Miss Universe
2013 ပြိုင်ပွဲကြီး မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ၀်ရောက်ယှဉ်ပြိုင်မည့်
Miss Universe Myanmar မိုးစက်ဝိုင်သည် လူကြိုက် အများဆုံးဖြင့် အင်တာနက်တွင်မဲ အများဆုံး
ရရှိထားကြောင်းသိရသည်။ မိုးစက်ဝိုင်သည် အင်တာနက်မဲပေးမှု စနစ်တွင် အောက်တိုဘာ ၂၄ ရက်
ညနေ ၅ နာရီ ၄၅ မိနစ် တိတိတွင် မဲပေးမှု (189478) အများဆုံးဖြင့် ရပ်တည်နေခဲ့သည်ဟု ဆိုသည်။
မိုးစက်ဝိုင်က “ကျွန်မကို
ဒီလိုမျိုး မဲတွေပေးခဲ့တဲ့ အတွက် တအားကို ပျော်ရွင်ရပါတယ်။ ဒါက ကျွှန်မ ဘ၀သက်တမ်း တစ်လျှောက်လုံးအတွက်
အခွင့်အရေးတစ်ခုလို့ ထင်မြင် မိပါတယ်။ ယုံလည်းယုံကြည်တယ်။ ကျွန်မကတော့ ကျွန်မတတ်စွမ်းသမျှကို
အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်လို့ လုပ်သွားမှာပါ။ တစ်ချိန်ကျရင် အတိတ်ကို ပြန်ကြည့်တဲ့အခါမှာ
အမိနိုင်ငံအတွက် ကိုယ်ဘာတွေလုပ်ပေးနိုင်ခဲ့သလဲဆိုတာကို ပြန်ခံစားမိလိမ့်မယ်လို့လည်း
ယုံကြည်ပါတယ်’’ ဟု အင်တာနက်မှတစ်ဆင့် ဖြေကြားခဲ့သည်။
နှစ်ပေါင်း ၅၀ အတွင်း
ပထမဆုံးအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု မိုးစက်ဝိုင်အား
နိုင်ငံတကာမှ လူစိတ်၀င်စားမှု အများဆုံးခံရခြင်းဖြစ်ကြောင်း သိရသည်။ မိုးစက်ဝိုင်နှင့်
အတူ ဂါနာ (Ghana) နိုင်ငံ ကိုယ်စားပြု Hanniel Jamin မှာလည်း လူစိတ်ဝင်စားမှု အများဆုံး
ရရှိထားသည်။
Miss Universe ပြိုင်ပွဲကြီးသည်
ကမ္ဘာပေါ် တွင်အကြီးမားဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး ၁၉၅၉ ခုနှစ်၊ ၁၉၆၀ခုနှစ်၊ ၁၉၆၁
ခုနှစ် သုံးနှစ်ဆက်တိုက် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး
၁၉၆၁ခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဖလော်ရီဒါ ပြည်နယ်သို့သွားရောက်ယှဉ်ပြိုင်ခဲ့သည့်
ဒေါ်ခင်မြင့်မြင့်သည် အသားအရေလှပမှုနှင့် ကိုယ်ခန္ဓာအချိုးကျ လှပမှုဆုကို ရယူနိုင်ခဲ့ကြောင်းသိရသည်။
မယ်စကြာ၀ဠာ ပြိုင်ပွဲကြီးကို
ရုရှားနိုင်ငံ မော်စကိုမြို့၌ နို၀င်ဘာ ၉ ရက်မှ စတင်၍ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ
ကိုယ်စားပြု မိုးစက်ဝိုင်အား မဲပေးလိုပါက missosology.org ၀က်ဘ်ဆိုက်သို့ ၀င်ရောက်မဲပေးနိုင်ပါသည်။
Ref-Myanmar iCT News
No comments:
Post a Comment