Friday, October 25, 2013

ေခတ္သစ္တာဇံမေလး Tippi Degré


တောင်အာဖရိကမှာမွေးပြီး တောင်အာဖရိက မှာပဲကြီးပြင်းခဲ့တဲ့ ကလေးမငယ်လေး Tippi Degré ဟာ ခေတ်သစ် တာဇံမလေးလို့ ခေါ်ရမှာဖြစ်ပါတယ်။ပြင်သစ်လူမျိုး တောရိုင်းသဘာ၀ လေ့လာရေး ဓါတ်ပုံ ဆရာမိဘများမှ မွေးဖွားလာပြီး တောထဲမှာပဲ ၁၀နှစ်မက နေခဲ့တာ ဖြစ်ပါတယ်။


သူဟာနေထိုင်စဉ် ဘ၀တစ်လျှောက်လုံး ကျား၊ ခြင်္သေ့၊ ရေမြင်း၊ ဆင်၊ မျောက်၊ ကြံ့၊ မြွေ၊ ဖါး၊ ပုတတ် အစ ရှိသဖြင့် တောရိုင်းတိရိစ္ဆာန် များနှင့်အတူတူ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ သာမန်လူရိုင်း တစ်ယောက်တောင် သူ့လောက် တိရိစ္ဆာန် စုံစုံလင်လင်နဲ့ မချဉ်းကပ် မနေထိုင်ရဲဘူး။ မွေးကတည်းက ကြီးပြင်းတဲ့ အချိန်အထိတောရိုင်းတိရိစ္ဆာန် များနှင့်ပျော်ပါးပြီး တာဇံမလေးလို့ တောင်ခေါ်တွင်ပါတယ်။ သူမှာရွယ်တူ သူငယ်ချင်းမရှိပဲ တိရိစ္ဆာန်သူငယ်ချင်း ပဲရှိပါတယ်။

Tippi ကိုအခြေခံပြီး ရုပ်ရှင်၊ တီဗွီ ရုပ်သံအစီအစဉ် မှတင်ဆက်ပြီးတော့ လည်းအောင်မြင်ခဲ့ပါတယ်။ Wild Life Photography တွေမှာလည်း တော်တော်များများပါ၀င်ပြီး Tippi လိုအနောက်တိုင်း လူဖြူတစ်ဦး အနေနဲ့ တောရိုင်းတိရစာၦန် များနဲ့ ရင်းနှီးမှုက ထူးခြားနေကြောင်းသိရပါတယ်။


Ref-Myanmar iCT

No comments:

Post a Comment