0
နေလောင်အသားအရည်အတွက် ကာကွယ်စရာ

အသားအရေပျက်စီးစေတဲ့ အချိန်တွေထဲမှာ သင်္ကြန်ပြီးကာလဟာ အသားအရေအပျက်အစီးဆုံး ကာလတစ်ခုပဲဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ လူပေါင်းများစွာဟာ နေ၊ရေ ကြောင့်အသားအရေပျက်စီးရတတ်ပါတယ်။နေ ၊ရေ ကြောင့် ပျက်စီးရတဲ့ အသားအရေဟာ အရက်သေစာ အလွန်အကျွံသောက်စားခြင်း၊ အစားအသောက် မမှန်ခြင်း တို့ကြောင့်လည်း ပိုပြီးပျက်စီးနိုင်ပါသေးတယ်။နေလောင်ဒဏ်အပြင် အရေပြားတွန့်ခြင်း ၊အစက်အပြောက်များပေါ်လာခြင်းတို့ပါ ဆထက်ထမ်းပိုး ပိုဖြစ်ပွားလာနိုင်ပါသေးတယ်။


အသားအရေအတွက် အကျိုးပြုသောဗီတာမင်များ
ဗီတာမင်စီဟာ နေလောင်အသားအရေအတွက် အများကြီး ကုသပေးနိုင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးတဲ့ အပေါ်ယံလွှာက ဆဲလ်တွေကို တစ်ဖန်ပြန်ပြီး ကုစားပေးနိုင်ပါတယ်။ ဗီတာမင်အီးဟာလည်း နေလောင်အရေပြားကို ကုစားပေးနိုင်စွမ်းရှိပါသေးတယ်။ ဗီတာမင်စီလို အစွမ်းရှိရုံအပြင် နေလောင်တာကို ရေရှည်ခံထားရတဲ့အရေပြားတွေကိုကောင်းစွာ ကုသပေးနိုင်စွမ်းရှိပြီး အရေပြားတွန့်ခြင်း ကိုပါကာကွယ်ပေးပါတယ်။ ဗီတာမင်အေဟာလည်း အရေပြားအားဆေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကြမ်းတမ်းခြင်းအတွက် နူးညံ့ချောမွေ့ညီညာလာအောင် ကူညီပေးပါတယ်။နေလောင်ဒဏ်ကိုလည်း ကုစားပေးနိုင်ပါသေးတယ်။ ဗီတာမင်စီ ၊အီး ၊အေ တို့ဟာ နေလောင်ဒဏ်အပြင် ဝက်ခြံကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဇင့်ဓာတ်ကိုလည်း ခန္ဓာကိုယ်အတွက် လုံလောက်မျှတအောင် မှီဝဲထားသင့်ပါတယ်။ မုန်လာဥ၊ခရမ်းချဉ်သီး ၊ကျောက်ဖရုံသီး။

နေလောင်ဒဏ်အပြင်းဆုံးအချိန်
အိုကာလာဟိုးမားတက္ကသိုလ်က လေ့လာချက်အရ မနက်(၁၀)နာရီ နဲ့ ညနေ (၄)နာရီကြားအချိန်ဟာ နေပူအပြင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ ပျော်မြူးကြမယ့် မောင်မယ်များအတွက်  SPF 15 ပါတဲ့ နေလောင်ကာခရမ်ကို နှစ်နာရီကြား တစ်ခါလိမ်းပေးသင့်ပါတယ်။

အသားအရေအတွက် ရှောင်စရာအစားအသောက်များ
ဆီကြော်အစားအသောက်များ၊ အငံပါသော အစားအသောက်များ၊ အချိုဓာတ်များ အစားအသောက်များကိုရှောင်ပေးပါ။ ကဖင်းဓာတ်များသော အစားအသောက်တွေကိုလည်းရှောင်ပေးသင့်ပါတယ်။ဆေးဆိုးထားတဲ့ အစားအသောက်တွေကိုလည်း ရှောင်ပေးပါ။အသားအရေအတွက် ကောင်းကျိုးပြုစေတဲ့ အစားသောက်တွေကတော့ ငါး၊သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်များများ ဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။

အသားအရေဖြူလာစေဖို့
အသားရေပျက်စီးခြင်းအတွက် ကုစားပေးမယ့် အလှကုန်တွေ ဈေးကွက်ထဲမှာ အများကြီးရှိပါတယ်။အဲဒီထဲမှာမှ Tretinoin  နဲ့ Tazarotene ပါတဲ့ခရင်မ်တွေဟာ နေလောင်ဒဏ်ကို အထူးကုသပေးနိုင်စွမ်းရှိတဲ့ အလှကုန်တွေပဲဖြစ်ပါတယ်။ဝက်ခြံကိုလည်း ကုသပေးနိုင်ပါတယ်။

Retin-A  ပါဝင်တဲ့ အလှကုန်တွေဟာလည်း ဝက်ခြံ၊အသားအရေပျက်စီးခြင်းနဲ့ အရေပြားတွန့်ခြင်းတို့ကို ကာကွယ်ကုသပေးနိုင်ပါတယ်။အသားရေမျက်နှာပြင် ကြမ်းနေတာကိုလည်း ချောမွေ့နူးညံ့လာအောင် ကုစားပေးနိုင်ပါတယ်။ နေလောင်အသားအရေကို ပြန်ဖြူလာစေဖို့အတွက် သဘာဝသစ်သီးသစ်ဖုတွေနဲ့ ကုစားပေးလို့ရပါတယ်။နို့မှုန်တစ်ဇွန်း (စားပွဲတင်ဇွန်း)ရယ်၊ ပျားရည် (စားပွဲတင်ဇွန်း) ရယ်၊သံပရာရည်တစ်ဇွန်းရယ်၊ ဗာဒံစေ့အဆီဇွန်းဝက်ခန့်ရယ် ရောစပ်ပြီး မျက်နှာကိုလိမ်းပေးပါ။ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်ခန့်ကြာအောင်အခြောက်ခံပေးပါ။ပြီးမှ ရေနဲ့မျက်နှာကို သစ်ပေးပါ။နေ့စဉ် ပုံမှန်လုပ်ပေးပါ။အသားအရေ ပြန်ဖြူလာပါလိမ့်မယ်။

ခရမ်းချဉ်သီးကို ကြိတ်ပြီးရလာတဲ့ အရည်အနှစ်နဲ့ သံပရာရည် နှစ်စက်သုံးစက်ခန့်ကိုရောပြီး မျက်နှာပေါ်မှာ လိမ်းကျံပါ။ မိနစ် ၂၀ ခန့်ကြာအောင် အခြောက်ခံပြီးမှ ရေနဲ့ပြန်သစ်ပေးပါ။တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးပြီး ဆယ့်ငါးရက်ကနေ ရက် ၂၀ အထိလုပ်ပေးရပါမယ်။
 Ref:8 days

Post a Comment

 
Top