0
WhatsApp သုံးသူများအတွက် သတင်းကောင်းပါ။ WhatsApp မှာ Voice Message အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
သူ့ရဲ့  Voice Message Function က Facebook နဲ့ အတူတူပါပဲ။ အသံ Record လုပ်ဖို့အတွက် ခဏ hold (ဖိ) ထားပြီး ပြောပြီးတဲ့အခါ Send လိုက်ရုံပဲ ဖြစ်ပါတယ်။ Apple ရဲ့  iOS တင်မက၊ Android, Windows Phone, Blackberry အစရှိသဖြင့် မိုဘိုင်းဖုန်း Platform အားလုံးအတွက် ပြု လုပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် WhatsApp ကိုဖွင့်လိုက်ရင် အသံ Record လုပ်လို့ရမယ့် icon လေးကို Message text box ဘေးမှာ မြင်နေ ရမှာ ဖြစ်ပါတယ်။

WhatsApp ဟာ ကမ္ဘာ့အအောင်မြင်ဆုံး Messaging Service များထဲမှ တစ်ခု ဖြစ်ပြီး နိုင်ငံတိုင်းမှာလည်း အသုံးပြုနေပါတယ်။ သူ့အားသာချက်က အင်တာနက်လိုင်း နှေးနေလည်း အခြား App များထက်စာရင် စာအပို့၊ အဝင် ပိုမြန်ဆန်ပြီး ဓာတ်ပုံလည်း Loading မကြာပဲရောက်ပါတယ်။ အခြားသော Feature ကောင်းများလည်း ပါဝင်ပြီး အသံပါပို့လို့ရမယ့် စနစ်ကြောင့်မို့ ပိုမို လူသုံးများအုံးမယ့် Messaging App တစ်ခုဖြစ်လာမယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
Ref: mashable
Aung Kham (Guide Magazine)
Ref & Credit: Guide Magazine

Post a Comment

 
Top