0
တရုတ်အရှေ့မြောက်ပိုင်းရှိ တန်ကွာသတ္တုတွင်းအဖွဲ့ လက်အောက်ရှိ နိုင်ငံပိုင် ကျောက်မီးသွေးတစ်တွင်းတွင် မတ် ၂၉ ရက် ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၀ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ကြီးကြပ်ရေးဗျူရိုမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ဒဏ်ရာရခဲ့သူများမှာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ မရှိခဲ့ကြောင်းလည်း သူက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနယ်စပ်အနီး ကျီလင်ပြည်နယ်၏ အစိတ်အပိုင်းဖြစ်သော ပိုင်ရှန်မြို့ရှိ ပါပေါင်ကျောက် မီးသွေးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:AFP
မူရင်းလင့်

Post a Comment

 
Top