0
HTC One လက်တလော မြန်မာပြည်မှာတင်မက ကမ္ဘာ့ဈေးကွက်မှာ ပါ ရောင်းအား သွက်နေပါတယ်။

ဒါကြောင့်မို့ HTC One ကို အပြာရောင် ကာလာနဲ့ ထပ်မံထွက်ရှိတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။ အပြာရောင်တစ်မျိုးတည်း မဟုတ်ပါဘူး။ အနီရောင်လည်း ပါဝင်ပါတယ်။ ယခင်က အလူမီနီယံ ရောင်နဲ့ သာ ထွက်ရှိရာမှာ ဝယ်ယူသူတို့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အရောင်စုံကို ထပ်မံ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။


လက်ရှိ Moto X စတင်ရောင်းချချိန်ကာလမှာ HTC One အနီရောင် နဲ့ အပြာရောင်ကို ထပ်မံမိတ်ဆက်ခြင်းက ဈေးကွက် တိုက်ခိုက်တဲ့ နည်းလမ်း တစ်မျိုး ဖြစ်ပြီး Moto X ရဲ့  ရောင်းအားကို အနည်းနဲ့အများ ထိခိုက် စေနိုင် မယ်လို့ ယုံကြည်ထားကြ ပါတယ်။

ဈေးနှန်းအားဖြင့် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိတဲ့ အနီရောင် နဲ့ အပြာရောင် HTC One ကို သြဂုတ် လယ် နောင်းပိုင်း ဈေးကွက်မှာ ရရှိ နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint

Aung Kham (TSJ team)

Post a Comment

 
Top