မတ်လ နောက်ဆုံးပတ် ကားဈေးကွက်အတွင်း ကားအရောင်းအ၀ယ်ပြန်လည် ကျဆင်းခဲ့ပြီး
ဆက်လက်အပ်နှံရန် ကျန်ရှိသည့် 'သ' နှင့် 'အ'အက္ခရာ ကားများမှာ လက်ရှိအပ်နှံဆဲဖြစ်သည့်
'လ'အက္ခရာ ကားများနည်းတူ ဈေးမြင့်လာကြောင်း ကားဝယ်ရောင်းများက ပြောသည်။
"ပြီးခဲ့တဲ့တစ်ပတ်ကထက်စာရင် ကား ဈေးကွက်က ဒီရက်ပိုင်းမှာ အရောင်းပြခန်း တွေမှာရော ပြင်ပ
ကားဝယ်ရောင်း ဈေးကွက်မှာပါ သိသိသာသာကျလာတယ်။ သီရိမင်္ဂလာဈေးဟောင်း ကားဝယ်
ရောင်းလုပ်ကွက်မှာပါ အရောင်း အ၀ယ်နည်းလာတယ်။ ပြီးခဲ့တဲ့အပတ် တွေကဆိုရင် သီရိမင်္ဂလာ
ယာဉ်ရောင်းဝယ်ရေးစခန်းနဲ့ မင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်းတွေမှာ သူ့နည်း သူ့ဟန်နဲ့
အရောင်းအ၀ယ်ကောင်းခဲ့ ကြတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုကျော်စွာထွန်း က
ပြောသည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ
Subscribe to:
Post Comments (Atom)
Post a Comment