0

ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ဗိုက်ထဲက သန္ဓေသားပါ အာဟာရလို အပ်ချက် ပြည့်မီစေဖို့ အစားအသောက် မျိုးစုံကို ရွေးချယ်စားသောက်ဖို့ အရေး ကြီးပါတယ်။


အဓိက စားသင့်သည်များ

  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက် မျိုးစုံ၊ အခွံချွတ်မထားတဲ့ ပေါင်မုန့်နဲ့ကွေကာ များများ၊
  • အဆီနည်းအသား၊ ငါး၊ နို့နဲ့ နို့ ထွက်ပစ္စည်း အသင့်အတင့်၊
  • သကြား၊ ဆားနဲ့ အဆီပါဝင်မှုများတဲ့ အစာအနည်းငယ်၊
  • အခြောက်အခြမ်းလုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အခွံမာသီးနဲ့ အစေ့အ ဆန်။


ဖောလစ်အက်စစ် (ဖောလိတ်)
အမျိုးသမီးတစ်ယောက်ဟာ နေ့စဉ် စားသောက်တဲ့ အစားအသောက်ကနေ အနည်းဆုံး ဖောလိတ် ၆ဝဝ မိုက်ခရိုဂရမ် ခန့်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မှာ ဖောလိတ်လိုအပ်ချက်က ပိုမြင့်မား လာပါတယ်။ ဖောလိတ်ဓာတ်ဟာ မွေး ရာပါချို့ယွင်းချက်ပါတဲ့ ကလေးမွေးဖွား မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဖောလိတ်ဓာတ်ပါတဲ့ အကောင်းဆုံး အ စားအသောက်တွေက ကညွတ်၊ ပန်းဂေါ် ဖီစိမ်း၊ ကုလားပဲ၊ ပဲသီး၊ ပဲနီလေး၊ ဟင်း နုနယ်ရွက်တို့ ဖြစ်ပြီး ဖောလိတ်ဓာတ် ပါ ဝင်မှုများတဲ့ အစားအသောက်တွေက ဂေါ် ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်မြိတ်၊ လိမ္မော် သီး၊ တရုတ်နံနံ၊ ပဲ၊ ဂျုံ၊ ပေါင်မုန့်ညိုတို့ ဖြစ်ကြပါတယ်။ ဖောလိတ်ဓာတ်အသင့် အတင့်ပါတဲ့ အစားအသောက်တွေက အာလူး၊ ဆယ်လ်မွန်ငါး၊ စတော်ဘယ်ရီ သီး၊ ခရမ်းချဉ်သီး၊ မြေပဲ၊ သီဟိုဠ်စေ့စတာ တွေ ဖြစ်ကြပါတယ်။ တိရစ္ဆာန်အသည်း တွေမှာ ဖောလိတ်ပါဝင်မှု မြင့်မားပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်ကြောင်း ဆိုပါတယ်။ အကြောင်းကတော့ ဗီတာ မင် အေ ပါဝင်မှု များလို့ပါ။


သံဓာတ်
ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လို အပ်မှုကလည်း မြင့်မားလာပါတယ်။ ကိုယ် ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ သံဓာတ်ကို ရရှိစေဖို့ နေ့စဉ် သံဓာတ်ပါတဲ့ အစားအ သောက်ကို စားပေးသင့်ပါတယ်။ နေ့စဉ် သံဓာတ်ပါတဲ့ အစားအစာ (ဥပမာ- အနီ ရောင်အသား)ကို စားတဲ့အခါ သံဓာတ် စုပ်ယူမှုကောင်းစေဖို့ ဗီတာမင်စီ များများ ပါတဲ့ အရည်(ဥပမာ- လိမ္မော်ရည်)နဲ့ တွဲ သောက်သင့်ပါတယ်။

အိုင်အိုဒင်း
အိုင်အိုဒင်းဟာ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိဖို့အတွက် လိုအပ်တဲ့ အရေးကြီး သတ္တုဓာတ်တစ်မျိုး ဖြစ်ပြီး ကြီးထွားဖို့နဲ့ ဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ ကိုယ် ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းဓာတ် မလုံ လောက်တာကြောင့် မွေးကင်းစကလေး ငယ်မှာ ဥာဏ်ရည်ချို့တဲ့တာနဲ့ အရိုးပုံ ပျက်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ အိုင်အိုဒင်းဓာတ်ပါဝင်တဲ့ အစားအ စာတွေက ပင်လယ်စာ၊ ကျောက်ပွင့်၊ ရေ မှော်၊ ဥအမျိုးမျိုး၊ အသားနဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဖြစ်ကြပါတယ်။

ဗီတာမင်အေ
ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်အေလိုအပ်ချက် များပေမယ့် ကိုယ်ဝန် ဆောင်အားဆေးတွေမှာ ဗီတာမင်အေ ပါဝင်နေတတ်ပါတယ်။ ဗီတာမင်အေ အ လွန်အမင်းများရင် မွေးရာပါ ချို့ယွင်း ချက်ပါတဲ့ ကလေးမွေးဖွားနိုင်ခြေ ရှိပါ တယ်။

မာလ်တီဗီတာမင်ဖြည့်စွက်ဆေး
ကိုယ်ဝန်ဆောင်မိခင်က သက် သတ်လွတ်စားသူဖြစ်ရင်၊ အစားအစာကို အလုံအလောက် မစားတဲ့ ဆယ်ကျော် သက်ကိုယ်ဝန်ဆောင်ဖြစ်ရင်၊ အရက်၊ ဆေး လိပ်နဲ့ မူးယစ်ဆေး မှီဝဲသူဖြစ်ရင်၊ အဝ လွန်တာကြောင့် ကိုယ်အလေးချိန် ထိန်း နေရရင် ဗီတာမင်နဲ့ သတ္တုဓာတ်အစုံပါတဲ့ ဖြည့်စွက်ဆေးကို လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်ခြင်းနှင့် ပျို့အန်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ပျို့အန်မှုဟာ နံနက်ခင်းမှာ အဓိက ဖြစ်ပေါ်တတ်သလို ကိုယ်ဝန် ပထမ သုံးလအတွင်း ဖြစ်ပေါ် တတ်ပါတယ်။ ဒီလို ပျို့ချင်အန်ချင်စိတ် ပေါ်တာနဲ့ ပျို့အန်တဲ့ ဝေဒနာသက်သာ စေဖို့ အောက်ပါ အချက်တွေကို လိုက် နာရပါမယ်။
  • နှစ်နာရီ-သုံးနာရီကြာတိုင်း ကာဗို ဟိုက်ဒရိတ်ပါတဲ့ သရေစာ(ဥပမာ- သစ် သီး၊ ဆင်းဒဝှစ်ခ်ျ)ကို စားပေးပါ။
  • နံနက်ခင်း အိပ်ရာထချိန် ပေါင်မုန့်၊ ဘီစကွတ်မုန့်နဲ့ ကွေကာတို့ စားပေးပါ။
  • အိပ်ရာကနေ ဖြည်းဖြည်းချင်း ထပါ။
  • အစာစားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြား ရေအနည်းငယ်သောက်ပါ။
  • တစ်ချိန်တည်းနဲ့ အစာများများ၊ အ ထူးသဖြင့် အဆီများပြီး ဟင်းခတ်အမွှေး အကြိုင်ကဲတဲ့ အစာ မစားပါနဲ့။
  • သံပရာသီးစိတ်လို ချဉ်တဲ့ အရာကို ငုံထားပါ။
  • ဖြစ်နိုင်ရင် မကြာခဏ အနားယူပြီး လေကောင်းလေသန့် ရှူရှိုက်ပါ။ လေဝင် လေထွက်ကောင်းပြီး အနံ့ဆိုးကင်းတဲ့ နေ ရာမှာ နေပါ။
  • ပျို့ချင်အန်ချင်စိတ်ပေါ်လာရင် အနံ့ မွှေးတဲ့ သစ်သီးဖျော်ရည် သောက်ပါ။
  • ချင်း(ဂျင်း)ပါတဲ့ အစားအသောက်ကို စားပါ။


ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာက အဖြစ်များတဲ့ ဝေဒနာပါ။ ရင်ပူတာ ကင်း စေဖို့ ညဥ့်နက်ချိန် အစာမစားပါနဲ့။ အ စာစားပြီး ခန္ဓာကိုယ်ကို ကွေးညွတ်တာ၊ တစ်ခုခု သယ်မတာ၊ လဲလျောင်းတာ မ လုပ်ပါနဲ့။ လက်ဖက်ရည်နဲ့ ကော်ဖီကို အ လွန်အမင်း မသောက်ပါနဲ့။ အိပ်ရာခေါင်း ရင်းကို အနည်းငယ် မြှင့်ပြီး အိပ်ပါ။

 Ref : Good Health 
မူရင်းလင့် 

Post a Comment

 
Top