အာဇာနည်နေ့ တွင်အာဇာနည်ခေါင်းဆောင်ကြီး များကို ဥသြဆွဲဂုဏ်ပြုသင့်မသင့် ကို ၀ါရင်နိုင်ငံရေးဆောင်ရွက်သူ အချို့နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါ သည်။ ပြည်ထောင်စုလွှတ်တော် တွင် အမျိုးသားဒီမိုကရေစီသစ် ပါတီမှ ဦးသိန်းညွန့်က တင်ပြခဲ့ သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ဦးဝင်းတင်း (အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (နာယက)) အာဇာနည် ပုဂ်္ဂိုလ်ကြီးတွေကြောင့် တိုင်းပြည် ဟာလွတ်လပ်ရေးရခဲ့တယ်။ စွန့် လွတ်စွန့်စားလုပ်ခဲ့တဲ့ ဒီပုဂ်္ဂိုလ်ကြီး တွေကို အစဉ်အဆက်ဂုဏ်ပြုခဲ့ တာ (၄၇) ခုနှစ်ကတည်းက စတင် ခဲ့တယ်။ အသိမှတ်ပြုတယ်ဆိုတာ စိတ်ထဲမှာရှိပြီး စာရွက်ထဲမှာ ရေး ရုံနဲ့ မပြီးဘူး။ လက်တွေ့ကျင့်သုံး ဖို့လိုတယ်။ ပြည်သူတွေဟာ အာဇာနည်ဗိမာန်ကို တစ်နေ့လုံး သွားရောက်ဂါဝရပြုလို့ရတယ်။ ဒီလိုဂါဝရပြုတာတွေ အပြင် အာဇာနည်တွေ ကျဆုံးခဲ့တဲ့ဇူလိုင် (၁၉) ရက် နံနက်ဆယ်နာရီသုံး ဆယ်ခုနှစ်မိနစ်မှာ အသံပြုဥသြ ဆွဲပြီးတော့ တစ်တိုင်းတစ်ပြည်လုံး အလေးပြုနိုင်ဖို့လိုအပ်တယ်။ ဒါဟာအမြင့်မားဆုံးအသိမှတ်ပြု ခြင်းဖြစ်တယ်။ အသိမှတ်ပြုတဲ့ အနေနဲ့ ရပ်တန်ဖို့က များများစား စားမဟုတ်ဘူး။ (၂) မိနစ်လျှော့ ခြင်းတယ်ဆိုရင်လည်း ညှိရမှာ ပေါ့။ ရန်ကုန်လိုနေရာမျိုးမှာသွား ရေးလာရေးတွေကြပ်တည်းနေ တယ်။ ပြည်သူလူထုရဲ့ ရပ်တန့် သွားစေမယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒါပေမဲ့ တစ်ခုရှိတာက တစ်နှစ်မှာ တစ် ရက်၊ တစ်ရက်မှာ တစ်မိနစ်ထဲရှိ တာလေးကို အလေးမထားဘဲနေ ရမှာလား။ ကျွန်တော်အနေနဲ့ အာဇာနည်နေ့ကို ဥသြဆွဲတာကို ရပ်လိုက်ကတည်းက သဘောမတူ ဘူး။ ဒီနေ့ထိလည်း သဘောမတူ ဘူး။ ကျွန်တော်ယုံကြည်တာက တော့ အာဇာနည်နေ့ကို ဥသြဆွဲ ဖို့လိုတယ်။ ဒီနေ့လွှတ်တော်ထဲမှာ ဥသြဆွဲဖို့ကို တင်ပြတာလည်း မအောင်မြင်ဘူး။ ဥသြဆွဲတာတွေ လုပ်ခြင်းဖြင့် ပြည်သူတွေနဲ့ သွား ရေးလာရေးဟာရပ်တန့်သွားမယ် လို့တစ်မိနစ်ကိစ္စလေးကို ၀န်ကြီး ကပြောနေတယ်။ အစိုးရကပြော နေတဲ့ ကိစ္စဟာခိုင်လုံတဲ့အကြောင်း ပြချက်မဟုတ်ဘူး။ နှစ်ပေါင်းများ စွာလုပ်လာတဲ့ဟာကို စစ်အစိုးရ လက်ထက်ကြမှ ဥသြဆွဲတာကို ရပ်လိုက်တာ။ ဒီနေ့အစိုးရဟာ စစ်အစိုးရသဘောထားအတိုင်းပဲ ဆက်ပြီး မကျင့်သုံးသင့်တော့ဘူး။ စစ်အစိုးရဲ့ သဘောအတိုင်းရပ် တည်နေမယ်ဆိုရင် ဒီနေ့အစိုးရနဲ့ စစ်အစိုးရဟာစိတ်ထားတစ်ခုတည်း ရပ်တည်ချက်တစ်ခုထဲလို့ပြောစရာ တွေဖြစ်လာမှာပဲ။ စစ်အစိုးရ တက်လာပြီးအချိန်မှာ ကျောင်း တွေရုံးခန်းတွေမှာ ဗိုလ်ချုပ်ပုံမချိတ် ရတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ အမည်ကိုတောင်မသုံးဖို့ ဂျာနယ်တွေမှာ ပိတ်ပင်ခဲ့တယ်။ အခုအချိန်မှာတော့ အားလုံးလွတ်လွတ် လပ်လပ်ဓာတ်ပုံတွေလည်း ချိတ် လို့ရပြီး အမည်ကိုလည်းဖော်ပြ လို့ရနေပြီးပဲ။ အခုလွှတ်တော်မှာ ရှင်းသွားတာက ပြည်သူတွေရဲ့ အကျိုးစီးပွားရေးအရလို့ပြောတယ်။ အဲဒီမှာ မေးစရာရှိလာတယ်။ ပြည်သူတွေအတွက်အစဉ်မပြေ တာလား။အုပ်ချုပ်သူတွေအဆင် မပြေတာလား။ သူတို့အဆင်မပြေ တိုင်းပြည်သူတွေ အဆင်မပြေတာ တော့မဖြစ်နိုင်ဘူး။ အုပ်ချုပ်သူ တွေကိုယ်တိုင်အလေးပြုတဲ့ထဲမှာ ရောပါရဲ့လား။ ပြည်သူတွေက တော့ မိနစ်အနည်းငယ်ရပ်ပေးရ တာကို ဘယ်သူမှကန့်ကွက်ကြမှာ မဟုတ်ပါဘူး။ အစိုးရနဲ့ အာဏာ ပိုင်တွေဘက်ကဘဲကန့်ကွက်မယ်။ သူတို့တွေမလိုက်နာနိုင်လို့ပြည်သူ တွေကြားထဲမှာ ဘာပဲလုပ်လုပ် လုပ်လို့ရတယ်။ သူတို့ယုံကြည် တာကို သူတို့လုပ်ကြပါ။ ဒါပေမဲ့ ပြည်သူတွေယုံကြည်တာကိုတော့ မပိတ်ပင်သင့်ဘူး။ သူတို့တွေ အဆင်မပြေတိုင်းပြည်သူတွေ အဆင်မပြေဘူးလို့ပြောတာတော့ မဖြစ်သင့်ဘူး။ ကျွန်တော်အနေနဲ့ အာဇာနည်နေ့မှ ဥသြဆွဲခြင်းကို ထောက်ခံတယ်။ ဥသြဆွဲဖို့လည်း တောင်းဆိုတယ်။ လွှတ်တော်ထဲ မှာ နိုးနိုးပြောရုံနဲ့ မပြီးဘူး။ ဒါတွေ ကို ပြန်စဉ်းစာပါ။ အစိုးရအနေနဲ့ လည်း ခွင့်ပြုရင်တော့ကောင်းမယ် လို့ယုံကြည်ပါတယ်။
ဦးကိုကိုကြီး (၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူအဖွဲ့စည်း)
ကျွန်တော်တို့ကျောင်းသား ဘ၀ကတည်းက အာဇာနည်နေ့ ဆိုရင်လူငယ်တွေကြားထဲမှာပါ အားလုံးဖြစ်တယ်။ ရေဒီယိုကနေ ဥသြဆွဲပြီးသီချင်းဆိုပြီဆိုရင် မျက်ရည်တွေဝဲခဲ့ရပါတယ်။ ကျွန်တော်ဆိုလိုချင်းတာက ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုဖို့၊ ကျေးဇူးရှိတဲ့ လူတွေကို ကျေးဇူး သိတတ်ဖို့ဆိုတာဟာ နိုင်ငံသား အားလုံးတွေအတွက် အင်မတန် အရေးကြီးတယ်။ အခုအာဇာနည် နေ့ပဲဖြစ်ဖြစ် ပြီးခဲ့တဲ့စစ်အစိုးရ လက်ထက်မှာက လူစုမှာကိုကြာက်တယ်။ လူစုစုလုပ်ရင်လုံခြုံ ရေးပြဿနာလို့မြင်တာ။ အခုလို အချိန်မှအားလုံးပါဝင်နိုင်အောင် နိုင်ငံတော်သမ္မတကိုယ်တိုင်တိုက် တွန်းပြီး ပြောနေပြီဆိုတော့ ဒါတွေ ဟာကောင်းတဲ့ လက္ခဏတွေပါ။ အာဇာနည်နေ့တွေ အရင်တုန်း ကလို ပြန်ဖြစ်လာဖို့မျှော်လင့်တယ်။ အဲဒီလိုဖြစ်လာရင်နောင်မျိုးဆက် လူငယ်တွေမှာရဲ့ ရင်ထဲမှာမှတ်မှတ် ရရဖြစ်နေဖို့လိုတယ်။ ကျွန်တော် တို့တုန်းက ရောက်တဲ့နေရာမှာ ရပ်ပြီးအလေးပြုတတ်ဖို့ကို မိဘ တွေဘိုးဘွားတွေက ကျွန်တော်တို့ ကို သွန်သင်ဆုံးမခဲ့တယ်။ ကျွန်တော်ကလည်း ကျွန်တော် ညီလေးတွေ တူ၊ တူမလေးတွေကို ပြန်ပြီးပြောပြချင်တယ်။ ဒီနေ့ဒီ ရက်မှ အာဇာနည်ပုဂ်္ဂိုလ်ကြီးတွေ က ဘာကြောင့်အသက်စွန့်ပြီး တော့ တိုင်းပြည်အတွက်အနစ်နာ ခံခဲ့တယ်ဆိုတာကို ထင်ထင်ရှားရှား ဖြစ်စေနိုင်တဲ့ အသိမှတ်ပြုမှုကို ပြန်ပြီးတော့ ဖော်ထုတ်စေချင်း တယ်။
ဦးအောင်သိန်း (ရှေ့နေကွန်ရက်)
ကျွန်တော်တို့တောက်လျှောက် အာဇာနည်နေ့ပတ်သက်ပြီးတော့ ဥသြဆွဲခဲ့တာတွေက (၈၈) ခုနှစ် ထိရှိခဲ့တယ်။ ဥသြဆွဲတဲ့ အထိမ်း အမှတ်က၀မ်းနည်းကြေကွဲခြင်းကို ဖော်ပြခြင်းဖြစ်တယ်။ နိုင်ငံခေါင်း ဆောင်တွေ လုပ်ကြံခံရတဲ့အတွက် တစ်တိုင်တစ်ပြည်လုံးပူဆွေးသော ကရောက်ရတယ်ဆိုတဲ့ အခြေပြု ပြီး မှတ်မှတ်ရရသတိထားမိအောင် နောင်လာနောင်သားမျိုးဆက်တွေ သိအောင်ဒီလိုအဖြစ်မျိုးတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ကြုံခဲ့ရတယ်။ အဲဒီလိုကြုံခဲ့တာ တွေကို နောင်မဖြစ်ပေါ်ရေးအတွက် လူထုတွေနဲ့ ခေါင်းထဲကိုဝင်နေဖို့ ဒီလိုနိုင်ငံရေးလုပ်ကြံမှုတွေပေါ် ပေါက်လာတတ်တယ်ဆိုတဲ့ အသိ တရားတွေခေါင်းထဲရှိနေဖို့ ဆင် ဆင်ခြင်ခြင်နေဖို့အတွက် တပ်လှန့် ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါကြောင့်ဥသြဆွဲတာကိုလုပ်သင့် လုပ်ထိုက်တဲ့ကိစ္စလို့မြင်တယ်။ ဒီလိုဟာမျိုးကိုလည်း မပိတ်ပင် သင့်ပါဘူး။ ဟိုတုန်းကဆိုရင် သင်္ဘောတွေ ရထားတွေကားတွေ က ဥသြဆွဲကြတာပဲ။ ဒီလိုဥသြ ဆွဲလို့ ပြဿနာတွေဖြစ်ခဲ့တယ်။ လူတွေအထိတ်အလန့်ဖြစ်ခဲ့တယ် ဆိုတာမကြားဘူး။ အမှတ်တရ ဆိုတာတော့ဖြစ်သွားခဲ့တယ်။ ဥသြသံကြားလို့လူတွေဟာ ရပ်ပြီး အလေးပြုတယ်ဆိုတဲ့ အစဉ်လာ ကောင်းတွေဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အားကျိုးမာန် တက်လုပ်ခဲ့တဲ့ အာဇာနည်ခေါင် ဆောင်ကြီးတွေကို လူထုက အလေးထားတယ်ဆို့တဲ့ သဘော သက်ရောက်ပါတယ်။ အာဇာနည် ကုန်းတောင်ပြန်ဖွင့်ပေးနေပြီတဲ့။ ဥသြဆွဲတာကိုဘယ်အဖွဲ့ကမှ ကန့်ကွက်တာမလုပ်သင့်ဘူးလို မြင်တယ်။
ဦးကျော် (အမျိုးသာဒီမိုကရေစီ ပါတီသစ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
အာဇာနည်ခေါင်းဆောင်တွေ ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ တကယ်ကို စွမ်းစွမ်းတမံနဲ့ ဉာဏ် စွမ်းရှိသမျှဦးဆောင်ဦးရွက်ကြိုးစား ခဲ့ကြတယ်။ ဒီလိုကြိုးစားခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးရခင်အသက် စွန့်ပြီး တိုက်ပွဲဝင်သွားတယ်။ ဒီခေါင်းဆောင်ကြီးတွေကို ခေတ် အဆက်ဆက်ဂုဏ်ပြုဂါဝရပြုခဲ့ တယ်။ ပြည်သူလူထုကိုအလေးပြု ဖို့အတွက် နိုင်ငံတော်ကနေဥသြ ဆွဲပေးခဲ့တယ်။ အဲဒီလို့ဥသြဆွဲတဲ့ အစီအစဉ်ကို ၈၉ ခုနှစ်မှာ အာဇာနည် ကြီးတွေရဲ့ အခန်းကဏ္ဍကိုတာဝန် ရှိသူတွေက ဘယ်လိုသဘောထား ပြီး ပိတ်လိုက်တယ်ဆိုတာတော့ မသိပါဘူး။ ဒီလိုအာဇာနည်ခေါင်း ဆောင်ကြီးတွေကို ဂါရ၀ပြုဖို့ အတွက် ဥသြဆွဲဖို့အမှန်တကယ် လိုအပ်ပါတယ်။ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌဦးသိန်းညွန့်က လွှတ်တော်မှာတင်ပြတာကို ပြန်ကြားရေး (ဒု) ၀န်ကြီးက ဘာပြောသွားသလဲဆိုရင် နိုင်ငံ တွေ ကိုးကားပြီး ဘယ်နိုင်ငံတွေ မှာ မလုပ်ဘူး။ သူပြောသွားတဲ့ နိုင်ငံတချို့ဟာ အာဏာရှင်နိုင်ငံ တချို့ဖြစ်နေတာကို သတိထား မိပါတယ်။ အဲဒီတော့ သူများ နိုင်ငံတွေမလုပ်တာကိုကိုယ်လည်း မလုပ်ဘူးဆိုတာဘာလဲ။ သူများ နိုင်ငံတွေမလုပ်တာသူတို့နိုင်ငံရဲ့ ကဏ္ဍပေါ့။ ကိုယ်နိုင်ငံမှာတော့ ကိုရဲ့အာဇာနည်ခေါင်းဆောင် တွေကိုတော့ အလေးထားရမယ်လို့ ပြောချင်တယ်။ ဒီလိုပြန်ဖြေကြား ချက်ကိုလက်မခံဘူး။ ဒါကြောင့် အာဇာနည်ကြီးတွေကို တကယ် ကြည်ညိုတကယ်လေးစားတယ် ဆိုရင်အစဉ်အလာမပျက်ပြန်လုပ် စေချင်တယ်။ အာဇာနည်ကြီး များကျဆုံးတဲ့ ဆယ်နာရီသုံးဆယ့် ခုနှစ်မိနစ်မှဥသြဆွဲသင့်တယ်လို့လေး လေးနက်နက်ယုံကြည်ပါတယ်။
မျိုးကျော်
Post a Comment