ကျောင်းပြင်ပ
ပညာရေးဟူသည် ကျောင်းလုံးဝမနေခဲ့ရသည့် ကလေးများနှင့် မူလတန်းပညာရေး
မပြီးဆုံးမီကျောင်းထွက်သွားကြရသည့် အသက် ၁၀ နှစ်မှ ၁၁ နှစ်
အရွယ်ကလေးများကို ဒုတိယအ ကြိမ်ပညာရေးသင်ခွင့် အခွင့်အလမ်းပေးခြင်းဖြစ်သည်။
ဤလုပ်ငန်းကို
ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ပူးပေါင်းအကောင်အထည်ဖော် လုပ်ဆောင်နေ
ခြင်းဖြစ်ပါသည်။ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ
ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်များတွင် စတင်ခဲ့ပြီး ၂၀၀၉-၁၀ တွင်
လှည်းကူးမြို့နယ်၌လည်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
ကျောင်းပြင်ပ
ပညာရေးနှင့် ပတ်သက်၍မိမိ၏အတွေ့အကြုံအရပြောရလျှင် မူလတန်းပညာရေးတွင်
ကျောင်းလုံးဝမနေခဲ့ရသူများ၊ ပညာတစ်ပိုင်းတစ်စနှင့်
ကျောင်းထွက်သွားကြရသူများသည် ကျေးလက် ဒေသတောရွာများတွင်
မရှိသလောက်ဖြစ်ပါသည်။ ကျေးလက်နေကလေးတိုင်း ကိုယ့်ရွာကျောင်းမှာ
မူလတန်းပညာဆုံးခန်းတိုင်အောင် သင်ချင်ကြသည်။ လိုအပ်မှသာ မိဘနှင့်ဆရာများက
ဝိုင်းဝန်းပံ့ပိုး တတ်ကြသည်။ မူလတန်းကျောင်းမရှိသော ရွာများတွင်လည်း
ကိုယ့်ရွာကိုယ့်ဇာတ် ကိုယ့်နည်းကိုယ့် ဟန်ဖြင့် ပညာရေးအတွက်
လိုအပ်သည်များကို လုပ်ဆောင်တတ်ကြသည်။ လက်မနှေးတတ်ကြပါ။ စပါးပေးပြီး
စာသင်သည့်ဆရာများ ငှားရမ်းကာကလေးများပညာရေးကို ဦးစားပေးသင်ပေးတတ်ကြ သည်။
ရွာငယ်လေးများသည်ပင်လျှင် ကလေးများပညာသင်ယူရာတွင် ယာယီစာသင်ကျောင်းများ
ဖြစ်သွားကြရသည်။ စပါးပေးဆရာများဟူသည် တစ်နှစ်တာလုံးအတွက် သင်ကြားစရိတ်ကို
စပါးဖြင့် တန်ဖိုးဖြတ်၍ ငှားရမ်းထားသောဒေသခံပညာတတ်ကလေးများ ဖြစ်ကြသည်။
အိမ်တိုင်းက စပါးကို အချိုးကျတန်ဖိုးဖြတ်၍ ငှားရမ်းထားသော
ဒေသခံပညာတတ်ကလေးများဖြစ်ကြပါသည်။ ထိုဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်ရေး၊
သွားရေးလာရေးကအစ ရွာမှတာဝန်ယူပေးသည်။ အလှူတ ကာ့အလှူတွင် တရားအလှူနှင့်
ပညာအလှူသည် အမြတ်ဆုံးဟုသိထားကြသော ကျေးလက်နေပြည် သူများသည်
ဒေသပညာရေးနှင့်ပတ်သက်၍ ကျေးလက်၏စပါးခွဲတမ်းများသတ်မှတ်ကာ ကူညီ
ထောက်ပံ့ကြသည်။ ပညာသင်ယူမည့် သားသမီးများ မရှိသော်လည်း စပါးခွဲတမ်းကို
ပညာဒါနမို့ ထည့် လှူဖို့လက်မနှေးတတ်ကြ၊ ကျောင်းပြင်ပပညာရေး
အမှန်တကယ်လိုအပ်နေသည်မှာ မြို့ပြ၏ အစွန် အဖျားမြို့နယ်များ၊
တစ်နည်းမြို့ပြ၏ ဆင်ခြေဖုံးမြို့နယ်များတွင်သာ ဖြစ်ပါသည်။ ၂၀၁၁-၁၂ တွင်
ဆောင်ရွက်ခဲ့သည့် လှိုင်သာယာမြို့နယ်လိုမြို့သစ်များတွင်
ဤကလေးများအများအပြားရှိတတ်သည်။ အလုပ်တစ်ဖက်နှင့် ပင်ပန်းနေကြစသည့်
မူလတန်းကလေးများ၊ အပြီးအပိုင်ကျောင်းထွက်ကာ လုပ် ငန်းခွင်ဝင်သွားကြသည့်
ကျောင်းသားကလေးများလည်း အများအပြားရှိတတ်သေးသည်။
တိုးချဲ့ကြည့်မြင်တိုင်
ကျေးရွာအုပ်စုလေးခုတွင် လူဦးရေလေးသောင်းကျော် နေထိုင်လျက်ရှိသည်။
ဒေသခံနည်းနည်းနှင့် ဒေသအနှံ့မှ အခြေချလာကြသူများ ပေါင်းစည်းထားသော
ပျံကျဆင်းရဲသားရပ် ကျေးများဖြစ်၍ အားလုံးနည်းပါးရန်ကုန်ဘက်ကမ်းကို
မှီခိုလုပ်ကိုင်စားသောက်ကြရသည်။ နံနက်ဝေလီ ဝေလင်းကတည်းက
ရန်ကုန်ဘက်ကမ်းကိုကူးကာ အလုပ်လုပ်၊ မိုးချုပ်မှအိမ်ပြန်၊ တစ်နေကုန်ရုန်းကန်
နေကြရသူများသည်။ စာသင်ပေးရင်း အလုပ်လုပ်ကြသူ တချို့ဆိုလျှင်
ညဘက်တစ်နာရီကူး မိုးလင်းမှ ပြန်လာစာသင်ပေးရ၊ ကလေးထိန်းပေးရနှင့်
တချို့နံနက်စာအဆင်မပြေကြ၍ ကျောင်းကပင် စီစဉ်ပေး ရသည်။
တချို့မိဘများ
စားဝတ်နေရေးအကြောင်းပြကာ သူတို့ကလေးတွေကို ကျောင်းထုတ်သွားတတ်ကြ သည်။
ပညာသင်စရိတ် အခက်အခဲကို ကျောင်းမှတာဝန်ယူဖြေရှင်းပေးခဲ့ငြားလည်း
မိသားစုစားဝတ် နေရေး ပြဿနာကိုကား ဖြေရှင်းမပေးနိုင်ခဲ့ပါ။ ဤသို့ဖြင့်
ဤကလေးများသည်တစ်ညလုံးလည်ပတ်နေ သော သီရိမင်္ဂလာဈေး၊ အုန်း၊ ငှက်ပျောတန်း၊
ကမ်းနားဈေး၊ ငါးဒိုင်များတွင် ညမင်းသားကလေးတွေ ဖြစ်သွားကြရသည်။
ညတစ်နာရီမြို့ကမ်းကိုကူး၊ တစ်ညလုံးဈေးမှာလှုပ်ရှား၊ နံနက် ၈ နာရီဆိုပြန်လာ။
အနည်းဆုံးကလေးတစ်ယောက်ဝင်ငွေ သုံးထောင်နှင့်လေးထောင်ကြားမှာ ရှိနေသည်။
တချို့ကလေး များကျောင်းတက်နေရင်းနှင့် မိသားစုနှင့်အတူ
ညဘက်သွားလာလှုပ်ရှားနေကြရရှာသည်။ နံနက် ကျောင်းချိန်အမီ ပြန်ရောက်လာကြလည်း
စာသင်ခန်းထဲမှာ စာသင်ရင်းအိပ်ပျော်နေတတ်ကြသည်။ တစ်ရံတစ်ခါဈေးရောင်းသည့်အခါ
စည်ပင်၏အရေးယူဖမ်းဆီးခြင်းခံရ၊ ကျောင်းသားဖြစ်ကြောင်း၊ ထောက်ခံချက်ပေးရ၊
ပြန်လွတ်လာကြ၊ ပြန်လှုပ်ရှားကြနှင့် သူတို့လေးတွေအိမ်နှင့်ကျောင်း၊ ကျောင်း
နှင့်လုပ်ငန်းခွင်ကြားမှာ သံသရာလည်ဗျာများနေကြရသည်။
ပညာသင်နှစ်
|
နှစ်စကျောင်းဝင် ဦးရေ
|
နှစ်ဆုံးကျောင်းသား ဦးရေ
|
ကျောင်းထွက်ကလေးများ
|
မှတ်ချက်
|
၂၀၁၀-၁၁
|
၃၉၀၈
|
၃၈၄၃
|
၆၅
|
|
၂၀၁၁-၁၂
|
၄၀၇၁
|
၃၉၄၀
|
၁၃၁
|
|
၂၀၁၂-၁၃
|
၄၃၁၃
|
၄၂၅၀
|
၆၃
|
|
စုစုပေါင်း
|
၁၂၂၉၂
|
၁၂၀၃၃
|
၂၅၉
|
ကြည့်မြင်တိုင်အနောက်ဘက်ကမ်းမှ ထက်လယ်မူကျောင်းများရှိ မူလတန်းကျောင်းသားကလေးများ၏ ကျောင်းဝင်၊ ကျောင်းထွက် သုံးနှစ်တာအခြေပြဇယား
ကြေးမုံသတင်းစာ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄
Post a Comment