ဆက်သွယ်ရေး
ဥပဒေထွက်ပေါ်လာသည့်နောက်ပိုင်း နည်းဥပဒေကို ရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန်ရမည်ဖြစ်သည့်အတွက်
အဆိုပါနည်းဥပဒေရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် Workshop on Telecommunication
Policy and Regulation ကို နေပြည်တော်၌ ကျင်းပသွားမည်ဟု သိရသည်။
ယခုလ ၂၀ ရက်နေ့မှ
၂၂ရက်နေ့အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘာ့ဘဏ်၊
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် GSMA အဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အကြီးအကဲများနှင့်
သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
မြင့်ကျော်လှိုင်
အင်တာနက် ဂျာနယ်
Post a Comment