0
သူလည်းပဲ မကောင်းခင်က ဆိုးခဲ့ဖူးပါသည်...

ကျွန်တော်တို့ ဦးသိန်းစိန်ရဲ့ ပြောင်းလဲလိုစိတ်ကို အသိအမှတ်ပြုပေမယ့် အရင်လုပ်ခဲ့တဲ့ အာဏာရှင်ဆန်ဆန် ဗိုလ်ကျမှုတွေရှိခဲ့တာကိုလည်း မေ့ထားလို့မရပါဘူး၊ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေးဘူတာကြီးမှာ အနိုင်ကျင့်ဗိုလ်ကျခဲ့ဖူးတာလေး ပြောပြချင်ပါတယ်၊ကျွန်တော်ပြောတာ မယုံတဲ့သူများမန္တလေးဘူတာကြီးက ၀န်ထမ်းအိုတွေကို မေးမြန်းလို့ရပါတယ်၊ဖြစ်ပုံက ဒီလိုပါ၊ဒုဗိုလ်မှူးကြီး သိန်းစိန် တပ်ရင်းမှူးဘ၀နဲ့ ရန်ကုန်ကို လိုက်ဖို့ မန္တလေးဘူတာကြီးကိုရောက်လာပါတယ်၊သူရောက်လာတော့ရန်ကုန်ရထားက သူ့အချိန်နဲ့ သူ ပုံမှန်ထွက်သွားပြီဖြစ်ပါတယ်၊အဲဒီလို သူ့ကို မစောင့်ဘဲ ထွက်ခိုင်းရပါ့မလားဆိုပြီး ရုံပိုင်ချုပ်ရုံးခန်းထဲဝင်ပြီး လက်သီးနဲ့ထိုးပါတယ်၊ရုံပိုင်ချုပ်က သူသောက်ဖို့ဆောင်ထားတဲ့ရေပုလင်း(အဲဒီခေတ်က ရေသန့်ဘူး မပေါ်သေးပါ)နဲ့ ရိုက်ဖို့ သူ့ရဲ့စားပွဲပေါ်တက်လိုက်တဲ့အချိန် အားလုံးဝိုင်းဆွဲလို့ ပွဲကပြီးသွားပြီး နောက်ရထားနဲ့ ဒုဗိုလ်မှူးကြီးသိန်းစိန် လိုက်သွားခဲ့ပါတယ်၊နောက်ရက်မှာပဲ ရုံပိုင်ချုပ် အလုပ်ထုတ်ခံလိုက်ရပြီး DSAတက်နေတဲ့ ရုံပိုင်ချုပ်သားလည်း အကြောင်းမပြဘဲ ကျောင်းထုတ်ခံခဲ့ရပါတယ်၊နောက်တော့ ရုံပိုင်ချုပ်လည်း စိတ်ဓါတ်ကျစွာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်၊ဒါလေးဟာ ဦးသိန်းစိန်ရဲ့သမိုင်းဖြစ်ရပ်မှန်လေးပါ၊ဒီလိုရေးတာဟာ အခုသမ္မတဦးသိန်းစိန်ရဲ့ ပြောင်းလဲလိုစိတ်ကို မယုံကြည်လို့ မဟုတ်ပါဘူး၊ကောင်းတဲ့လမ်းကြောင်းရောက်လာလို့ အရင် သူလုပ်ခဲ့တဲ့ အမှားတွေကို ချန်လှပ်လို့ မရပါဘူး၊သမိုင်းဟာ သမိုင်းပါ၊ဘာပဲဖြစ်ဖြစ် ဦးသိန်းစိန်ရဲ့ အခုလုပ်ဆောင်နေတဲ့ အပြောင်းအလဲကို ကြိုဆိုသလို သမိုင်းက အမည်းစက်ကိုလည်း မမေ့နိုင်တာ အမှန်ပါပဲဗျာ..သူသည်လည်း မကောင်းခင်က ဆိုးခဲ့ဖူးသူဖြစ်ပါတယ်ခင်ဗျာ...။

(ဟာဂျူလီ-ကသာ)

Post a Comment

 
Top