အမေရိကန် ပြည်ထောင်စု ဘာကလေ တက္ကသိုလ်မှာ
ရောက်ရှိနေတဲ့ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်
ပါဝင်တဲ့ မီဒီယာဆွေးနွေးပွဲတခုကို ဘာကလေ တက္ကသိုလ်မှာ ကျင်းပသွားဖို့
ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ မီဒီယာအခင်းအကျင်းဆိုတဲ့
ခေါင်းစဉ်နဲ့
ကိုအောင်ဇော် က
မြန်မာ့
နိုင်ငံရေး အပြောင်းအလဲဟာ မီဒီယာလောကကို ဘယ်လို ရိုက်ခတ်တယ်ဆိုတဲ့အကြောင်း ဧပြီလ ၂၂ ရက်နေ့မှာ ဟောပြော ပို့ချသွား မှာဖြစ်ပါတယ်။
ကိုအောင်ဇော်ဟာ ဘာကလေ တက္ကသိုလ်မှာ ယခုနှစ်အတွက် ဂျာနယ်လစ်ဇင် ဘာသာရပ်နဲ့ ပတ်သက်ပြီး Visiting Scholar တဦးအဖြစ် ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။

Post a Comment