0
မိုဘိုင်းဖုန်းဆိုင်ရာ ဈေးနှုန်းများ၊ အသုံးပြုပုံများနှင့် ဝန်ဆောင်မှု အချက်အလက် များကိုလည်း 1212 Call Center ကဖြေကြားပေးမည် ဖြစ်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိ 1212 Call Center တွင် MEC Tel CDMA 800 MHz SIM Card နှင့် ငွေဖြည့်ကတ်ဆိုင်ရာ အချက်အလက်များ၊ လေကြောင်းလိုင်းနှင့် ခရီးသွားလာမှုဆိုင်ရာ အချက်အလက်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင် ဆိုင်ရာအချက်အလက်များကို ဖြေကြားပေးလျက်ရှိသည်ဟု သိရသည်။ ၎င်းအပြင်ပညာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ၊ နေပြည်တော်အစိုးရရုံးလိပ်စာများ၊ ဖုန်းနံပါတ်များနှင့်
အထွေထွေအချက်အလက်များကို ဖြေကြားပေးလျှက်ရှိကြောင်း သိရသည်။ 1212 အပြင် 1211 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။ 1211 တွင် ပြည်တွင်းပြည်ပ
ဘောလုံးပွဲရလဒ်များကို ဖြေကြားပေးလျှက်ရှိကြောင်း သိရသည်။
ဘောလုံးပွဲအချိန်များ၊ ဘောလုံးပွဲလူစာရင်းများ၊ ပွဲကြိုသတင်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်သည်။ ဗေဒင်ဆိုင်ရာ​ဝန်ဆောင်မှုကိုလည်း ဖြေကြားပေးလျက်ရှိကြောင်း သိရပြီး မဟာဘုတ်အဟော၊ တားရော့အဟော၊ နာမည်ပေးကင်ပွန်းတပ်၊ ယတြာချေနည်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်သည်။ အိမ်၊ ခြံ၊ မြေဆိုင်ရာ အချက်အလက်များ၊ မင်္ဂလာပွဲဆိုင်ရာနှင့် အလှအပဆိုင်ရာ၊ ဥပဒေရေးရာနှင့် ကျန်းမာရေးဆိုင်ရာများကို 1211 ကဖြေကြားပေးကြောင်း သိရသည်။ အဆိုပါ Call Center ၌ Hello Music ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Ref & Credit: Internet Journal

Post a Comment

 
Top