Cyber Attack လို့ခေါ်တဲ့ အင်တာနက်ကွန်ရက်မှတစ်ဆင့် နည်းပညာ
တိုက်ခိုက်မှုများကြောင် ကမ္ဘာမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယျံ ၃၀၀
ဆုံးရှုံးနေကြောင်း သိရပါတယ်။
တော်တော်ကို အကုန်ကျများတဲ့အနေအထားမှာပါ။ အကုန်အကျအများဆုံး က အမေရိကန်ပဲ
ဖြစ်ပါတယ်။ သမ္မတ အိုဘားမား ရဲ့  ထုန်ပြန်ပြောဆိုချက် အရ Cyberattack ကို
တော်လှန်ဖို့အတွက် နှစ်စဉ် ဘီလီယျံ ၁၀၀ သုံးစွဲနေ ရကြောင်း ဆိုင်ပါတယ်။
ဥာဏ လုပ်သား အင်အားအနေနဲ့ လူဖြည့်တင်းမှု ကုန်ကျစရိတ်အပြင်၊ အဆင့် မြင့်
နည်းပညာ ပစ္စည်းများ၊ အင်တာနက်ကွန်ရက်များ တီထွင် ဖန်တီးမှုကလည်း များစွာ
ကုန်ကျစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ လက်ရှိ အမေရိကန်ကို နည်းပညာအရ
တိုက်ခိုက်နေသူ အများစု (Cyber Attacker) များမှာ ပြည်ပနိုင်ငံများမှ
ဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်တင်မက၊ တရုတ် နဲ့ အခြားသော ဥရောပ နိုင်ငံကြီးများကလည်း Cyber
လုံခြုံရေးအတွက် ငွေကြေး မြောက်များစွာ သုံးစွဲနေရပြီး ဆုံးရှုံးမှု
များကို နှစ်စဉ် ကြုံတွေ့နေရလျက် ရှိကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)
Home
»
နည်းပညာသတင်းများ
» ဆိုင်ဘာတိုက်ခိုက်ရေး သမားများကြောင့် ကမ္ဘာတွင် နှစ်စဉ် ကန်ဒေါ်လာ ဘီလီယျံ ၃၀၀ ဆုံးရှုံး
Subscribe to:
Post Comments (Atom)

Post a Comment