Thursday, October 31, 2013

ဓါတ်အားခများပြန်လည်လျော့ချကောက်ခံရန် လတ်တလောတွင်အစီအစဉ်မရှိသေးကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးပြော


လျှပ်စစ်ဓါတ်အားခများ ပြန်လည်လျော့ချကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီးဦးခင်မောင်စိုးကပြောကြားသည် ဟုသိရသည်။ အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်များကမေးမြန်းခဲ့သည်များကို ပြန်လည်ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Android 4.4 KitKat အသုံးပြုထားတဲ့ Google ရဲ့ Nexus 5 ကို တရားဝင် ရောင်းပြီ


Google နဲ့  LG တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ Nexus 5 ကို ဒီနေ့၀ယ်ယူနိုင်ပြီဖြစ်ကြောင်း Google ကပြောကြားပါတယ်။ 16GB ကို $349 , 32GB ကို  $399  ဈေးသတ်မှတ်ထားပါတယ်။ Android 4.4 KitKat ပထမဆုံးအသုံးပြုတဲ့ ဖုန်းလည်းဖြစ်ပါတယ်။

US, Australia, France, Germany, Spain , Italy , Japan , Korea နိုင်ငံကလူတွေကတော့ ဒီနေ့ မှစတင်ပြီး Google Play Store ကနေမှာယူနိုင်ပြီဖြစ်ပါတယ်။ India နဲ့  တစ်ခြားနိုင်ငံတွေကို လည်း မကြာမီရောင်းချပေးတော့မှာပါ။ Sprint , T-Mobile , Amazon , Best Buy , RadioShack စတဲ့ Carrier Exclusive Version တွေလည်း မကြာမီရောင်းချပေးမှာပါ။

iPhone 5S ရဲ့ Touch ID ကို ယုံကြည်သင့်ပြီလား


စက်တင်ဘာ ၁၀ ရက် နေ့တုန်းက Cupetrino ကနေ iPhone အသစ်တွေ ဖြစ်တဲ့ iPhone 5C နဲ့ iPhone 5S တို့ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် iPhone တွေနဲ့ ပတ်သက်တဲ့ ပြောစရာစကားတွေ အများအပြား ထွက်ပေါ်လာခဲ့ကြပါတယ်။ iPhone 5 ကိုပဲ ဒီအတိုင်း အဆင့်မြှင့်တင် ထားတာလား၊ ဘယ်လို ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ထားသလဲဆိုတာ အသေအချာ လေ့လာနေကြပါပြီ။ Apple ရဲ့ တရားဝင် ဖော်ပြတဲ့ အချက်အလက်တွေအရ iSight ကင်မရာအသစ်၊ 64 bit A7 Chip အသစ် အစရှိတဲ့ တီထွင်မှု အသစ်တွေနဲ့ ထိပ်တန်းစမတ်ဖုန်းနေရာကို ဆက်လက် ဦးဆောင်နိုင်တဲ့ အတွက် Apple ရဲ့ ရှယ်ယာပိုင်ရှင်တွေအဖို့ Apple ကို အထင်ကြီး လေးစားစရာတွေ အလုံအလောက် ရရှိသွားပြီ ဖြစ်ပါတယ်။ Apple TV နဲ့ iWatch အကြောင်းကရော ဘာတွေ ဖြစ်သွားပြီလဲ။ လောလောဆယ်မှာတော့ လုံးဝ တိတ်ဆိတ်နေပြီး အချိန်အနည်းငယ်

မိုက်ကရိုဆော့ဖ် နောက်ဆုံးပေါ် OS Window 8.1 အသုံးပြုထားသည့် သင်ပုန်း ကွန်ပျူတာ


မိုက်ကရိုဆော့ဖ် ကုမ္ပဏီမှ အောက်တိုဘာ ၁၈ ရက်တွင် ထွက်ရှိသော Window 8.1 operating system (OS) အသုံးပြုထားသည့် Iconia W4 သင်ပုန်း ကွန်ပျူတာကို Acer ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်သည်။ Iconia W4 သင်ပုန်းကွန်ပျူတာများကို အတွင်းပိုင်း မှတ်ဉာဏ် 32 GB နှင့် 64 GB နှစ်မျိုး ထုတ်လုပ်ထားပြီး အဆင့်တိုးမြှင့်နိုင်သော မှတ်ဉာဏ်များ ဖြစ်သည်။ ထပ်ဆောင်း မှတ်ဉာဏ်အဖြစ် အသေးစား မှတ်ဉာဏ်ကတ် (micro SD) အသုံးပြုနိုင်သည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ မိုဘိုင်းတယ်လီဖုန်းများအတွက်ထပ်တိုးဝန်ဆောင်မှုများ ၁.၁၁.၂၀၁၃ မှစ၍စတင်

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Prepaid GSM/WCDMA ဖုန်းများအတွက် Call Forwarding Service, Call Waiting Service နှင့် Missed Call Alert Service များကို သုံးစွဲသူများကိုယ်တိုင် ၁.၁၁.၂၀၁၃ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ Services များကိုဖုန်းတွင်ရရှိရန်ပြုလုပ်ရန်အချက်များကိုအောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Management ဆိုင်ရာဟောပြောပွဲတစ်ခုအားဖိတ်ကြားခြင်း (နီးစပ်ရာမျှဝေပေးပါ)

The Nanyang EMBA maximizes your potential today, to seize tomorrow's opportunities

Singapore နိုင်ငံတွင် နာမည်ကြီး University တစ်ခုဖြစ်သော Nanyang Technological University တွင်သင်ကြား ပို့ချနေသည့် EMBA Program အား တက်ရောက်သင်ကြားနိုင်ရန်အတွက် Singapore နိုင်ငံမှ ပညာရှင် များ မှလာရောက်ဟောပြောမည့်ပွဲအား တက်ရောက်နိုင်ရန်အတွက် အသိပေးခြင်းဖြစ်ပါသည်။ ဟောပြာပွဲ အားတက်ရောက်နိုင်ရန်အတွက် အချိန် ၊ နေရာ တို့ကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။ ဟောပြောပွဲ တက်ရောက်ချင်သူများအနေဖြင့် အောက်တွင် Register ပြုလုပ်ပြီးမှတက်ရောက်ရမည်ဖြစ်ပါတယ်။ အသေး စိတ်လေ့လာလိုပါက Link ကိုနှိပ်ပြီး လေ့လာနိုင်ပါသည်။ 

မာစတာ၊ဗီဇာဖြင့် ငွေပေးချေမှု လက်ခံနိုင်မည့်စနစ် ပြည်တွင်းဝက်ဘ်များ စတင်ချိတ်ဆက်နိုင်ပြီ

ရန်ကုန်၊အောက်တိုဘာ ၃၁

ပြည်တွင်းဝက်ဘ်ဆိုက်များတွင် နိုင်ငံတကာသုံးငွေကြေးကတ်များဖြစ်သည့် မာစတာ၊ဗီဇာတို့ဖြင့် ဝယ်ယူနိုင်မည့်စနစ်ကို စတင်ချိတ်ဆက်နိုင် ပြီဖြစ်ကြောင်း CB ဘဏ်မှ သိရသည်။

အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ

ဖလမ်း အောက်တိုဘာ ၃ဝ

ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။

သြစတေးလျ Broad band ကွန်ရက် တည်ဆောက်ရေး တင်ဒါခေါ်မှုတွင် Huawei ကို ပိတ်ပင်ထားဆဲဖြစ်


သြစတေးလျ ထောက်လှမ်းရေးအေဂျင်စီများ၏ အကြံပေးချက်ကြောင့် သြစတြေးလျအမျိုးသား ဘရော့ဘန်း ကွန်ရက်(NBN)တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူရာ တွင်တရုတ်နည်းပညာ ကုမ္ပဏီကြီး ဟွာဝေးကိုပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သြစတေးလျ အစိုးရသစ်က အောက်တိုဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့သည် ဟုသိရသည်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်


ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များစွာ ရေးဆွဲဖန်တီးခဲ့သည့် ကာတွန်း ဦးအောင်ရှိန်သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အောက်တိုဘာ ၃၀ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန်သည် ကွယ်လွန်ချိန်တွင်အသက် ၈၅နှစ်ရှိပြီဖြစ်သည်။ ကွယ်လွန်သူ ကာတွန်း ဦးအောင်ရှိန်၏ ရုပ်ကလပ်ကို နို၀င်ဘာ ၁ရက်နေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ် မည်ဖြစ်ကြောင်း သိရပါသည်။

တို့ကမ္ဘာမြေကို ချစ်တတ်ပါ


ကျွန်မတို့အားလုံး အသက်ရှင်သန်ရေးအတွက် သန့်ရှင်းသော လေနှင့် ရေတို့ မရှိမဖြစ် လိုအပ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ကျွန်မတို့အားလုံး စားသုံးသော အစားအစာများကို မြေပေါ်တွင် စိုက်ပျိုးမွေးမြူရသလို ရေအောက်မှာလည်း ဖမ်းယူရပါသည်။ ချည်ထည်၊ ပိုးထည်၊ သားရေနှင့် သိုးမွေး စသည့် အ၀တ်အထည်များကို အပင်များနှင့် တိရိစ္ဆာန်များမှ ရရှိပါသည်။

အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူရေး ညှိနှိုင်း အစည်းအဝေးသမ္မတ ဦးသိန်းစိန် တက်ရောက်အမှာစကားပြော


အာဆီယံအလှည့်ကျ ဥက္ကဌတာ၀န်ယူရေးညှိနှိုင်းအစည်းအေ၀းကို အောက်တိုဘာ ၂၉ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို(၁)၌ ကျင်းပခဲ့ပြီး သမ္မတ ဦးသိန်းစိန်တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အမှာစကား ပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျ ဥက္ကဌ တာ၀န်ယူခြင်းသည် နိုင်ငံတကာနှင့် ဒေသတွင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ဇာတိမာန် တို့ကိုပြသနိုင်ရန် အခွင့်အလမ်းဖြစ် ကြောင်း၊ ထို့ကြောင့် အဆိုပါတာ၀န်ယူ ခြင်းကိုအမျိုးသားရေး တာ၀န်တစ်ရပ်အဖြစ် ထမ်းဆောင်စေလိုကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ပထမဆုံး လမှာတင် Galaxy Note 3 အလုံးရေငါးသန်း ရောင်းချရ


Smartphone ဈေးကွက်မှာ ပိုကြီးတာ က ပိုရောင်းကောင်းတယ်လို့ပြောရမလိုပါပဲ။ မကြာမီက Samsung  ကသူ့ရဲ့  Galaxy Note 3 Phablet ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ တစ်လ အတွင်းမှာပဲ Note 3 အလုံးရေ ငါး သန်း ရောင်းချခဲ့ရတယ်လို့  Samsung CEO JK Shin က အတည်ပြုပြောကြားပါတယ်။

Browsers တွေမှာ Zawgyi, Unicode နှစ်မျိုးလုံး ဖတ်လို့ရအောင်ပြုလုပ်နည်း


အရင်ဆုံး ကွန်ပြူတာမှာ       Zawgyi ဖောင့် ၊ Myanamr 3ဖောင့် နှစ်ခုကို အရင် အင်စတောလုပ်ထားရပါမယ်။ ဖောင့်ဖိုင်နှစ်ခုကို Double Click နှိပ်ပြီး အလွယ်တကူ အင်စတောလုပ်နိုင်ပါတယ်။ Search Box ကနေ Fonts လို့ရိုက်ပြီး ဖောင့်ဖိုဒါပေါ်လာရင် ဖွင့်ပြီး ဖောင့်ဖိုင်နှစ်ခုကို Drag and Drop လုပ်ပြီးလည်းအင်စတောလုပ်နိုင်ပါတယ်။  ပြီးရင်တော့  Zawgyi Force , Unicode Force ဆိုတဲ့ Bookmarklet နှစ်ခုကို ဒေါင်းလုပ်လုပ်ပါ။ ဒေါင်းလုပ်လုပ်ပြီးရင် Browsers တွေက Bookmark Bar ပေါ်ကို Drag and Drop လုပ်ပါ။ အောက်ကပုံကတော့ Firefox Bookmark Bar ပေါ်မှာ Bookmarklet နှစ်ခုကို Drag and Drop လုပ်ထားတာပါ။

အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ


ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။

How to Root Samsung Galaxy Note 3 (All Models)



ဖုန်းလည်းဟုတ်၊ tablet လည်းဟုတ်တဲ့ Phablet(အပြားကြီးကြီးဖုန်း) တွေကို ခုခေတ် နောက်ပိုင်း တော်တော်လေး အသုံးပြုလာ ကြတာကို တွေ့ရပါတယ်။ ဒီအထဲမှာ တောင်ကိုးရီးယားအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Samsung က နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Galaxy Note 3 ဟာလည်း နာမည်ကြီးတစ်ခု အပါအ၀င်ဖြစ်ပါတယ်။ Samsung ဟာ ဒီလို ဆိုဒ်ကြီးတဲ့ ဖုန်းအမျိုးအစားများစွာကို ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သူပါ။ အဲဒီထဲကမှ Note 3 ဟာလည်း တစ်ခုပေါ့။

Internet Download Manager 6.18 Build 5 + Patch


ကဲကဲ..ဟောဒီမှာ IDM ရဲ့ နောက်ဆုံးထွက် update လေးပါ

IDM ချစ်သူတွေ နောက်ဆုံးထွက် update ကိုမှ သုံးချင်တဲ့ ဘော်ဒါတွေအတွက်

အတွက် အမြန်ဆုံးပြန်လည်မျှဝေလိုက်ပါတယ်။ Post မတင်တာလည်းကြာပြီဆိုတော့

IDM ကို တင်ပြီး ပြန်စလိုက်ပါတယ်

rar ဖိုင်ထဲမှာ patch file ကို တခါတည်းထည့်ပေးထားပါတယ်ခင်ဗျာ

Tuesday, October 29, 2013

iPone 5S ရဲ့ Touch ID Fingerprint Sensor ကို အသုံးပြုနည်း ငါး နည်း


iPhone 5S မှာ ပါတဲ့ Touch ID ဟာ သင့် iPhone ကို Unlock လုပ်ဖို့အတွက် အရင် အသုံးပြုနေကျ 4-digit PIN code တွေကိုအသုံးပြုစရာမလိုဘဲ သင့် လက်ချောင်း ကိုအသုံးပြုပြီးလွယ်ကူစွာ Unlock လုပ်ဖို့ပြုလုပ်ပေးထားပါတယ်။ iTunes , App Store တွေကနေ ပစ္စည်းတွေ၀ယ်ယူတဲ့အခါမှာလည်း Touch ID ကိုသုံးနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။ PIN Code တွေကိုအသုံးပြုနေကျသူတွေဆိုရင်တော့ Touch ID ဟာ ပိုမိုလွယ်ကူအဆင်ပြေလို့သင်သဘောကျမှာသေချာပါတယ်။ ဖုန်းကို Lock လုပ်မထားတတ်တဲ့သူတွေအတွက်လည်း Touch ID ကအသုံးပြုချင်စရာကောင်းအောင်စွဲဆောင်နိုင်ပါတယ်။

LG G Flex VS Samsung Galaxy Round ကိုနှိုင်းယှဉ်ခြင်း


ကွေးကောက်မျက်နှာပြင် ဖုန်းတွေက အသုံးပြုရတာအဆင်ပြေပါ့မလား? Samsung နဲ့  LG တို့ကတော့ ပိုမိုကောင်းမွန်ပါတယ်လို့ပြောနေကြပါတယ်။ အဲဒီတော့ Galaxy Round နဲ့  G Flex တို့ကိုနှိုင်းယှဉ်ကြည့်ရအောင်။

အရွယ်အစား နဲ့  အလေးချိန်

G Flex  က Galaxy Round ထက် Screen အရရော Dimension အရပါပိုကြီးမားတာကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်။ LG G Flex က ခြောက်လက်မရှိပြီး Curved P-OLED တပ်ဆင်ထားပါတယ်။ Galaxy Round ကတော့ 5.7 လက်မ ရှိပြီး Super Flexible AMOLED Display တပ်ဆင်ထားပါတယ်။

FEC များ သတ်မှတ် ကာလာကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ပေးတော့မည် မဟုတ်ကြောင်း ဗဟိုဘဏ်က နှိုးဆော်ထား


နိုင်ငံခြားငွေ လက်မှတ် Foreign Exchange Certificate(FEC)များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နှိုးဆော်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူများ လက်၀ယ်ထားရှိ ပိုင်ဆိုင်သော နိုင်ငံခြားငွေ လက်မှတ်များ ပြန်လည်ရွေး နှုတ်ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကနဦး သတ်မှတ်ကာလဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ရက်အထိ ကာလ၌ နိုင်ငံခြားငွေ လက်မှတ်လဲလှယ်သူများ၏ ဆန္ဒနှင့် အညီ အပ်နှံလဲလှယ်နိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

Phone ရဲ့ အစိတ်အပိုင်းတွေကို တစ်စချင်းစီ ဖြုတ်တပ် လဲလှယ်နိုင်တဲ့ Porject Ara ကို Motorola က ကြေညာ

အနာဂတ်မှာတော့ သင့်ဖုန်း ကအစိတ်အပိုင်းတစ်ခုချင်းစီကို ဖြုတ် တပ် လဲလှယ် လို့ရတော့မှာဖြစ်ပါတယ်။ သင့်ဖုန်းက ကင်မရာ ထက် ပိုကောင်းတဲ့ ကင်မရာ လိုချင်ရင် ဖုန်းအသစ်တစ်လုံး၀ယ်စရာမလိုတော့ပါဘူး။ ကင်မရာ ကို ဖြုတ်ပြီး ပိုကောင်းတဲ ကင်မရာ လဲလှယ် တပ်ဆင်လိုက်ရုံပါပဲ။ စပီကာ မကောင်းတော့ရင် စပီကာ ကိုပဲဖြုတ်လဲနိုင်ပါတယ်။ တစ်ခြား အစိတ်အပိုင်းတွေကိုလည်း မိမိစိတ်ကြိုက် Upgrade လုပ်နိုင်ပါပြီ။

စီအိုင်ဒီမှ စစ်ဆေးပြီးသည့် ၁၀၀၀ ကျပ်တန်အတု လှည့်လည် သုံးစွဲနေသည့် ကိစ္စ စစ်ဆေးနေ


စီအိုင်ဒီ(မှုခင်း စုံစမ်းရေးဌာန)မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများလှည့်လည် သုံးစွဲနေသည့်ငွေများအကြား ပြန်လည်ရောက်ရှိလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်နေ့ထုတ် Daily Eleven သတင်းစာ ၏ “ပြည်သူတွေက ပေးတဲ့စာ” ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ်မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိခဲ့ကြောင်း ပေးပို့ခဲ့သည့်အတွက် သက်သေဖြစ်သည့် ငွေစက္ကူအတုနှင့် တကွ ဖော်ပြခဲ့သည်။

ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံခဲ့ရသည့် နိုင်ငံခြား ကုမ္ပဏီအချို့အား MPT ကပူးပေါင်းရန်ကမ်းလှမ်း


Vodafone နှင့် Orange ကုမ္ပဏီများ အပါအ၀င် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံရသည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီအချို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကပူးပေါင်းရန်ကမ်းလှမ်းထားကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်ဟု ဆိုသည်။

မြန်မာအစိုးရက ၎င်းကုမ္ပဏီများကို MPT၏ လက်တံ ကုမ္ပဏီအဖြစ် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုမည်ဟု ကမ်းလှမ်းထားပြီး လက်ရှိ MPT တွင် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်၊ စည်းမျဉ်းများနှင့် သီးခြားလုပ်ကိုင်ခွင့် ပြုမည်ဟု သိရသည်။ MPT က ကမ်းလှမ်းခဲ့သော ကုမ္ပဏီများတွင် Singtel ကုမ္ပဏီလည်း ပါ၀င်နေပြီး Digicel ကိုမူ ကမ်းလှမ်းထားခြင်း ရှိ မရှိ ရှင်းလင်းစွာ မသိရသေးဟု ဆိုသည်။

Apple ကုန်ပစ္စည်းသစ် ထပ်မံ မြင်တွေ့ရမည်


ပြီးခဲ့တဲ့ လက ၊ ရက်ပိုင်းများက မိတ်ဆက်ကြေညာခဲ့တဲ့ ပစ္စည်းများကို Apple စီအီးအို Tim Cook က New Product ကို ခေါင်းစဉ် မတပ်ပါဘူး။ သူ တကယ် ခေါင်းစဉ် တပ်မယ့် New Product များက နောက်နှစ်ဆန်းပိုင်း အတွင်း ရောက်ရှိမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။

Saturday, October 26, 2013

Sony Xperia Tianchi နဲ့Xperia Z1S တို့ကို နိုင်ဝင်ဘာလ (၂၂) မှာကြေညာတော့မှာလား


Sony က ခြောက်လက်မ ရှိပြီး 8-core processor တပ်ဆင်ထားတဲ့ Smartphone ကို ရောင်းချတော့မယ့် ပုံပေါ်ပါတယ်။ 8-core MediaTek MT6592 Processor တပ်ဆင်ထားတဲ့ Xperia Tianchi ကို တရုတ် မီဒီယာ တစ်ခုကနေပေါက်ကြားခဲ့ပါတယ်။ Screen က ခြောက်လက်မအရွယ်အစားရှိပြီး 1280×720 Resolution ရှိတယ်လို့ သိရပါတယ်။ တစ်ခြားအကြောင်းအရာတွေကိုတော့သိရှိရခြင်းမရှိသေးဘဲ သူ့ထက်သေးငယ်တဲ့ ဖုန်းဖြစ်တဲ့ Xperia Z1s နဲ့တူတူရောင်းချမယ်လို့မျှော်လင့်ရပါတယ်။

Microsft က ၂၇ ပေ အကျယ်ရှိတဲ့ Tablet ကိုပြသ


Microsoft  ကဒီတစ်ပတ်မှာရောင်းချမယ့် သူ့ရဲ့  Surface 2 Tablets တွေကိုရောင်းအားမြှင့်တင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး Tablet ကို လန်ဒန် မြို့ Trafalgar ရင်ပြင်မှာပြသထားပါတယ်။ အဲဒီ Tablet က အကျယ်အားဖြင့် ၂၇ ပေ ရှိပြီး ၁၇ ပေ အမြင့် ရှိပါတယ်။ နောက်ပြီးတော့ အဲဒီ Tablet ကတကယ်လည်းအသုံးပြုလို့ ရပါတယ် တဲ့ ခင်ဗျာ။

 



Ref-Myanmar iCT

ဂျာမနီဝန်ကြီးချုပ်ဖုန်း NSA ကကြားဖြတ်နား ထောင်မှု အိုဘားမားထံ ဖြေရှင်းချက်တောင်း


ပြီးခဲ့သည့်ရက်အတွင်း ဂျာမနီ၀န်ကြီးချုပ် အင်ဂျဲယာမာကလသည် အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံ ရေးအေဂျင်စီ (NSA)ကသူ၏ ဖုန်းအဆက်အသွယ် ကိုစောင့်ကြည့်စစ်ဆေးမှု နှင့်ပတ်သက်၍ ဖြေရှင်းချက် ပေးရန် သမ္မတအိုဘားမားထံ ဖုန်းခေါ်၍ တောင်းဆိုခဲ့သည် ဟုသိရသည်။

မစ္စမာကယ် နှင့်ပတ်သက်၍ ဂျာမန်ထောက်လှမ်းရေးဌာန ၏စုံစမ်းမှု အပေါ်အခြေခံ၍ ထွက်ပေါ်လာသော အစီရင်ခံစာ အရသိရှိရပြီး ခြေခြေမြစ်မြစ် ရှိသောအစီရင်ခံစာ ဖြစ်ကြောင်းနှင့် ထွက်ပေါ်လာသော သတင်းအပေါ် ဂျာမနီနိုင်ငံအတွင်းအမျက်ဒေါသ ထွက်လျက်ရှိကြောင်း သိရသည်။

Friday, October 25, 2013

Applications တွေကိ LckScreen မှာပြောင်းလဲပြသပေးမယ့် Cover


Smartphone အသုံးပြုသူတွေအတွက် ဖုန်း မှာ ရှိတဲ့ Application တွေကို Manage လုပ်ရတာအနည်းငယ်အလုပ်ရှုပ်ပါတယ်။ Home Screen မှာ အသုံးပြုနေကျ Applications တွေကို ထားရှိနိုင်ပါတယ်။ဒါပေမယ့် အသုံးပြုနေကျ Applications တွေဟာ တဖြည်းဖြည်းများလာတဲ့အတွက် Home Screen မှာနေရာမလောက်နိုင်တော့ပါဘူး။ဒီလိုအခြေအနေမှာ Cover ဆိုတဲ့ Android App က ကူညီနိုင်ပါတယ်။ Cover ကအချိန် နဲ့ နေရာအလိုက်  သင်အသုံးပြုနေကျ App တွေကို Lock Screen မှာ ပြောင်းလဲပြပေးမှာဖြစ်ပါတယ်။ သင် အလုပ်မှာရှိနေတဲ့အချိန်မှာဆိုရင် အလုပ်မှာအသုံးပြုနေကျ Apps တွေကိုရွေးချယ်ပြပေးနိုင်ပါတယ်။ သင် ကားနဲ့အပြင်သွားတဲ့အချိန် မှာ Navigation App တွေကို ပြပေးမှာပါ။ အိမ်မှာရှိနေတဲ့အချိန်တွေမှာဆိုရင်တော့ Games, Entertainment Apps တွေကို သင် အလွယ်တကူအသုံးပြုနိုင်ပါတယ်။

ေခတ္သစ္တာဇံမေလး Tippi Degré


တောင်အာဖရိကမှာမွေးပြီး တောင်အာဖရိက မှာပဲကြီးပြင်းခဲ့တဲ့ ကလေးမငယ်လေး Tippi Degré ဟာ ခေတ်သစ် တာဇံမလေးလို့ ခေါ်ရမှာဖြစ်ပါတယ်။ပြင်သစ်လူမျိုး တောရိုင်းသဘာ၀ လေ့လာရေး ဓါတ်ပုံ ဆရာမိဘများမှ မွေးဖွားလာပြီး တောထဲမှာပဲ ၁၀နှစ်မက နေခဲ့တာ ဖြစ်ပါတယ်။

iPand Air VS iPad Mini with Retina Display ကိုနှိုင်းယှဉ်ခြင်း


Apple ကပြီးခဲတဲ့ Event မှာ Products အသစ်နှစ်ခုဖြစ်တဲ့ iPad Air နဲ့  iPad Mini with Retina Display တို့ကိုမိတ်ဆက်ခဲ့ပါတယ်။ Tablets နှစ်ခုကိုကြည့်ရင်တော့ပုံစံတူညီနေတာကိုတွေ့မြင်ရမှာပါ။

ကချင်ဒုက္ခသည်စခန်း တပ်မတော် ၀င်ရောက်မှုအကြောင်းရင်း တိုင်းမှူးရှင်းပြ

 
ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ၀င်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။

ဒီနေ့ညနေပိုင်းက ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က မြစ်ကြီးနားမြို့ မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။ အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့..

ဘင်္ဂလာဒေခ်ျ့ မတည်ငြိမ်မူ လူ ၇ ဦးသေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရ

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ပေါ်ပေါက်ခဲ့တဲ့ လက်ရှိ အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံပါတီ ထောက်ခံသူတွေ အကြား အပြန်အလှန် တိုက်ခိုက်မူ အတွင်း လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (BNP) ကို ထောက်ခံသူတွေဟာ မနေ့က လက်ရှိ အစိုးရပါတီ အ၀ါမီလိဂ် ထောက်ခံသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ အနှံ့အပြားမှာ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

Thursday, October 24, 2013

Samsung ရဲ့ ATIC S Neo Windows Phone ကို AT&T ကနေရောင်းမည်


Samsung က ATIV S Neo Windows Phone ကို Carrier Exclusive အနေနဲ့   AT&T ကနေ နို၀င်ဘာလ (၈) ရက်နေ့မှာ နှစ်နှစ်စာချုပ်နဲ့ရောင်းချတော့မှာဖြစ်ပါတယ်။ရောင်းဈေးကိုတော့ $99.99 သတ်မှတ်ထားပါတယ်။ 4.8 လက်မ 720p Display ပါရှိပြီး၊ 8MP Camera ပါရှိပါမယ်။ Micro SD Slot တစ်ခု၊ 1.4 GHz dual-core processor တပ်ဆင်အသုံးပြုပါမယ်။

မန္တလေးမြို့ကို Green City အဖြစ်အာရှ ဖွံ့ဖြိုးရေးဘဏ်က နိုဝင်ဘာလဆန်းတွင် စတင်ဆောက်ရွက်မည်


မန္တလေးမြို့ကို Green City တစ်ခုဖြစ်လာရန် အာရှဖွံ့ဖြိုးရေးဘဏ်က နို၀င်ဘာလဆန်း တွင်စတင်ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၀င် ဦးထွန်းကြည် ကပြောကြားသည် ဟုသိရသည်။ မန္တလေးမြို့ကို Green City အဖြစ်ဆောင်ရွက်ရန် အဆိုပြု အစီရင်ခံစာ ရေးပို့ခဲ့ပြီး နောက်ယခုကဲ့ သို့အကောင်အထည်ဖေါ်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာ၀န်ရှိသူများက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ညှိုနှိုင်းနေပြီဖြစ်ပြီး ယခုလ ၂၆ရက်မှ စတင်၍မြို့နယ် အလိုက် ဆောင်ရွက် မည်ဖြစ်ကြောင်းသိရသည်။

Online မှာ အတုအယောင် Comments တွေရေးသား စေခိုင်းမှုကြောင့် ဒဏ်ငွေ $340,000 Samsung


Samsung က သူ့  ရဲ့  ပြိုင်ဖက်တွေနဲ့ပတ်သက်ပြီး အတုအယောင် Comments, သိက္ခာကျစေတဲ့ အကြောင်းအရာတွေကို ရေးသားခိုင်းစေမှု ကိုစစ်ဆေးသိရှိပြီးနောက် ဒဏ်ငွေ $340,000 ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ April လတုန်းက Taiwan Fair Trade Commission (FTC) က စတင်စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။

Miss Universe Myanmar မိုးစက်ဝိုင် အင်တာနက်တွင်မဲ အများဆုံးရရှိနေ


Miss Universe 2013 ပြိုင်ပွဲကြီး မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ၀်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar မိုးစက်ဝိုင်သည် လူကြိုက် အများဆုံးဖြင့် အင်တာနက်တွင်မဲ အများဆုံး ရရှိထားကြောင်းသိရသည်။ မိုးစက်ဝိုင်သည် အင်တာနက်မဲပေးမှု စနစ်တွင် အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ် တိတိတွင် မဲပေးမှု (189478) အများဆုံးဖြင့် ရပ်တည်နေခဲ့သည်ဟု ဆိုသည်။

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် တက်ရောက်ခွင့် ရရှိမည့် ကျောင်းသားကျောင်းသူများစားရင်း နိုင်ဝင်ဘာတွင် ထုတ်ပြန်မည်


၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက်ထူးချွန်သည့်ကျောင်းသားကျောင်းသူများသာ တက်ရောက်ခွင့်ရရှိမည့် ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်၀င်ခွင့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး ရှိရွေးချယ် ခံရမည့်ကျောင်းသား၊ ကျောင်းသူ စာရင်းများအား နို၀င်ဘာ လဆန်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေး၀န်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

Bellerbys College မှ GCE A Level အတွက် ပညာသင် ထောက်ပံ့ကြေး ၆၀ ရာခိုင်နှုန်း အထိ လျှောက်ထားနိုင် -

ယူကေတွင် ဆေးကျောင်းတက်ရောက်လိုသည့် ၁၀ တန်းအောင် (သို့) IGCSE အောင် မြန်မာကျောင်းသူ ၊ ကျောင်းသားများအတွက် Bellerbys College တွင် GCE A Level ၀င်ခွင့်လျှောက်ထားနိုင်ပြီး၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ကျောင်းဝင်ခွင့်လအတွက် သတ်မှတ်အရည်အချင်း ပြည့်မီသူများ အနေဖြင့် ပညာသင် ထောက်ပံ့ကြေး ၆၀ ရာခိုင်နှုန်း အထိ ရရှိမည်ဖြစ်ကြောင်း၊ CROWN Education မှသိရသည်။

တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြောသည်။

အဆိုပါ Wifi အင်တာနက်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုးတူပူးပေါင်းလုပ် ကိုင်မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက မဇ္ဈိမကို ပြောသည်။

ကွန်ပြူတာတွေကို အီလက်ထရောနစ် သွေးဖြစ် လည်ပတ်စေမည်

 
ခေါင်းစဉ်ကြောင့် တွေးရရှုပ်သွားစေမယ်ထင်ပါတယ်။ Mashable မှာ ဖော်ပြထားတဲ့ ဆောင်းပါးက ဒီလိုပါ။

ယနေ့ လူတိုင်း အသုံးပြုနေတဲ့ စမတ်ဖုန်းမှာ ပါတဲ့ မှတ်ဥာစ်တစ်ခုဟာ တစ်ချိန်က နာဆာတို့ လကမ္ဘာကို သွားဖို့ တင်လိုက်တဲ့ အာသာယာဉ်က မှတ်ဥာဏ်အစိတ်အပိုင်းများထပ်တောင် ပိုပြီးတော့ အဆင့်မြင့်နေပါတယ်။ ဒါကြောင့် အနာဂတ်မှာ နည်းပညာ ပစ္စည်းများကို ထုတ် လုပ်လေလေ သေးလာလေလေပဲ။ အထူးသဖြင့် Chip တွေ၊ Processor တွေသေးသွား ပါတယ်။

မိသားစုများ၏ စီးပွားရေး လုပ်ငန်းကို ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အချိန်မရွေး လာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်း ပြောပြီ

နေပြည်တော်၊အောက်တိုဘာ၂၄

မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက်
အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
“အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။ နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။

Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်း( EBOOK )

Facebook မှာ လော့ ကျတာမှန်သမျှအကုန်ပြန်ရတဲ့  နည်းလမ်းလာပြီ။ Facebook မှာသူငယ်ချင်းတွေ
အပ်များလို့ လက်ခံတာများလို့ (like ) လုပ်တာများလို့ စသည်ဖြင့်  လော့ ကျတာမှန်သမျှကိုပြန်ယူလို့ ရမဲ့ နည်းလမ်း ebook ပါ။ဖိုင်ဆိုဒ်က ( 1mb ) တောင်မရှိပါဘူးအလွယ်တစ်ကူဒေါင်းလုပ်ဆွဲပြီးအခက်အဲမှန်သမျှဖြေရှင်းနိုင်ကြပါပြီခင်ဗျာ။လေ့ လာလိုသူများ
အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီခင်ဗျာ။
ဒီပိုစ်လေးကို pdf file လုပ်ပေးခဲ့ တဲ့  ကိုလတ်(ကျွဲဆင်းနည်းပညာများစုစည်းမှူ့  ) ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဦးခင်ညွှန့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက သီးခြား မှတ်ချက်ပြု စရာမရှိကြောင်း သူရဦးရွှေမန်းဆို

နေပြည်တော်၊အောက်တိုဘာ၂၄

ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့် အနေဖြင့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည်မှာမှန်ကန်ပါက ၎င်း၏ အခွင့်အရေးဖြစ်ပြီး သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကပြောသည်။

“တကယ်လို့ ဒီသတင်းထွက်တာမှန်တယ်ဆိုလို့ရှိရင် သူ့ အခွင့်အရေးပါပဲ၊သူရွှေးချယ်ပိုင်ခွင့်ရှိပါတယ်။ ပြည်သူများကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ မိမိ အနေနဲ့သီးခြားမှတ်ချက်ပြုစရာမရှိပါဘူး” ဟု ဦးရွှေမန်းက ပြောသည်။

Adobe Photoshop CS3 Portable (48MB)

 
Adobe Photoshop CS3 Portable လေးပါ။ အားလုံးပဲစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ Portable လေးဆိုတော့ double click နဲ့တင် ပွဲသိမ်းတယ်ဗျာ။ ကီးအတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူး။ သွားလေရာ Memory stick ထဲထည့်ပြီး သယ်ဆောင်သွားနိုင်ပါပြီ။ 

ဦးခင်ညွှန့်က ဖြစ်ခဲ့သမျှမေ့ခိုင်း၍ ဂါရ၀ပြုကန်တော့ခြင်း

 

ရန်ကုန်၊အောက်တိုဘာ ၂၂

ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန်ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။

၂၀၁၂ ခုအတွင်း တီဘီရောဂါကြောင့် လူ ၁ ဒသမ ၃သန်းသေဆုံးခဲ့ကြောင်း WHO ထုတ်ပြန်


တီဘီရောဂါကို ထိန်းချုပ်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်များကြောင့် ယမန်နှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူဦးရေ ၁ဒသမ ၃သန်းသို့ လျော့ကျခဲ့သော်လည်း ဆေးယဉ်ပါးသော တိဘီရောဂါများ စိုးရိမ်ဖွယ်ရာ များပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကအောက်တိုဘာ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးသိန်းစိန် သမ္မတအဖြစ် အရွေးမခံတော့ဟု ဦးရွှေမန်းပြော

၂၀၁၅ ခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်အနေ နဲ့ သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်နေ့က လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအလုပ်သမားများထံ ငွေတောင်းသည့် ထိုင်းရဲများကို အမှုဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာအလုပ်သမားတွေ အများဆုံး နေထိုင်တဲ့ မဟာချိုင်မှာ မြန်မာနိုင်ငံသားတွေဆီကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ငွေတောင်းခံတဲ့ ဖြစ်ရပ်တွေ ဆိုးဝါးလာတဲ့အတွက် စမွတ်စခွန်ခရိုင် ရဲစခန်းကို မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။