖန်သွားခြင်း ဖြစ်ပါတယ်။ HTC One အနေနဲ့ နိုင်ငံတကာ Phone Review တွေမှာ ကြယ်ငါးပွင့် ရထားတော့ HTC မှာ မာန်တက်နေ တယ်လို့တောင် ဝေဖန်ထားကြ ပါတယ်။ သို့ပေမယ့် Samsung Galaxy S4 အမှန်တကယ် ထွက်ရှိတဲ့အခါ သူ့ ရောင်းအားကို လိုက်မမှီ မှာတော့ စမတ်ဖုန်း ဈေးကွက် တစ်ခုလုံးက စိုးရိမ် နေကြပါတယ်။
Samsung Galaxy S3 တုန်းက ရောင်းအားလုံးပဲ S4 မှ ရရှိနိုင်ပြီး ကမ္ဘာ့ရောင်းအားကောင်း စမတ်ဖုန်း တစ်ခု ဖြစ်လာမယ်လို့လည်း ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
--
Ref: pocketlint
Post a Comment