မိဘမဲ့ ကလေးများအား မွေးစားရာတွင် နောင်အခါ၌ ပြဿနာများ ရှိလာနိုင်သည့်အတွက်
လွှတ်တော်ရေးရာ အုပ်ချုပ်မှု ကော်မတီနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဌာနတို့ ညှိနှိုင်းပြီး လွှတ်တော်တွင် အဆိုအဖြစ်
တင်သွင်းရန် သြဂုတ် ၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
=============================================================
မိဘမဲ့ဂေဟာ၊ ကျောင်းတွေမှာ နေထိုင်တဲ့ ကလေးငယ်တွေအတွက် အိမ်ထောင်စု
လူဦးရေစာရင်းအား ညွှန်ကြားချက်နဲ့အညီ ဂေဟာလိပ်စာနဲ့ စုပေါင်းထုတ်ပေးဖို့
ရှိပါတယ်။ အသက်အရွယ်အရ သတ်မှတ်ထားတဲ့ ကတ်ပြားတစ်မျိုးမျိုး
ထုတ်ပေးနိုင်ဖို့ မိဘအချက်အလက်များ မသိရှိနိုင်သော်လည်း ဥပဒေအရ . . . . .
=============================================================
"မွေးစားတဲ့အခါမှာ ဖခင်အမည်ခံရာတွင် မွေးစားခြင်းက ဥပဒေတစ်ရပ်နဲ့
ငြိစွန်းနေတဲ့အတွက် နောင်မှာအမွေစား အမွေခံ ကိစ္စတွေ ဖြစ်လာနိုင်တယ်။
အဲဒီတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုပါတယ်။ ဖခင်အမည်၊
မိခင်အမည်သိမှ နိုင်ငံသား ဖြစ်မှာလား၊ နိုင်ငံတွင်းမှာ မွေးဖွားတာကို
ကော်မတီ တစ်ခုခုက ထောက်ခံရင် နိုင်ငံသားဖြစ်မှာလား။ လုပ်ထုံးလုပ်နည်း
လွဲသွားရင် နောင်မှာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဘာလူမျိုး၊ ဘာသာစကား စတာတွေ
ထည့်သွင်းရာမှာ အသေးစိတ် စဉ်းစားစရာတွေ ရှိနေပါတယ်။ ဒါကြောင့်
လွှတ်တော်ရေးရာ အုပ်ချုပ်မှု ကော်မတီနဲ့ ၀န်ကြီးဌာနတို့
သေသေချာချာညှိနှိုင်းပြီး တိုင်းရင်းသားတွေရဲ့ သဘောတူညီချက်နဲ့
အဆိုတင်သွင်းဖို့ လိုပါတယ်" ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ပြောကြားသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်ကျော်ဝင်းက "မိဘမဲ့ဂေဟာ၊ ကျောင်းတွေမှာ နေထိုင်တဲ့ ကလေးငယ်တွေအတွက်
အိမ်ထောင်စု လူဦးရေစာရင်းအား ညွှန်ကြားချက်နဲ့အညီ ဂေဟာလိပ်စာနဲ့
စုပေါင်းထုတ်ပေးဖို့ ရှိပါတယ်။ အသက်အရွယ်အရ သတ်မှတ်ထားတဲ့
ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့ မိဘအချက်အလက်များ
မသိရှိနိုင်သော်လည်း ဥပဒေအရ တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသား
မိဘနှစ်ပါးက မွေးဖွားသူမှန်ပါက နိုင်ငံသားအဖြစ် ထားရှိရန် ဖြေလျှော့နည်းအရ
ညွှန်ကြားထားပါတယ်" ဟု ပြောကြားသည်။
မိဘမဲ့ ဂေဟာရှိ ကလေးများ နေ့စဉ်၊ အပတ်စဉ်၊ ဧည့်စာရင်း တိုင်ကြားခြင်း
မရှိစေရန် မိဘမဲ့ဂေဟာ တာဝန်ခံက မိဘအုပ်ထိန်းသူ အနေဖြင့်
အမျိုးသားကျောင်းဆရာ တစ်ဦးဦးအား ဖခင်အမည်ဖြင့် ဂေဟာလိပ်စာဖြင့် မိဘမဲ့
ကလေးများအား စုပေါင်းထုတ်ပေးရန် ညွှန်ကြားထားကြောင်း ဒုတိယ၀န်ကြီးက
ပြောကြားသည်။
လူငယ်ဖွံ့ဖြိုးရေး ဂေဟာရှိ ကလေးများ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရန်၊
အိမ်ထောင်စု လူဦးရေစာရင်း ရရှိရေးနှင့် နိုင်ငံ့ဝန်ထမ်းများ
ပြောင်းရွှေ့ပုံစံ (၁၀)နှင့် အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ ၆၆/၆
ထုတ်ပေးရန် ကိစ္စများကို ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိကြောင်း
ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
First Eleven Media Group
Home
»
မြန်မာ့သတင်း
» မိဘမဲ့ ကလေးများအား မွေးစားရာတွင် ပြဿနာများ ရှိလာနိုင်၍ လွှတ်တော်ရေးရာ ကော်မတီနှင့် ၀န်ကြီးဌာနတို့ အသေးစိတ်ဆွေးနွေးပြီး အဆိုအဖြစ် တင်သွင်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြား
Subscribe to:
Post Comments (Atom)
Post a Comment