0
ရန်ကုန် ဇူလိုင် ၅
မြန်မာနိုင်ငံမှ ရော်ဘာ ကုန်ကြမ်းများကို ယခင်ထက် ပိုမို ထုတ်လုပ်လျက် ရှိရာ ဈေးကွက် တိုးချဲ့သည့် အနေဖြင့်အနောက် နိုင်ငံများသို့ ကုန်ကြမ်း နမူနာများ ပေးပို့ထားပြီး ယင်း နိုင်ငံများ၏ ရော်ဘာ ဈေးကွက် အတွင်းသို့ တင်ပို့နိုင်ရန် အလားအလာ ရှိနေကြောင်း ရော်ဘာ စိုက်ပျိုးသူများ ထံက သိရသည်။

ရော်ဘာသည် ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိကာ မွန်ပြည် နယ်တွင် အဓိက ထွက်ရှိပြီး စိုက်ပျိုးမြေ ဧရိယာပေါင်း တစ်သိန်း ရှစ်သောင်းကျော် ရှိသည်။
နိုင်ငံခြား ဈေးကွက်သို့ ရော်ဘာ စတင် တင်ပို့မှုကို ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး ကုန်ကြမ်းများကို ရေလမ်း ခရီးဖြင့် စင်ကာပူနှင့် မလေးရှား နိုင်ငံများသို့ တင်ပို့ခဲ့ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံ များသို့လည်း နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တင်ပို့ပေးလျက် ရှိသည်။
ယခုနှစ် ပထမ လေးလတာ ကာလ၌ မြန်မာ့ ရော်ဘာ ကုန်ကြမ်း မက်ထရစ်တန် ကိုးထောင်ခန့် တင်ပို့နိုင် ခဲ့ပြီး တင်ပို့သည့် နိုင်ငံများမှာ တရုတ်၊ စင်ကာပူနှင့် မလေးရှား နိုင်ငံတို့ ဖြစ်သည်။ ဆက်လက်၍ အနောက် ဥရောပ နိုင်ငံများ ဖြစ်သော သြစတြေးလျ၊ ဒိန်းမတ်၊ ဂျာမနီနှင့် နယူးဇီလန် နိုင်ငံများသို့လည်း ဈေးကွက် တိုးချဲ့ရန် ကြိုးစားလျက် ရှိသည်။ မြန်မာနိုင်ငံ၏ ရော်ဘာကုန်ကြမ်း ထုတ်လုပ် တင်ပို့မှုမှာ ၂ဝ၁၂ ခုနှစ်က တန် ကိုးသောင်းကျော် ရှိခဲ့ရာမှ ယခုနှစ်တွင် တန် တစ်သိန်း ငါးသောင်းခန့် ထုတ်လုပ် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

မြ၀တီ

Post a Comment

 
Top