0
ဒီနေ့ကျနော်မျှဝေချင်တာလေးတစ်ခုကတော့ မိမိရဲ့ကိုယ်ပိုင်ဖုန်း Android တွေမှာ Backup ဘယ်လိုလုပ်
မလဲဆိုတာလေးပါ ဒါကဖုန်းအတွက်တစ်စိတ်တဒေသကနေအရေးကြီးပါတယ်
ဆိုကျနော်စလိုက်ကြရအောင်ဗျာ
1. ပထမဆုံးအနေနှင့်ကတော့ Android Market ထဲကိုဝင်လိုက်ပါ အဲဒီထဲမှာ Go backup ဆိုတဲ့ ဆော့ဖဲဝဲလေးကို ဒေါင်းလော့ယူပြီးကိုယ့်ဖုန်းထဲမှာ Install လုပ်လိုက်ပါ
2. Install လုပ်လိုပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ application menu မှာ Go backup ဆိုတဲ့ မောင်းတင်ထားတာလေးကို တွေ့ရင် အဲဒီဖိုင်ကိုနှိပ်ဖွင့်လိုက်ပါ-
3. သုံးအဆင့်ကလေးကိုရောက်လာပြီဆိုတဲ့အခါမှာတော့-“Local Backup” ဆိုတာလေးကိုမြင်ရပါမယ်
New backup ဆိုတာလေးကိုနှိပ်လိုက်ပါ

4.  loading applications list အချိန်မှာတော့ ခနလေးလောက်စောင့်ပေးရပါမယ်


5. Loading applications list လေးပြီးသွားတဲ့အခါမှာတော့ သူ့အထဲမှာ  3 Backup Option လေးဆိုတာကိုမြင်ရပါမယ် 1. User Data 2. System Setting. 3. User Applications.


 6. ဒီအဆင့်အထိရောက်လာပြီဆိုရင်တော့ User Applications. ဆိုတဲ့ သုံးခုမြောက်ကို အမှတ်ကလေးခြစ်ပေးလိုက်ပါ ပြီးရင် Start Backupဆိုတာလေးထပ်နှိပ်ပေးပါ
ဆို How To Backup All Your Installed Applications on Android Device ဆိုတာလေးအောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျား-

တကယ်လို့ကိုယ့်နောက်ထပ် ဆော့ဖ်ဝဲလေးတွေကို  Backup လေးလုပ်ချင်သေးတယ်ဆိုရင်တော New Backup ဆိုတာနှိပ်ရှာပြီး Start Backup ဆိုတာလေးကို နှိပ်လိုက်ရုံပါပဲခင်ဗျား
ကဲအားလုံးပဲအဆင်ပြေနိုင်ကြပါစေလို့ ဆန္ဒများနှင့် (ဝေယံ-လေရူးသုန်သုန်)
Created by ဝေယံ...
ကျေးဇူးပြုလို့ like လေးပေးထားခဲ့ပါဦး

Post a Comment

 
Top