0
လစာ တစ်သိန်းအထက် ရရှိကြတဲ့ ဝန်ထမ်းများနဲ့ ကုမ္မဏီဝန်ထမ်းများကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ BAK တာဝါရှေ့မှာ ရှိတဲ့ Samsung Show Room က ဟမ်းဆက်အမျိုးမျိုး၊ တက်ဘလက်များ၊ အီလက်ထရွန်းနစ် ပစ္စည်းများဖြစ်တဲ့ ရေခဲသေတ္တာ၊ အဝတ်လျော်စက်၊ တီဗွီ စတာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတယ်လို့ ပြောပါတယ်။

အဲဒီလို ရောင်းချပေးရာမှာ ဝယ်ယူလိုတဲ့ ဝန်ထမ်းများအနေနဲ့ ဝယ်ယူခွင့် ရရှိရန်အတွက် ယူဆောင်လာရမယ့် အထောက်အထားများဟာ ကိုယ်တိုင်ဝယ်ယူခွင့် လျောက်လွှာ၊ မှတ်ပုံတင်မိတ္တူ (မူရင်း) တစ်လအတွင်း ရယူထားတဲ့ ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံချက်၊ (ရဲစခန်း- ရယက) အိမ်ထောင်စုစာရင်း မိတ္တူ (မူရင်း)၊ (ရန်ကုန်တိုင်းဒေသကြီးရဲ့ အိမ်ထောင်စုစာရင်း ဖြစ်ပါက) အိမ်ထောင်စုစာရင်း မိတ္တူ (မူရင်း)၊ (နယ်အိမ်ထောင်စုစာရင်း ဖြစ်ပါက) အိမ်ထောင်စုစာရင်း မိတ္တူ (မူရင်း) (သို့) အိမ်ငှားစာချုပ် (သို့) တစ်လအတွင်း ရယူထားသော ရဲစခန်း ထောက်ခံချက်၊ တစ်လအတွင်း ရယူထားသော ရုံး၊ ဌာန၊ ကုမ္မဏီဝန်ထမ်း ဖြစ်ကြောင်း ထောက်ခံချက်၊ (အလုပ် လုပ်ကိုင်နေကြောင်း) အခြေခံလစာ ဖေါ်ပြရန် (အနည်းဆုံး အခြေခံလစာ တစ်သိန်းကျပ်အထက် ဖြစ်ရမည်) အာမခံပေးမယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ (မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူ (မူရင်း) (အလုပ်လက်ရှိ ဖြစ်ရမည်) လို့ ပြောပါတယ်။
ဒါ့အပြင် ကိုယ်ပိုင်အလုပ် လုပ်ကိုင်သူများလည်း ဝယ်ယူနိုင်ပြီး ဝယ်ယူမယ့်သူများ ယူဆောင်လာရမယ့် အထောက်အထားများကတော့ ကိုယ်တိုင်ရေး ဝယ်ယူခွင့်လျောက်လွှာ၊ မှတ်ပုံတင်မိတ္တူ (မူရင်း)၊ တစ်လအတွင်း ရယူထားတဲ့ ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း မိတ္တူ (မူရင်း)၊ (ရန်ကုန်တိုင်းဒေသကြီးရဲ့ အိမ်ထောင်စုစာရင်း ဖြစ်ပါက) အိမ်ထောင်စုစာရင်း မိတ္တူ (မူရင်း)၊ (နယ်အိမ်ထောင်စုစာရင်း ဖြစ်ပါက) ယာယီ အိမ်ထောင်စုစာရင်း မိတ္တူ (မူရင်း) (သို့) အိမ်ငှားစာချုပ် မိတ္တူ (မူရင်း) (သို့) တစ်လအတွင်း ရယူထားတဲ့ ရဲစခန်းထောက်ခံချက်၊ တစ်နှစ်အထက် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေကြောင်း အထောက်အထား လက်မှတ် (သို့) လိုင်စဉ်မိတ္တူ (မူရင်း) တို့ကို ယူဆောင်လာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝယ်ယူလိုတဲ့သူများ အနေနဲ့ ဝယ်ယူမည်ဆိုပါက ဖေါ်ပြပါ အထောက်အထားများနဲ့အတူ အထက်ပါ Show Room မှာ လာရောက် လျှောက်ထားကြရမှာ ဖြစ်ပြီး လျောက်လွှာကြေး ငွေအဖြစ် ပထမဦးစွာ ၅၀၀၀ ကျပ် ပေးသွင်းကြရမှာ ဖြစ်ပြီးတော့ ဝယ်ယူခွင့် လျှောက်ထားသူများကို ဝယ်ယူခွင့်ရရှိကြောင်း အမြန်ဆုံး ၃ ရက်နဲ့ နောက်အကျဆုံး ၁ ပတ်အတွင်း ဝယ်ယူခွင့်ကို အဆိုပါ Show Room ကနေ အကြောင်းပြန်ကြားပေးမှာ ဖြစ်ပြီး၊ မိမိတို့ ဝယ်ယူတဲ့ ပစ္စည်းများရဲ့ တန်ဖိုးငွေကိုတော့ စီဘီဘဏ်နဲ့ ချိတ်ဆက်ထားတာကြောင့် စီဘီဘဏ်မှာ လစဉ် သွားရောက် ပေးသွင်းကြရမှာ ဖြစ်တယ်လို့ ဆိုကာ ဝယ်ယူမယ့် ပစ္စည်းများထဲက Mobile ဆိုပါက ၆ လ၊ ၁၂ လ ပေးသွင်းခွင့်ပြုပြီး၊ Electronic ပစ္စည်း ဆိုပါက ၆ လ၊ ၁၂ လ၊ ၁၈ လ၊ ၂၄ လ အထိ ပေးသွင်းခွင့် ပြုသွားမှာ ဖြစ်ပါတယ်၊ အတိုးနှုန်းကိုတော့ ပေးချေရမယ့် ငွေပမာဏအပေါ် ၁ ကျပ် ပြား ၄၀ နှုန်းနဲ့ သတ်မှတ်မှာဖြစ်ပြီး ဝယ်ယူသူ တစ်ဦးကို တစ်ကြိမ်မှာ ကျပ်ငွေ ငါးသိန်းဖိုးအထိသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ အဆိုပါ Show Room က အရောင်းမြှင့်တင်ရေး ဝန်ထမ်းဖြစ်သူ ကိုမင်းသန့်က ပြောပြလို့ သိရပါတယ်။

 
Ref & Credit to Yatanarpon News

Post a Comment

 
Top