Thursday, October 24, 2013

မန္တလေးမြို့ကို Green City အဖြစ်အာရှ ဖွံ့ဖြိုးရေးဘဏ်က နိုဝင်ဘာလဆန်းတွင် စတင်ဆောက်ရွက်မည်


မန္တလေးမြို့ကို Green City တစ်ခုဖြစ်လာရန် အာရှဖွံ့ဖြိုးရေးဘဏ်က နို၀င်ဘာလဆန်း တွင်စတင်ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၀င် ဦးထွန်းကြည် ကပြောကြားသည် ဟုသိရသည်။ မန္တလေးမြို့ကို Green City အဖြစ်ဆောင်ရွက်ရန် အဆိုပြု အစီရင်ခံစာ ရေးပို့ခဲ့ပြီး နောက်ယခုကဲ့ သို့အကောင်အထည်ဖေါ်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာ၀န်ရှိသူများက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ညှိုနှိုင်းနေပြီဖြစ်ပြီး ယခုလ ၂၆ရက်မှ စတင်၍မြို့နယ် အလိုက် ဆောင်ရွက် မည်ဖြစ်ကြောင်းသိရသည်။


မန္တလေးခြောက်မြို့နယ်ရှိ အိမ်များကိုစာရင်းကောက်ခံ ရာတွင်ချမ်းသာသည့်အိမ် ၁၀ရာခိုင်နှုန်း၊ ဆင်းရဲသည့်အိမ် ၄၀ရာခိုင်နှုန်း၊ လူလတ်တန်းစား ၃၀ရာခိုင်နှုန်း၊ အစိုးရ၀န်ထမ်းရာခိုင်နှုန်း ၂၀ဖြင့်တွက်ချက်ကာ ထိုအိမ်ထောင်စု များ၏ လူမှုစီးပွားရေး၏ အခြေအနေများကို လေ့လာစာရင်းပြုစုသွားမည် ဖြစ်သည်။

“GreenCity ဆိုတာစိမ်းလန်းမှုတစ်ခုတည်းတင်မကပဲ သန့်ရှင်းမှုရှိပြီး ညစ်ညမ်းမှုမရှိတဲ့ နယ်မြေအဖြစ်၊ နောက်ပြီးလုံခြုံရေးအတွက် ပါထည့်သွင်းစဉ်းစားစရာတွေ ပါ၀င်ပါတယ်။ ခုလိုမြို့နယ် အလိုက်အိမ်ထောင်စု စာရင်းကောက်ယူ ပြီးရင်အဲဒီအိမ်တွေကထွက်တဲ့ ၊ ရေဆိုး၊ စက်ရုံအလုပ်တွေရဲ့ စွန်ပစ်ရေဆိုး၊ အမှိုက်စနစ် ၊ ရေလျှံမှုတွေ၊ မြို့ရဲ့ယာဉ်ကြောရှုတ်ထွေး မှုတွေကိုဘယ်လိုဖြေရှင်းမလဲ စတဲ့လူနေမှုဘ၀အပြင် မြို့ပြရဲ့ လိုအပ်ချက် တွေကိုထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်သွားမှာပါ” ဟုဦးထွန်းကြည်က ပြောကြားသည်။

အောက်တိုဘာ ၂၆ရက်မှနို၀င်ဘာ ၅ရက်အထိ စာရင်းကောက်ပြီးနောက် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာန်ရှိသူ များက နို၀င်ဘာ၁၈ရက် နှင့် ၁၉ရက်များတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နှင့်ဆွေးနွေးကာ အမေရိကန်ဒေါ်လာသုံးသိန်း အကုန်အကျခံပြီး GreenCity အတွက်ကနဦး ဦးစားပေးဆောင်ရွက် ရမည့် လုပ်ငန်းများကိုလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


Ref-Myanmar iCT News

No comments:

Post a Comment