အမေရိကန် ရေတပ်အတွက် တီထွင်သော ဂျယ်လီငါးစက်ရုပ်
Virginia Tech အဂျင်နီယာ ကောလိပ်ကျောင်းမှ ကျောင်းသားများ ကြိုးစား ဖန်တီးထားမှု ဖြစ်ပါတယ်။
တကယ့် ဂျယ်လီငါးတစ်ကောင်လို ဖြစ်နေတာကို ပုံမှာ မြင်တွေ့ရပါတယ်။ ရည်ရွယ်ချက်ကတော့ ရေတပ် နဲ့ အခြားသုတေသန လုပ်ငန်းတွေမှာ အသုံးပြုစေဖို့ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ အလုပ်လုပ်ဖို့ လေးနာရီ မနားတမ်း ရေကူးနိုင်တယ်လို့ ဆိုပါတယ်။
လက်၈ချောင်းပေါ်ကို ဆီလီကွန်အရေခွံလာဖုန်းအုပ်လိုက်ခြင်း ဖြစ်ပြီး တကယ့် ဂျယ်လီငါးလို့ မြင်တွေ့စေရမှာ ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၅ပေ ၇ လက်မ အရှည် ရှိပြီး ပေါင် ၁၇၀ ရှည်ပါတယ်။ ငါးနှစ်ကြာ အချိန် ယူပြီး ကျောင်းသားလူငယ်တို့ တီထွင်ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: geek
Aung Kham (TSJ team)
Post a Comment