Samsung Galaxy Grand Duos
CDMA 800 MHz ဖုန်းတွေထဲမှာ မျက်နှာပြင် အရွယ်အစား အကြီးမားဆုံးလို့
ပြောဆို သတ်မှတ်နိုင်တဲ့ Samsung ရဲ့ Galaxy Grand Duos ကတော့
လူကြိုက်များတဲ့ ဖုန်းတစ်လုံး ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။ Samsung
အမှတ်တံဆိပ်ကို မြင်လိုက်တာနဲ့ အဆင့်မြင့် ကောင်းမွန်တဲ့ Feature တွေ
ပါဝင်မယ်ဆိုတာ လူတိုင်း
သတ်မှတ်ပြီးသား ဖြစ်မှာပါ။ ၂၀၁၃ ခုနှစ် ထုတ်တဲ့
ဖုန်းဖြစ်ပြီး Dual Core CPU ဆိုတဲ့ အနာအဆာလေးကလွဲရင် CDMA 800 MHz
အသုံးပြုနိုင်တဲ့ ဖုန်းများအားလုံး ထိပ်ဆုံးက နေရာယူထားတယ်လို့
ပြောလို့ရမယ် ထင်ပါတယ်။ မြင့်မားတဲ့ Feature တွေနဲ့ ပြည်တွင်း ဈေးကွက်ကို
ဝင်ရောက်လာတဲ့ Samsung ရဲ့ အသစ်စက်စက် CDMA 800 MHz ဖုန်းတစ်လုံးပဲ
ဖြစ်ပါတယ်။
HTC Desire VC
မြန်မာစာစနစ်ကို ဖုန်းထုတ်လိုက်ကတည်းက တစ်ခါတည်း ပါတာကို HTC ရဲ့
မြန်မာနိုင်ငံကို တင်သွင်းတဲ့ မော်ဒယ် ငါးမျိုးက ပထမဆုံးပါ။ အဲ့ဒီ
မော်ဒယ်ငါးမျိုးထဲမှာ CDMA 800 MHz ကွန်ယက်မှာ အသုံးပြုနိုင်တဲ့ HTC Desire
VC လဲ ပါဝင်လို့ နေပါတယ်။ CDMA 800 MHz နဲ့ GSM ကွန်ယက်မှာပါ
အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်လုံးပါ။ အကြမ်းခံမှုနဲ့အတူ ရိုးရှင်းတဲ့
အပြင်အဆင်က စွဲမက်စရာပါ။ HTC ရဲ့ CEO တစ်ဦးက
မြန်မာနိုင်ငံဖွားတစ်ဦးဖြစ်တဲ့ အတွက် ဂုဏ်ယူဝံ့ကြွားစွာ အသုံးပြုလိုပါက
ရွေးချယ်နိုင်စေရန် ဖော်ပြလိုက်ပါတယ်။
Huawei C8813D
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ တန်ဖိုးအနည်းဆုံး SIM Card ဖြစ်တဲ့ MEC
Card ထွက်တဲ့ အချိန်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ ဖုန်းကို
ပြပါဆိုရင် Huawei ရဲ့ C8813D ကို ပြရပါလိမ့်မယ်။ မျက်နှာပြင်ရဲ့
အရွယ်အစားကတော့ CDMA 800 MHz မှာတော့ ဒုတိယ အကြီးဆုံးလို့ ပြောလို့ရပါတယ်။
လှပတဲ့အရောင် ရွေးချယ်ဝယ်ယူနိုင်စေရန်အတွက် အရောင်များစွာနဲ့ ထုတ်လုပ်
ရောင်းချထားပါတယ်။ ဒီဇိုင်းပိုင်း အထူးကောင်းမွန်ပြီး အသုံးပြုသူတွေအတွက်
အမြဲတန်ဖိုးထားတဲ့ Huawei ရဲ့ ဈေးနှုန်းပိုင်း သတ်မှတ်မှုကတော့
အသုံးပြုမယ့်သူတွေ စိတ်ကျေနပ်စရာပါ။
ZTE N855D
မြန်မာနိုင်ငံမှာ လိုင်းဆွဲအားကောင်းတယ်လို့ နာမည်ကြီးတဲ့ အထဲမှာ ZTE ဟန်းဆက်တွေလည်း ပါဝင်ပါတယ်။ ပြည်တွင်းမှာ ZTE ဟန်းဆက်ကို သိပ်မသိကြပေမယ့် ZTE Fix Phone တွေကတော့ ပြည်တွင်းဈေးကွက်မှာ နာမည်ရပြီးသားပါ။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့အတူ CDMA 800 MHz ကွန်ယက်မှာ ကောင်းမွန်စွာ အသုံးပြုနိုင်တဲ့ ZTE ရဲ့ စမတ်ဖုန်း အသစ်ကို အသုံးပြုသူတွေ ကျေနပ်စေမယ့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်။ ပြည်တွင်းမှာ မိုဘိုင်းတာဝါတိုင်တွေကို ZTE က စိုက်ထူပေးထားခြင်းက ZTE ရဲ့ ကွန်ယက်ချိတ်ဆက်မှုများ ကောင်းမွန်ခြင်းက အရေးပါနေပါလိမ့်မယ်။ SKY Vega Racer 2

CDMA 800 MHz ဖုန်းလိုင်းဈေးကွက်ကို တရုတ်နိုင်ငံ ကုမ္ပဏီနှင့် အပြိုင်
ထုတ်လုပ် ရောင်းချနေတာကတော့ ကိုရီးယားနိုင်ငံရဲ့ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။
ပြည်တွင်းကို ဝင်ရောက်လာတာ မကြာသေးတဲ့ Sky Vega အမှတ်တံဆိပ် ဖုန်းတွေက
ကိုရီးယားနိုင်ငံမှာတောင် နာမည်ကြီးတဲ့ အမှတ်တံဆိပ်ဆိုတာကတော့ ငြင်းဆန်လို့
မရပါဘူး။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး လူအများစု ကြိုက်နှစ်သက်တဲ့
ဖုန်းဆိုရင်လည်း မမှားပါဘူး။
Ref & Credit: Smart Pro Journal

Post a Comment