0
သင်ဇာဝင့်ကျော်က ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) ရိုက်ကူးတဲ့ 'အမိုက်စား'  ရုပ်ရှင်ကို သူထူးစံ၊ ကျော်ကျော်ဗို၊ ခန့်စည်သူ၊ မိုးမိုး၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်၊ နန်းဆုရတီစိုး တို့နဲ့ ရိုက်ကူးထား ပါတယ်။ ဒီဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က "ဒီဇာတ် ကားကိုပြန်ကြည့်တဲ့ အခါမှာ ကျေနပ် အားရမှုရှိ ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ခဲ့တယ် ဆိုပေမယ့် ပလော့(ခ်)လေးတွေ၊ သရုပ်ဆောင် မှု လေးတွေက ရယ်နေရ တုန်းပဲ။ အဝတ်အစား ပိုင်းတော့ နည်း နည်း အောက်သွားတယ်" လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က "ရုပ်ရှင် ကားကြီးလည်း သင်ဇာ သိပ်ရိုက် ကူးရတာ မဟုတ်ဘူး။ ရုပ်ရှင်ကား ကြီးဆိုတာ အခါအခွင့် ရရင် မှတ်တိုင် တစ်ခုစိုက် ဖို့ အခွင့်ရေး ရမှာပါ။ အခွင့် အရေးကလည်းကိုယ်တော် နေတိုင်းမရဘူး" လို့ ပြောပါတယ်။သင်ဇာဝင့်ကျော်က အနုပညာအ လုပ်၊ပေါ်ထားတဲ့ စိတ်ထားနဲ့ပတ် သက် ပြီး "ဒီဟာက ကိုယ့်အလုပ်၊ ကိုယ့်ကို ထမင်း ကျွေးနေ တဲ့ အလုပ်ဖြစ် နေတဲ့ အတွက်ကြောင့် မို့ တန်ဖိုးထားတယ်။ ကောင်းကောင်းလုပ် တယ်။ အလုပ်ပေါ်မှာ စေတနာ ထားပြီး လုပ်တယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာရော အပြင်အချိန်တွေ မှာရော အနန္တငါးပါးကို မမေ့ဘူး။ ခင်ပွန်းကြီး ဆယ်ပါးကို မမေ့ဘူး။ ဘာသာရေး အမြဲလုပ်ရင် အလုပ်မှာ အမြဲအဆင် ပြေပါတယ်။
အရင်တုန်းက အနုပညာ အလုပ်လုပ် ရင် သူများသင်ပေးတဲ့ အတိုင်း ကိုယ့်ဘာသာကို မှန်းပြီးလုပ်ရတယ်။ မတတ်ဘူး။ ဒါပေမဲ့လည်း စမ်း ပြီး လုပ်ကြည့်တယ်။ အခုကျတော့ တအားကြီး သိနေတာလည်း မဟုတ်သေးဘူး။ နားလည်ပြီး လုပ် သွားတယ်။ သင်ဇာအစပိုင်း ကတော့ အနုပညာ အလုပ် လုပ်တာ အခက်အခဲတွေ အများကြီးပါ။ ကိုယ်က ဘာမှ မသိ ဘဲနဲ့ အနုပညာလောကထဲ ဝင်လာ တာလေ။ အနုပညာမျိုး ရိုးဆိုလို့ မနဝရတ်တစ်ယောက်ပဲ ရှိတာ။ သူကလည်း သူ တတ်နိုင် သလောက်သင့်ဇာကို လက်တွဲခေါ်ပေး ပါတယ်" လို့ ပြောပါတယ်။ 

တွယ်တာ

ပေါ်ပြူလာ ဂျာနယ်

Post a Comment

 
Top